ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSMအား လက်ခံတွေ့ဆုံ


===========================
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌  လက်ခံတွေ့ဆုံခဲ့ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ သင်တန်းသားစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

Post a Comment

Previous Post Next Post