မပြင်ရင်ကျောက်ခေတ်ကိုပြန်ရောက်သွားလိမ့်မယ်


ရုရှား က မြန်မာမှာ  ထားဝယ်ရေနက်ဆိပ်ကမ်း
စီမံကိန်းလုပ်မယ် ၊ ဒီစံမံကိန်းနဲ့ အတူ အကြီးစား
ရေနံချက် စက်ရုံကြီး ပါ ဆောက်မယ်ဆိုတဲ့ဆိုတဲ့
သတင်းတစ်ပုဒ်ဖတ်လိုက်ရတော့ ကိုယ့်တိုင်းပြည်
ကြီး ဖွံ့ဖြိုးတိုးတက်တော့မယ် ဆိုတဲ့ အသိနဲ့
တမဟုန်ချင်း အပျော်တွေ ကူးစက်သွားပြီး ဝမ်းသာ
ပီတိတွေ ဖုံးလွှမ်းသွားခဲ့တယ် ။ ဒါပေမယ့်
ဒီအပျော် တွေက တင်္ဒဂ ပဲ ဖြစ်လိုက်ရတယ်။

ရှေ့မှာ ဖြစ်ခဲ့တဲ့ စီမံကိန်းတွေ အဖြစ်အပျက်
တွေနဲ့ ယှ ဥ်ပြီး ပြန်တွေးမိတဲ့အခါ ဒီစီမံကိန်းလည်း
အောင်မြင်ဖို့ မလွယ်ပါဘူး ဆိုတဲ့ အသိ ချက်ခြင်း
ပြန်ဝင်လာပြီး စိတ်ပျက်အားငယ်သွားခဲ့ရတယ် ။
မအောင်မြင်နိုင်ဘူး လို့ ပြောတာဟာ အဆိုးမြင်
ဝါဒနဲ့ ပြောတာမဟုတ်ပါဘူး ။ သုတေသန ပြုစရာ
မလို လောက်အောင်ကို ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့
မှတ်တမ်းတွေ က တကယ့်ကို စိတ်ပျက်စရာ
၊ သင်ခန်းစာ ယူစရာ ကောင်းခဲ့ပါတယ် ။

၂၀၁၂ -၁၃  လောက်က ထားဝယ်အရှေ့ဘက်ခြမ်း
မှာ ရှိတဲ့ မေတ္တာ တောင်ခြမ်း စစ်ဆင်ရေးဒေသ
လို့ လူသိများတဲ့ ဖောင်းတော ကျောက်ထု
ကထောက်နီ ဒေသ ဘက်မှာ တာဝန်ထမ်းဆောင်
ခဲ့ဖူးတယ်။ အဲဒီတုန်းက  ဦးသိန်းစိန် ခေတ်
ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြီး က
တိုင်းပြည်ဘာစီးပွားရေးမှ လုပ်စရာမလိုဘဲ
ဒီစီမံကိန်း က ရတဲ့ ငွေတွေနဲ့ပဲ တိုင်းပြည်ချမ်း
သာတော့ မယ့် သယောင် ရေးနေကြတဲ့ ဆောင်း
ပါးတွေ ဖတ်ဖူးသလို NDC လို့ ခေါ်တဲ့ နိုင်ငံတော်
ကာကွယ်ရေး တက္ကသိုလ် စာတမ်းတွေမှာ
လည်း ဒီစီမံကန်း အကြောင်း ဝိုင်းပြီး အမွှမ်း
တင်ရေးခဲ့ကြတာ ဖတ်ဖူးတယ် ။ ကိုယ်တိုင်
အဲဒီဒေသ မှာ တာဝန် ထမ်းဆောင်ရင်း လေ့လာ
ကြည့်တော့ ဒီစီမံကိန်းက မရေမရာပါပဲ။

ဒီကြားထဲ လုပ်ငန်းက မစရသေးဘူး ။ ကိုယ်
ကျိုးအတ္တသမားတွေ ခပ်များများ ၊
အာဏာပိုင်တွေနဲ့ ပေါင်းကြံမယ့်
အုပ်စု က ရှိသေးပြန်တယ်။

နောက်မကြာပါဘူး။ အဲဒီစီမံကန်းကြီး ပျက်
သွားတဲ့ သတင်းကြားလိုက်ရတယ် ။
စီမံကိန်း ပျက်ရတဲ့ အကြောင်းကို လေ့လာ
ကြည့်တော့ နောက်ကွယ်က အကြောင်းက
စင်္ကာပူကနေ ငွေပုံအော သုံးပြီး ဖျက်ဖို့ စီမံ
ခဲ့တယ် ဆိုတာ သိရသလို ဒေသခံတွေ လောဘ
အတ္တ တွေကလည်း ​ကြောက်စရာ ကောင်း
လောက်ကြီးထွားခဲ့တာလည်း ပါတယ်လို့
ဆိုပါတယ် ။  ဒီစီမံကိန်းမြေ နဲ့ လမ်းတစ်
လျှောက်မှာ ပါတဲ့ မြေတွေ သီးပင် စားပင်
တွေ ကို မတော်တရား အလျော်တောင်း
လို့ သက်ဆိုင်ရာ ထိုင်းကုမ္မဏီ( အီတာလျံဖြစ်
မယ်ထင်တယ် ) က မလျော်နိုင်တော့ ဘူး
ဆိုကာ ထွက်ခွာသွားပါတော့တယ်။

