PDFတွေရဲ့မြေမြုတ်မိုင်းတွေကြောင့် သေဆုံး၊ဒါဏ်ရာရပြည်သူများပြား

မြန်မာမှာ မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်‌ေ-သဆုံးရသူ ၁၇၀ ရာခိုင်နှုန်း မြင့်တက်-ကုလသမဂ္ဂ 

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် က-လေ-းငယ်တွေအပါအဝင် အရပ်သားတွေ ‌ေ-သဆုံး(သို့) ကိုယ်လက်အင်္ဂါဆုံးရှုံးရသူဦးရေဟာ ယခင်နှစ်ကထက် နှစ်ဆကျော် မြင့်တက်ခဲ့ပြီး ၁၀၅၂ ဦးရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီကကြာသပတေးနေ့(ဧပြီ ၄) မှာ ပြောဆိုပါတယ်။ 
မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲပစ္စည်း အကြွင်းအကျန်တွေကြောင့် ၂၀၂၂ ခုနှစ်မှာ ထိခိုက်‌ေ-သဆုံးသူ ၃၉၀ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်အတွင်း ၁၈၈ ဦး ‌ေ-သဆုံးကာ ၈၆၄ ဦး ဒဏ်ရာရခဲ့ပြီး ၁၇၀ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့တယ်လို့ ယူနီဆက်က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က မြေမြုပ်မိုင်းတွေကြောင့် သားကောင်ဖြစ်ရသူတွေထဲမှာ က-လေ-းသူငယ်အရေအတွက်က ၂၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Post a Comment

Previous Post Next Post