လူ နဲ့ တိရိစ္ဆာန် ရဲ့ ခြားနားမှု



          ဆရာကြီး ဦးအောင်သင်းက ပြောခဲ့ပါတယ် ။ လူ နဲ့ တိရိစ္ဆာန် တို့ရဲ့ ခြားနားမှုမှာ အဓိကအကျဆုံးက '' စာနာမှု '' ပဲ ဖြစ်သတဲ့ ။

        တိရိစ္ဆာန်ဆိုတာကတော့ ဗိုက်ဆာရင် အသားစားသတ္တဝါက နိုင်ရာအကောင်ကို ဖမ်းစားမှုပဲ တဲ့ ။ သူဖမ်းစားတဲ့ အကောင်လေးမှာ ဗိုက်ကြီးနေတာ ၊ သားသမီးရှိတာ မစဉ်းစားဘူးတဲ့ ။

     လူမှာကျတော့ အဲလို မဟုတ်တော့ဖူးတဲ့ ။ မိမိအပြုအမူ အပြောအဆိုကြောင့် အပြစ်ကျူးလွန်ခြင်း မရှိတဲ့ အခြားသူ နစ်နာသွားမလား ဆိုတာ ချိန်ဆစာနာရသတဲ့ ။ သူတပါးရဲ့ ကိုယ် စိတ် နှစ်ပါးထိခိုက်အောင် မလုပ်ရတဲ့ စာနာမှုဟာ လူပီသတဲ့ လူသားမှာပဲ ရှိသတဲ့ ။

         ဒီစံညွှန်းနဲ့ပဲ လူနဲ့ တိရိစ္ဆာန် ခွဲခြားရမယ်လို့ ဆရာကြီးက ညွှန်ပြဆုံးမခဲ့ပါတယ် ။ ကဲ ဒီကနေ့ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ ကျနော်တို့ ဆရာကြီးရဲ့ စံညွှန်းနဲ့အညီ လူ နဲ့ တိရိစ္ဆာန် ခွဲကြည့်ကြပါဗျာ ။

          ဥာဏ်ရည်အမြင့်ဆုံးဆိုတဲ့ ဆရာဝန်လောက ကြည့်ပါ ၊ ဘယ်လူနာ ဝေဒနာဘယ်လောက် ခံစားနေပါစေ ၊ သေချင်လည်းသေပါစေ ငါတို့ မဲသူခိုးပါတီ အာဏာမရရင် ဆေးမကုဘူး ဆိုတဲ့ ပြည်သူ့ဘဏ္ဍာစားပြီး ပြည်သူ့မျက်နှာထက် စပ မျက်နှာ တရွာထင်နေတဲ့ လူ့တိရိစ္ဆာန်အဖြစ် ယုတ်မာတဲ့ဆရာဝန်တွေ.....

      အနာဂါတ် တိုင်းပြည်ကို ပုံဖော်ဖို့ ကလေးတွေကို ပညာပေးထုဆစ်နေရတဲ့ ''ဘယ်သူမွေးမွေး တို့ကလေး ပညာပေးရမည်'' ဆိုတဲ့ အရေးကြီးဆုံး အဖြူစင်ဆုံး ပညာရေးလောကထဲက ထမီတထည်လောက်တောင် ပြည်သူ တိုင်းပြည် နဲ့ ကလေးတွေရဲ့ အနာဂါတ်ကို တန်ဖိုးမထားတဲ့ လူယုတ်မာ လူ့တိရိစ္ဆာန် ကျောင်းဆရာတွေ.....

          ကျောင်းစာမလေ့လာ ၊ ဖွဲ့ ဖွဲ့သမျှ သမဂ္ဂမှာ ဥက္ကဌလုပ် ကျောင်းသားလုပ်စား ဖဲရိုက် ဖိုးရှူ ဖာချ ဂွကျတဲ့ အပေအတေ လူ့အမှိုက် ကျောင်းသားတစု....

          ဌာနတွင်းမှာ ရသလောက်ဝါး ၊ အထက်ဖား အောက်ဖိ ဆိုးလို့ရသလောက် အကုန်ဆိုး ၊ ခိုးလို့ ရသလောက် အကုန်ခိုးနေတဲ့ ဌာနဆိုင်ရာ ဖရဲသီးဝန်ထမ်း လူ့ငနွားတသိုက်.....

        အာဏာမရခင် ရပြီးသူကို အပုပ်ချ ၊ ကိုလည်းအာဏာရရော တိုင်းပြည်သာမက အမျိုး ဘာသာ သာသနာ နဲ့ ယဉ်ကျေးမှုပါမချန် အမြစ်ဖြတ် အပြတ်ရှင်းဖို့ ကြံစည်လုပ်ဆောင်နေတဲ့ အကုသိုလ်နိုင်ငံရေးသမား လူ့တိရိစ္ဆာန် အုပ်စု.....

            ကျနော်တို့တိုင်းပြည်ရဲ့ ကလေးသူငယ် ရဟန်းသံဃာ အစ မနီသမျှ ပြည်သူတွေကို ခွေးကျင့်ခွေးကြံနဲ့  လုပ်ကြံသတ်ဖြတ် နေသော အရိုင်းစိုင်းဆုံး အရက်စက်ဆုံး ဆေးကြောင်လူ့တိရိစ္ဆာန် PDF......

          အဲဒီ အစုအဖွဲ့ကပဲ ပြည်သူတွေကို........

