မြန်မာပြည်ကိုဒုက္ခအကြီးအကျယ်ပေးအနိုင်ကျင့်နေတဲ့တရုတ်



အများပြည်သူအားလုံးနဲ့ဆိုင်တဲ့သကြန်ပွဲတော်မှာ
မဏ္ဍပ်ကိုဗုံးခွဲတယ်အမျာပြည်သူလူထုတွေထိခိုက်ဒဏ်ရာရတယ်။
မြို့ကိုရှော့တိုက်ဒုံးနဲ့ပစ်တယ်
ဆေးရုံကိုမှန်တယ်လူနာတွေထိခိုက်ဒဏ်ရာရတယ်။
ဘုန်းကြီးကျောင်းကိုမှန်တယ်သံဃာ်တွေထိတယ်သာမာန်လူတွေထိတယ်ဘာမဆိုင်ညာမဆိုင်သေကြရတယ်။


အစ္စရေးဘာသာရေးပွဲတော်ရက်မှာဟားမတ်စ်အကြမ်းဖက်တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်တယ်။အစ္စရေးပြည်သူတွေအမြောက်အများသေကြေရသလိုပြည်သူလူထုကိုဓါးစာခံအဖြစ်ဖမ်းတာခံလိုက်ရတယ်။
အစ္စရေးကဟားမတ်အကြမ်းဖက်ဒေသဂါဇာကိုအပြင်းထန်ဆုံးအရက်စက်ဆုံးလက်တုန့်ပြန်တယ်။


မြန်မာပြည်ကိုဒုက္ခပေးနေတာတရုတ်ထုတ်၁၀၇မမ
ရှော့တိုက်ဒုံးတွေ။
အကြမ်းဖက်သူပုန်တွေကတရုတ်ထုတ်၁၀၇မမရှော့တိုက်ဒုံးတွေနဲ့စစ်ရေးနဲ့မသက်ဆိုင်တဲ့အများပြည်သူနေရာဆေးရုံဘာသာရေးကျောင်းတွေကိုအကြမ်းဖက်တိုက်ခိုက်နေပြီ။
ဒီလိုတရုတ်ထုတ်လက်နက်တွေနဲ့အများပြည်သူကို
ပစ်ခတ်သတ်ဖြတ်နေတဲ့ကိစ္စကိုတရုတ်ကိုသံတမန်လမ်းကြောင်းကနေပြင်းပြင်းထန်ထန်ကမ္ဘာသိကန့်ကွက်ကြသင့်တယ်။
ထို့အတူဘဲအကြမ်းဖက်သောင်းကျန်းသူကိုလည်းပြင်းပြင်းထန်ထန်တန်ပြန်ချေမှုန်းကြသင့်ပြီ။
နယ်မြေထဲမှာအကြမ်းဖက်ကင်းစင်ရေးမြေလှန်ရှင်းသင့်ရှင်းသင့်ပြီ။
တရုတ်ကထုံးစံအတိုင်းသူမပါဘူးဗျောင်ဖင်ပိတ်ငြင်းမှာဘဲ။တရုတ်မပါရင်တရုတ်ထုတ်လက်နက်တွေကဖေါခြင်းသောခြင်းအကြမ်းဖက်သောင်းကျန်းသူတွေဆီမှာဘာလို့ရောက်နေလဲ?
လက်နက်ထိန်းချုပ်ရေးကိုဘာလို့မလုပ်သလဲ?
မြန်မာပြည်တွင်းသူပုန်တွေကသူတို့ဟာသူတို့ထုတ်တာပါဆိုရင်လဲနစကကပြည်တွင်းသူပုန်လက်နက်စက်ရုံတွေဘာလို့မဖြိုဖျက်ဘဲဒီနေ့ထိငုတ်တုတ်ထိုင်ကြည့်နေတာလဲ?
ပြည်သူလူထုတယောက်အနေနဲ့မခံချင်လွန်းလို့ပြောမဲ့သာပြောရတာ....လက်ရှိနစကနဲ့တပ်ကတော့
တရုတ်မြွေအလ္လမ္မါယ်ဆရာပခြုတ်ထဲရောက်နေတဲ့
မြွေတွေလိုဘဲဆိုတာလည်းသဘောပေါက်နေတယ်။
==================
နစကသတင်းထုတ်ပြန်ရေးဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ထုံးစံအတိုင်းသတင်းကိုဟိုမရောက်ဒီမ​ေရာက်ပြောထားပေမဲ့ဒီ၁၀၇မမတွေဘယ်နိုင်ငံလုပ်လက်နက်တွေဆိုတာထည့်ပြောသွားတာမတွေ့ပါဘူး။

Post a Comment

Previous Post Next Post