အကြမ်းဖက်များရဲ့လုပ်ရပ်ကြောင်းရုပ်ဆိုးခဲ့ပြီ

ပြည်သူအတွက်ဟုကြွေးကြော်ကာ ပြည်သူ့အတွက်လှုပ်ရှားနေသည်ကာကွယ်နေသည်ဟု အကြောင်းပြချက်ဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင် နေသည့် PDF တပ်ဖွဲ့များ ပစ်လိုက်သည့်  ၁၀၇ မမ ရှော့တိုက်ဒုံးသည် ယနေ့ည ၉ နာရီ ကျော်ကျော် အချိန်ခန့်တွင် ပြင်ဦးလွင် ဆေးရုံကြီးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံကုသဆောင်ပျက်ဆီးကာ ဆေးကုသရန် လာရောက်နေသည့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့အရပ်သားတစ်ဦး သေဆုံးခဲ့ကာ၊ အပြင်းအထန်ဒဏ်ရာရခဲ့သူ တစ်ဦးရှိကြောင်း သတင်းများအရသိရှိရပါသည်။

PDF အကြမ်းဖက် တွေရဲ့ လုပ်ရပ်တွေဟာ ရောဂါဖြစ်လို့ ဆေးရုံလာတက်နေတဲ့ ရောဂါသည် တွေထိခိုက် သေဆုံးခဲ့ရတာတော့ အင်မတန်စက်ဆုပ်ရွှံရှာဖွယ်ကောင်းပြီး ဝမ်းနည်းရပါတယ်။
PDF အကြမ်းဖက်များ၏လုပ်ရပ်များကို ရှုတ်ချပါတယ်။ ငြိမ်းချမ်းတဲ့ပြင်ဦးလွင်မြို့လေးဟာ သင်္ကြန်ကာလမှာ သာယာနေတာ အကြမ်းဖက်များရဲ့လုပ်ရပ်ကြောင်းရုပ်ဆိုးခဲ့ပြီ။
#DGF21News

Post a Comment

Previous Post Next Post