တပည့်လိမ္မာ ဆရာ အရူး

ဒီသတင်းကြားတာနဲ့ ရှေးလူကြီးတွေရဲ့ စကားကို သတိရတယ်။ တပည့်လိမ္မာ ဆရာ အရူး တဲ့။ အကြမ်းဖက် သူရိန်ရဲ့ တပည့် ထင်ကျော်(ဘဏ္ဍာရေးတာဝန်ခံ)က (PNLA) အဖွဲ့ရဲ့ ငွေ သိန်း ၃၀၀၀ နဲ့ လက်နက်ခဲယမ်းတွေ ယူပြီးထွက်ပြေးသွားတယ်လို့သိရတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် အကြမ်းဖက်သူရိန်ရဲ့ လက်အောက်မှာ ဆက်မလုပ်ချင်တော့တဲ့သူနဲ့ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်နေတဲ့ အလုပ်ကို မလုပ်ချင်တော့တဲ့ဗိုလ်တွေ ဗိုလ်ကြီးတွေ အများကြီးရှိနေပြီး အချို့ဆိုရင် ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရတယ်။ 

ထင်ကျော် ကတော့ အကြမ်းဖက် သူရိန်က  ပြည်သူလူထုဆီက ကောက်ခံထားတဲ့ ဆက်ကြေးတွေ၊ ကားခွန်၊ ဆိုင်ခွန် တွေကို အဓိက တာဝန်ယူကောက်ခံပေးရတဲ့သူဖြစ်တယ်။ အခုတော့ အဒီငွေတွေကို ယူပြီး ထင်ကျော် ထွက်ပြေးသွားတယ်လို့သိရတယ်။ ဘယ်ကိုထွက်ပြေးသွားမှန်းမသိပေမယ့် ထင်ကျော် ကို အသည်းအသန်လိုက်ရှာနေကြတယ်လို့သိရတယ်။

#သံတော်ဆင့်

Post a Comment

Previous Post Next Post