ကမ္ဘာ့အဆင့် (၃၅) Myanmar Army.



#စစ်ရေးသုံးသပ်ချက်နှင့်သူပုန်အကြောင်းသိကောင်းစရာ။

#လက်ရှိဖြစ်နေတဲ့စစ်ပွဲက
တပ်မတော်ကျဆုံးမှူထက်

#အကြမ်းဖက်တွေသေတာ
ဒီထက်ပိုများပါတယ်။

#မြေပြင်အခြေအနေကတော့
ကိုယ်ခံရတာရှိသလို
ကိုယ်ရတာတွေလည်းအများကြီးရှိပါတယ်။

#မီဒီညာတွေရဲ့ သတင်းတွေအောက်မှာ စိတ်ဓာတ်ယိုင်နဲ့မသွားဖို့လို့တယ်။

#ဒီပွဲက စိတ်ဓာတ်ပါ ပြိုင်တဲ့ပွဲမို့ပါ
စစ်ရေးအရ တပ်မတော်က ထိန်းချုပ်ထားပါတယ်။

#သို့ပေမဲ့......

#စစ်ရေးကကျယ်ပြန့်လှပါတယ်
အချိန်တန်ရင်တော့ သိကြရမှာပါ။

#အလုံးစုံ ကို တပ်မတော်နဲ့အစိုးရက မထိန်းချုပ်ထားဘူးဆိုရင် ဒီနေ့ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။

#အကြောင်းအကျိုး ကြီးငယ်တွေ ရှိလာနိုင်ပါသေးတယ်။

#ခံနိုင်ရေရှိအောင်ကြိုးစားရမယ်
ပူးပေါင်းတိုက်ဖျက်နိုင်ရမယ်။

#သတင်းအများစုဟာ အမှားများများဖြစ်နေတာကြောင့် သတင်းစားသုံးသူတွေ ကပင်လျှင် အမှားကြာ အမှန်လိုထင်နေကြပါတယ်။

#ကိုယ်တိုင်ဆန်းစစ်ရှာဖွေကြပါ
အမျိုးသားအသိအမြင်တိုးပွားကြပါ
နိုင်ငံချစ်စိတ်ရှိကြပါစေ။

#အားလုံးစည်းလုံးကြပါ
အခုအချိန်က ရန်သူကို
Weight လျှော့နေတဲ့အချိန်
လိုက်တိုက်ရင် ပတ်ပြေးတာနဲ့ မရဘူး။

#ဒီတော့ ခံစစ်နဲ့ စစ်ခေါ်ပြီး ရန်သူ့အင်အားကို ပြုန်းတီးစေလိုက်တယ် ပြီးရင်ခွာစစ်နဲ့ ရှောင်ပေးလိုက်တယ်။

#တပ်တွေ လှုပ်ရှားအနားပေးထားတယ်
စစ်ပန်းမခံဘူး။

#TNLA/ KIA/ AA/ MNDAA က ဝိတ်လျှော့ပေးမှရမယ်။

#ရန်သူ့ထိုးစစ်အရှိန်တန့်သွားတာနဲ့ တန်ပြန်ထိုးစစ်ပြန်လိမ့်မယ်။

#ကြားကာလမှာ ရန်သူ့ဗဟိုပြုအင်အားစုနေရာတွေကို တိုက်ပွဲဖော်ရမယ်။

#လေကြောင်းတိုက်ခိုက်မှူတွေ လက်နက်ကြီးပစ်ခတ်မှူတွေနဲ့ ခြိမ်းခြောက်ရမယ်။

#ရန်သူက လူမရှိတဲ့ မြို့ပျက်ကြီးကိုပဲ ရလိမ့်မယ် ရန်သူက စခန်းမထိုင်ရဲဘူး။

#နိုင်ငံတကာ စစ်ဥပဒေအရဆို မိမိတပ်မတော်က ခံစစ်မိမိကစတင်ရန်ပြုတာမဟုတ်ဘူး။

#TNLA ဘာရမလဲ?
ပလောင်နယ်မှာ ပြို့ပျက်ကြီးပဲရမယ်၊

#AA ဘာရမလဲ?
ရခိုင်နယ်မှာ မြို့ပျက်ကြီးပဲရမယ်။

#စစ်ကိုဖိတ်ခေါ်ရင် စစ်ပွဲလာမယ်
ငြိမ်းချမ်းရေးကသာ အနှစ်သာရ

#တပ်ကလိုက်တိုက်ရင် ပြည်သူတွေပြေးရပါတယ်လို့ ဂုဏ်သိက္ခာချတယ်။

ဟုတ်ပါပြီ......