- ဆေးမကုနဲ့တဲ့

(ဆော်သြောသူက ပြည်ပထွက်ပြေးသူ ၊ အကောင်အထည်ဖော် ခြိမ်းခြောက်တာက ပြည်တွင်းက လူယုတ်မာတစု)

- စာမသင်နဲ့တဲ့

(လှုံ့ဆော်သူ မိသားစုက ပြည်ပမှာ ပညာရှာနေလေရဲ့ စာသင်ကျောင်း ဗုံးခွဲ ၊ ဆရာ ဆရာမ သတ်နေတဲ့ လူယုတ်မာတွေက ပြည်တွင်းမှာ ဆေးချရပြီးရော ဆိုတဲ့ ငတ်တလှည့် ပြတ်တလှည့် လူယုတ်မာပေါက်စတွေ)

- မီတာမဆောင်နဲ့တဲ့

(နှိုးဆော်သူက ၂၄ နာရီမှာ စက္ကန့်ပိုင်းတောင် မီးပြတ်ခဲတဲ့ ဥရောပထွက်ပြေးနေသူ ၊ မီတာရုံးဗုံးခွဲ ဝန်ထမ်းသတ် လုပ်နေသူ လူယုတ်မာတွေက လျှပ်စစ်မီးမရှိရင် အိမ်သာတောင်တက်မရတဲ့ အနေအထား ဒါကို ကျူးလွန်တဲ့ လူသတ်သမား ဆေးသမားမသိဖူး)

- စျေးမရောင်းနဲ့တဲ့

(တိုက်တွန်းသူက လွတ်မြောက်နယ်မြေကနေ သူတောင်းစားလုပ် အလှူခံပြီး ဟော်တယ်ပေါင်းစုံ လှည့်စားနေရသူ ၊ စျေးမီးရှို့ ဗုံးခွဲ လုပ်နေတဲ့ လူ့တိရိစ္ဆာန် PDF တွေက ခွေးစာ စားပြီး ခွေးကျင့်ခွေးကြံ ကြံနေတဲ့ ဆေးသမားလူယုတ်မာ PDF)

-ဘုရားမဖူးနဲ့တဲ့

(စပြောတဲ့သူက ဗုဒ္ဓဘာသာကနေ မုတ်ဆိတ်ထား ဆာရီခြုံနေပြီး ပြည်ပမှာ ခိုလှုံခွင့်ရထားသူ ၊ ဘုရားမှာ ဗုံးခွဲ ဘုရားဖူးကားမိုင်းထောင် သံဃာတွေ သတ်နေတာက ပြည်တွင်းက PDF လူ့ငနွားတစု)

- ဘက်စ်ကား မစီးနဲ့တဲ့

(ပြောနေသူတွေ နိုင်ငံခြားမှာ ဇိမ်ကျနေသူတွေ ၊ လှုံ့ဆော်ဆန္ဒပြ ပြဿနာရှာနေတာက ဆေးတပြားရဖို့ ဘဝနဲ့ချီရင်းနေကြတဲ့ အမိုက်အမဲ လူ့တိရိစ္ဆာန်တစု)

           ကဲ သူတို့တောင်းဆိုမှုတွေ ကြည့်ကြပါအုံး ။ ပြည်သူအတွက် အကျိုးများမယ့် ကိစ္စ ဘာတခု ပါနေပါသလဲ ။ အားလုံးသော လှုပ်ရှားမှုတွေ လေ့လာကြည့်ပါ ။

- ပြည်သူတွေ သေပါစေ

- ပြည်သူတွေ ပညာမဲ့ကြပါစေ

- ပြည်သူတွေ ရေ မီး ဒုက္ခသည် အဖြစ် ဘဝပျက်ကြပါစေ

- ပြည်သူတွေ စားရေ ရိက္ခာ ပြတ်လပ် ငတ်ကြီးကြပါစေ

- ပြည်သူတွေ ကုသိုလ်တရားမရပဲ အကုသိုလ်နဲ့သာ ပျော်မွေ့ကြပါစေ (တနည်း) ဗုဒ္ဓဘာသာကြီး ပျောက်ကွယ်ပါစေ

- ပြည်သူတွေ သွားရေး လာရေး အဆင်မပြေ မချောမွေ့ ကြပါစေ

       ဆိုတဲ့ စေတနာဆိုး စေတယုတ်တွေ ထင်းကနဲ မြင်ကြရမှာပါ ။

         ဒီတော့ ကွဲပြားနေတဲ့ နိုင်ငံရေး အယူအဆ နှစ်ခြမ်းမှာ ရှိနေတဲ့ လူ ဆိုသော လူများရဲ့ ခြားနားမှုကို ခွဲခြမ်းစိတ်ဖြာကြည့်စမ်းပါ ။

          ဆရာကြီးဦးအောင်သင်းရဲ့ စံနဲ့ ချိန်ဆကြည့်ရင် စာနာမှု ဆိုတဲ့ လူသားစိတ်မရှိတဲ့ နီပိတ်အုပ်စုသည်ကား လူ့ခန္ဓာကိုယ် ရရှိထားတဲ့ တိရိစ္ဆာန်စိတ်ထား နဲ့ လူ့တိရိစ္ဆာန် စစ်စစ်များသာ ဖြစ်နေပါတော့တယ် ။

        

Post a Comment

Previous Post Next Post