သထုံမြို့နယ်တွင် Drop Bomb တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင်


သထုံမြို့နယ်၊ ရေဝေကျေးရွာဆိုင်းဘုတ်အနီးတွင် Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မေလ ၁၅ ရက်နေ့ နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်ခန့်က KNU/PDF တပ်ဖွဲ့များမှ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးတစ်လုံးမှာ ရန်ကုန်-မော်လမြိုင်ကားလမ်းမမှ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့သွားသည့်လမ်းသွယ်၊ ရေဝေကျေးရွာ ဆိုင်းဘုတ်အနီးတွင် ရပ်ထားသော ယာဉ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အဆိုပါယာဉ်မှာ ပြည်မြို့နေ အသက် ၄၀ နှစ်အရွယ် ဦးအာကာမြင့် မောင်းနှင်သော ရန်ကုန်-မြဝတီ ပြေးဆွဲသည့် ပြည့်အားမာန် ယာဉ်လိုင်းမှ HIGER အမျိူးအစား အဖြူရောင်(အန်စာတုံး)ယာဉ်ဖြစ်ပါတယ်။

ဒရုန်းဗုံးတစ်လုံးမှာ ကားပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ကားရပ်ထားသည့် နေရာ မြောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မှာ မီးလောင်သွားခဲ့ပြီး အနီးနားရှိ ဒေသခံများ၊ ယာဉ်မောင်းများနှင့် ခရီးသွားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ လူထိခိုက်မှု မရှိကြောင်း သိရပါတယ်။

#MyanmaGone

Post a Comment

Previous Post Next Post