တကယ့်ပြိုင်ဘက်ကင်း ဆရာမကြီး

ပန်ဆယ်လိုကို သဘောကျတယ်
ငပိန်းဖမ်းတဲ့နေရာမှာ
တကယ့်ပြိုင်ဘက်ကင်း ဆရာမကြီး ။


လက်ဗလာနဲ့ပြေးရရင်းက
သုံးနှစ်အတွင်း
အမေရိကန်လိုနေရာမျိုးမှာ
ဒေါ်လာသန်းချီတန်တဲ့ အိမ်တစ်လုံးနဲ့
စတိုးဆိုင်ကြီးတစ်ဆိုင်ရအောင်
ဂျင်းထည့်နိုင်တယ်ဆိုတာ
နည်းနဲ့အရည်အချင်းလား ။

ဒီလောက်ဝိုင်းဖော်နေတဲ့ကြားက
ခုချိန်ထိ
ကိုယ့်ကိုကိုယ် ပိန်းမှန်းမသိ
ဂျင်းထည့်ခံနေရမှန်းမသိတဲ့
သူ့ပရိတ်သတ်တွေကို
အပိုင်ထိမ်းထားနိုင်တဲ့ စွမ်းရည်ကလည်း
ပေါ့သေးသေးမဟုတ်ဘူး ။

နိုင်ငံရေးလုပ်စားတွေထဲမှာတော့
နင်တို့ကအသက်စိုက် ငါကခွက်စိုက်မယ် ဆောင်ပုဒ်နဲ့
ပေါ်တင်ကြီးလုပ်စား အောင်မြင်နေတာကို
မချီးကျူးဘဲကို မနေနိုင်တာ ။

ဘယ်သူကောင်းတယ် / မကောင်းဘူးပြောပြော
ကိုယ့်နယ်ပယ် ကိုယ့်အထူးပြုဘာသာရပ်မှာ
ထိပ်ဆုံးအထိ တက်လှမ်းနိုင်ခဲ့တဲ့သူ

တကယ်သဘောကျတယ် 😊

# 🌿🌿🌿

Post a Comment

Previous Post Next Post