“Death is irreversible”အပျက်တွေနဲ့အသက်တွေ...



“စစ်ဖြစ်ရင်တော့ပျက်မှာဘဲ” “အသက်တွေရင်းကြရမှာဘဲ” ဆိုတဲ့စကားဟာ တကယ့်ကိုပေါ့သွမ်းသွေးလွန်းတယ်..

“ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ဘို့အတွက် ပြည်တွင်းစစ်ကြီးတခုကိုမလွဲမသွေဖြတ်သန်းကြရမယ်..

 ပြည်တွင်းစစ်ဆိုတာကိုကြောက်နေစရာမလိုဘူး”လို့မျက်စိမှိတ်ပြီးအဝေးကမြှောက်ထိုးပင့်ကော်အော်ခဲ့တဲ့ NUG သံအမတ်ကြီး(အယင် NCGUB ဝန်ကြီးဟောင်း) အနားယူသွားခဲ့တာတောင် တနှစ်ကျော်ကြာသွားခဲ့ပြီ..
“ကိုယ်ရေးကိုယ်တာအခက်အခဲတချို့ကြောင့်နှုတ်ထွက်ပါတယ်လို့သူ့ FB မှာရေးသွားခဲ့တာအမှတ်ရတယ်..

တချို့လူတွေအတွက် ဂျင်ပေါက်ယင်း”ဝင်ဆို့ထွက်ဆို့” အော်ရသလောက်သာရှိပေမဲ့ ပျက်စီးမှုတွေကိုယ်တိုင်ကြုံရသူတွေအတွက်ကတော့ ပြန်လည်ထူထောင်ရေးဆိုတာဟာအင်မတန်ခက်ခဲလွန်းတယ်..


ဒီထက်ပိုတာကတော့..
“Death is irreversible”
သေဆုံးရသူတွေဟာပြန်ရှင်လာနိုင်ကြမှာမဟုတ်ဘူး…


သန်းလွင်ထွန်း
၁၉ မေလ ၂၀၂၄

Post a Comment

Previous Post Next Post