ခါးပိုက်နှိုက်က ပေးတဲ့ သင်ခန်းစာ



မြို့လယ်ခေါင်ကြီးမှာ ကောင်လေး တစ်ယောက်ကို ခါးပိုက်နှိုက် (၄) ယောက်က ဝိုင်းနှိုက်ကြတယ်။ နှိုက်မရတော့ ကောင်လေးဖုန်းကို လုတယ်။ ဝိုင်းရိုက်ကြတယ်။ ကောင်လေးရဲ့ ဘေးပတ်ဝန်းကျင်မှာ စဆုံးမြင်တဲ့ လူတွေရှိတယ်။ တစ်ယောက်မှ ဝိုင်းမကူကြဘူး။ ကောင်လေး ဖုန်းပါသွားပြီး ဒဏ်ရာတွေနဲ့ကျန်ခဲ့တယ်။ ဆန္ဒပြတုန်းက ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ... ညီတယ်ဟေ့ ညီတယ်ဟေ့ ဆိုပြီး ရဲရဲတောက် ဆန္ဒပြခဲ့ကြတဲ့ အနီ ပြည်သူတွေလဲ ညီညီညာညာကြီး ရပ်ကြည့်နေခဲ့ကြတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်ရင်  ချောင်းမြောင်းလုပ်ကြံကြတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ဈေးဝယ်ထွက်ရင် ချောင်းမြောင်းလုပ်ကြံကြတယ်။ လုံခြုံရေးတွေ မထွက်တော့မှ ပြည်သူတွေကို ရိုက်နှိက် လုယက်ကြတယ်။ ချောင်းမြောင်းလုပ်ကြံတဲ့ အဖွဲ့နဲ့ ရိုက်နှိက်လုယက်တဲ့ အဖွဲ့က အရောင်တူ တစ်ဖွဲ့တည်းဖြစ်နိုင်တယ်။ ခိုးဆိုးလုနှိုက်အဖွဲ့တွေက သူတို့ကို ခြေရာမခံမိအောင် cctv တွေကို မီဒီယာတွေကို သွေးထိုးပြီးဖြုတ်ခိုင်းထားကြတယ်။

လွိုင်ကော်၊ ကော့ကရိတ်တို့လို တိုက်ပွဲဖော်ပြီး မြို့ထဲကနေ ပြည်သူတွေကို မောင်းထုတ်၊ လူမရှိတော့မှ အိမ်တွေကို ဖောက်ထွင်းခဲ့တဲ့ ခိုးဆိုးလုနှိုက် ဖြစ်စဥ်မျိုးပါပဲ။

ခါးပိုက်နှိုက်ကပေးတဲ့ သင်ခန်းစာက
✅ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ... ညီတယ်ဟေ့ လို့ အော်ခဲ့ကြသူတွေက ဂျင်းတွေဆိုတာ လက်တွေ့ တွေ့ကြရပါမယ်။
✅ မြေအောက် အဖွဲ့အစည်းတွေက နာမည်မျိုးစုံ တံဆိပ်မျိုးစုံနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိ၊ ထိန်းကွပ်မဲ့၊  ခိုးဆိုးလုနှိုက်အဖွဲ့တွေဖြစ်တယ်ဆိုတာ မျက်မြင် ကိုယ်တွေ့ သိနိုင်ပါတယ်။
✅တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ အားကောင်းမှ ပြည်သူ့ဘဝ အေးချမ်းစွာနေထိုင်နိုင်ပါမယ်။ စီးပွားရေးကို ပုံမှန် လုပ်ကိုင်နိုင်ပါမယ်။

#BN(နီပိန်းတိုက်ဖျက်ရေး)

Post a Comment

Previous Post Next Post