#တပ်ကလိုက်မတိုက်တော့ ပြည်သူတွေမပြေးရဘူးလား ပြေးနေရတာပဲလေ။

#ရခိုင်မြေ ပလောင်မြေကို ဖျက်ဆီးတာ TNLA/ AA တွေကိုယ်တိုင်ပဲ၊

#ချင်းမြေကိုပျက်စီးအောင် ချင်းလက်နက်ကိုင်တွေကိုယ်တိုင်က လုပ်နေကြတယ်။

#ကယားမြေကိုဖျက်ဆီးတာ ကယားတွေပါ၊

ရှမ်းမြေကိုဖျက်ဆီးတာ ရှမ်းတွေပါ။

ကရင်မြေကိုဖျက်ဆီးတာ ကရင်တွေပါ။

ကချင် မြေကို ဖျက်ဆီးတာ ကချင်ပါ။

အဲဒီလိုမျိုးပဲ ကိုယ့်ဒေသ ကိုယ့်မြေကို

မပျက်စီးစေချင်ရင် စစ်ကိုမခေါ်နဲ့ပေါ့၊
စစ်ကိုခေါ်ယင် စစ်ဖြစ်မှာပဲ။

ငြိမ်းချမ်းရေးနဲ့နှစ်ရှည်လများ တည်ဆောင်ခဲ့တဲ့အရာတွေကို စစ်ပွဲနဲ့တစ်နေ့တစ်ရက်ထဲ ဖျက်ဆီးပစ်နိုင်တယ်။

မြန်မာမှာ လက်ရှိ နှစ်နေရာပိုင်းခြားနေတယ်။
စစ်ဖြစ်တဲ့နယ်မြေနဲ့ စစ်မဲ့နယ်မြေဆိုပြီး၊

စစ်ပွဲဇုံတွေက စုတ်ပြတ်သတ်နေခဲ့မယ်၊ ငြိမ်းချမ်းရေးနဲ့စစ်ပွဲ ဘယ်ဟာရွေးမလည်း?
နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်တွေ ဒီစစ်ပွဲမှာ ၅ သောင်းကျဆုံးရင် ရန်သူဘက်က ဆယ်ဆ ၅ သိန်းမျိုးပြုတ်လိမ့်မယ်။ဘာကြောင့်လည်း?

စစ်အင်အား၊ လက်နက်အင်အား၊ စစ်စွမ်းရည်၊ စစ်ဗျူဟာက မိုးနဲ့မြေကွာတယ်။

ပြောကြမှာပေါ့ ရန်သူ့ဒရုန်း
သတိထားမိကွမလားပဲ၊

ရန်သူက လက်လုပ်စိန်ပြောင်းသုံးတော့ ကိုယ့်ဘက်က လက်နက်ကြီးတွေပုံအောသုံးတယ်။

ရန်သူက ဒရုန်းတွေသုံးတော့ ကိုယ့်ဘက်က စစ်သုံးရဟတ်ယာဉ်တွေ စစ်လေယာဉ်တွေသုံးပြလိုက်တယ်။

မိမိတပ်မတော်လုပ်နေတာက နိုင်ငံတော်ကို ကာကွယ်ဖို့ ခုခံစစ်၊

ရန်သူ့အရှိန်ဘယ်လောက်ရှိသေးလဲ ရန်သူ့နောက်ကအား ဘယ်လောက်ကျန်သေးသလဲဆိုတာခုလောက်
ဆိုတပ်မတော်ကသိနှင့်နေလောက်ပါပြီ။

၂၀၂၄ နှစ်ထဲမှာ အားလုံးစစ်ရေးအမြင်တွေ ပြောင်းသွားမှာအသေချာပါပဲ။စိတ်ရှည်စွာစောင့်မျှော်ပေးကြပါ။

တပ်မတော်အနေနဲ့ လည်း လုပ်ချင်တာထက် လုပ်သင့်လုပ်ထိုက်တာကိုပဲစိတ်ရှည်စွာထားပြီးလုပ်ဆောင်သွားမှာပါ။

တစ်နိုင်ငံလုံးရဲ့အရေးကိစ္စဖြစ်တာကြောင့် ဒီပွဲမှာ တပ်မတော်အနေနဲ့ ဘယ်လိုမှမှားလို့မရပါဘူး။အမှားလည်းမခံပါဘူး။

#ဒီနေရာမှာ
အကြမ်းဖက်သူပုန်ရဲ့အကြောင်းသိထားမှရမယ်
ဘယ်သူပုန်ပဲဖြစ်ဖြစ်

တိုင်းပြည်ကိုအကျိုးပြုတာမရှိဘူး တိုင်းပြည်ကိုဖျက်စီးတာပဲရှိတယ်။

လမ်းပေါ်တက်ဆတ်ကြေးကောက်တာလည်း သူပုန်တွေပဲ၊ ဒီလမ်းတံတားတွေကို ဖျက်စီးတာလည်း သူပုန်တွေပဲ၊

ပြည်သူတွေဒုက္ခရောက်အောင်အခက်ခဲဖြစ်အောင်လုပ်တာလည်းသူပုန်တွေပဲ

သူပုန်ရှိတဲ့တိုင်းပြည်ဘယ်တော့မှမတိုးတက်ဘူး။

သူပုန်နယ်မြေမှာနေရတဲ့ပြည်သူ ဘယ်တော့မှမအေးချမ်းဘူး အကြမ်းဖက်သူပုန်ဟာ ဘယ်တော့မှ တိုင်းပြည်ကိုကောင်းကျိုးမပေးဘူး ။

သူပုန်နိုင်ရင်အားရဝမ်းသာနေတဲ့လူတချို့ကိုပြောချင်တာက မိမိကိုယ်တိုင် သူပုန်နယ်မြေမှာ ခဏလေးပဲလာနေကြည့်ပါလို့ ပြောချင်မိတယ်...။

Credit - #ManMan

Post a Comment

Previous Post Next Post