ဘင်အရေးကိစ္စ နိုင်ငံတကာ စောင့်ကြည့်ခံနေရတဲ့ မူးယစ်ကုန်သည် AA အဖွဲ့



AA အဖွဲ့ရဲ့ အဓိက ဝင်ငွေက မူးယစ်ဆေးဝါးကုန်သွယ်မှုဖြစ်ပါတယ်။

ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေအရ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့  လူယုံ အဓိကဘဏ္ဍာရေးတာဝန်၊ စစ်ဒေသမှူးအဆင့်ရှိ ဝေသာထွန်း(ခ) သားငယ်ရဲ့ ကြီးကြပ်မှုနဲ့ AA တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က စိတ်ကြွ ဆေးပြားတွေကို ရခိုင်ပြည်နယ် ပင်လယ်ပြင်က တဆင့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှားတို့ကို ပို့ဆောင်မှုများကို အကြိမ်ကြိမ် ဖမ်းဆီးရမိခဲ့ပါတယ်။

သမိုင်းရန်ကြွေးအရ ဘင်္ဂါလီတွေကို ရခိုင်လူမျိုးတွေက မုန်းတီးနာကျည်းခဲ့လို့  AA အဖွဲ့က ဘင်္ဂါလီတွေကို နှိပ်စက်သတ်ဖြတ်မှုတွေ လုပ်နေပေမဲ့ တရားမဝင်နယ်စပ်ဖြတ် ကျော်မှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွေမှာတော့ ဘင်္ဂါလီတွေကို AA အဖွဲ့က အသုံးချလျက်ရှိပါတယ်။

Boat People လို့ လူသိများတဲ့ ဘင်္ဂါလီတွေ ရခိုင်ပင်လယ်ပြင်ကနေတဆင့် မလေးရှား၊ ပီနန်ကျွန်းဘက်ကို ထွက်ပြေးတဲ့လမ်းကြောင်းဟာ AA အဖွဲ့ရဲ့ မူးယစ်ကုန်သွယ်ရေးမှာ အဓိကလမ်းကြောင်းဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ထဲက ဘင်္ဂါလီ တွေနဲ့ ဘူးသီးတောင်-မောင်တောက ဘင်္ဂါလီတွေကလည်း AA ရဲ့ မူးယစ်ဆေးဝါးတွေကို အမြဲသုံးစွဲနေတဲ့ စျေးကွက်တစ်ခုဖြစ်ပါတယ်။

ဘင်္ဂါလီကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ AA ကို အမေရိကန်နဲ့ OIC နိုင်ငံတွေက ပိတ်ဆို့မှုတွေ ပြုလုပ်တော့မှာဖြစ်လို့ AA အဖွဲ့ရဲ့ မူးယစ်ကုန်သွယ်မှုက ရရှိနေတဲ့ ဝင်ငွေလည်း များစွာထိခိုက်စေမှာဖြစ်ပါတယ်။

AA ရဲ့ မူးယစ်ကုန်သွယ်မှုကို မသိချင်ယောင်ဆောင်နေတဲ့ နိုင်ငံတကာအနေနဲ့ ဘင်္ဂါလီကိစ္စကြောင့် AA ရဲ့မူးယစ်ဆေးဝါးကုန်သွယ်မှုကို ဘယ်လို အရေးယူပိတ်ဆို့မလဲ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

#ခင်ညိုချော

Post a Comment

Previous Post Next Post