တနင်္သာရီ ဟာ တန်ဖိုး ရှိတဲ့ သံယံဇာတတွေ
အများကြီး ထွက်သလို ပင်လယ်ကမ်းရိုးတန်း
ရှည်လျားလွန်းလို့ ပထဝီ နိုင်ငံရေး အရလည်း
အလွန်တန်ဖိုး ရှိပါတယ် ။ ဒါပေမယ့် ဘယ်
သံယံဇာတ တူးတူး မအောင်မြင်ပါဘူး ။ ဝိုင်း
ပြှီး ဆန္ဒပြ ကန့်ကွက်ကြတာကိုး  ။ ကျွန်တော်
တာဝန်ထမ်းဆောင်စ ဥ် က အစိုးရ က
ထိုင်း ကုမ္ပဏီ ကို   ကျောက်မီးသွေးတူးခိုင်း
တာကို ဝိုင်းပြီး ဆန္ဒပြ ကြလို့ သွားရှင်းရင်း
နဲ့ မီဒီယာ ပေါ်ရောက်သွားရတဲ့ ပြဿနာမျိုး
လည်း ကြုံခဲ့ရဖူးပါတယ် ။

လွန်ခဲ့တဲ့ ၄ နှစ်လောက်ကလည်း  ရှမ်းပြည်​နယ်
မြောက်ပိုင်း က ပြောင်းလာစ မှာ ကျိုက်မရော
မြို့နယ် ရှိ ထိုင်း မြန်မာ ဖက်စပ် ဘိလပ်မြေ
စက်ရုံကြီးဆီကို ရောက်တော့ အံ့မခန်းလောက်အောင်
ကြီးမားလွန်းတာကို ကြည့်ပြီး အံ့ဩ ဝမ်းသာ
ဖြစ်မိတယ် ။ အဲဒီစက်ရုံကြီး ဆောက်စက
ဒေသခံတွေ ဝိုင်း ဆန္ဒပြကြပေမယ့် စက်ရုံ
ပြီးတော့ ဒေသခံ ပြည်သူလူထု တစ်သောင်း
လောက်ကို အလုပ်ကိုင် ပေးထားနိုင်လို့ ငြိမ်
သွားကြတယ် ။ ဒါပေမယ့် နိုင်ငံရေး အပြောင်း
အလဲ လည်း ဖြစ်ရော သောင်းကျန်းသူ တွေ
ရောက်လာပြီး စက်ရုံကို အန္တရာယ်ပြုလာလို့
မလည်ပတ်နိုင်တော့တဲ့ အပြင် လက်ပြတ်တို့
အုပ်စု က တန်ဖိုး ရှိတဲ့ ပစ္စည်းတွေ အကုန်ယူ
သွားကြလို့ အခုတော့ စက်ရုံ က အရိုးနဲ့သ​ေရ
ပဲ ကျန်ပါတော့တယ် ။ဒါကြောင့် ဘယ်ကုမ္ပဏီ
က မြန်မာပြည်မှာ အလုပ်လာလုပ် ချင်ပါ
တော့မလဲ ။ 

၂၀၁၁ ခုနှစ်  ဦးသိန်းစိန် အစိုးရ တက်တော့
ကရင်ပြည်နယ်ထဲက ကျွန်တော် တို့ ရွာတွေ
ဖြစ်တဲ့ မိကရင် ဝတ်ကြီး ကော့ဖျန် ထုံတောင်
ဘန်ဘွေးကုန်း  ရွာ တွေဆီ ကို ဂျပန်တွေ
ရောက်လာခဲ့ကြတယ်။ဒုတိယ ကမ္ဘာစစ်တုန်း
က ဂျပန်တွေ ပြန်အထွက် မှာ ဂျပန်စစ်သား
အများအပြား ကို ဖွတ်ထား ကယ်ထားပေးဖူး
တော့ ဂျပန်တွေက ကျေးဇူးဆပ်ချင်ကြတယ်။

အဲဒီဒေသ
မှာ ကျောက်မီးသွေး တွေ ထွက်လို့ ကျောက်မီး
သွေးစက်ရုံဆောက်ပြီး လျှပ်စစ်ဓာတ်အားပေး
စက်ရုံ ဆောက်ပေးဖို့လုပ်ပါတယ် ။အန္တရာယ်
မရှိကြောင်းကိုလည်း ရွာ  ဥက္ကဌ တွေ ရော ဘုန်းကြီး
တွေပါ မကျန်  ဂျပန်ကို ခေါ်သွားပြီး သူတို့
စက်ရုံကို လိုက်ပြကာ လေ့လာခိုင်းပါတယ် ။

ဒါပေမယ့် ဝိုင်းပြီး ဆန္ဒပြကန့်ကွက်လိုက်ကြ
လို့ အဲဒီ စီမံကိန်းလည်း ပျက်  ၊ ဂျပန်လည်း
ပြန်မလာတော့ အထိ ဖြစ်သွားရပါတယ်။

ဆိုတော့ ပြောချင်တာ မြန်မာပြည်မှာ
ဘာစီမံကိန်းလုပ်လုပ် ပျက်အောင် ဖျက် မယ်
ဆိုတဲ့ နောက်ကွယ်က လက်မဲကြီး တွေ ရှိ
ကို ရှိနေသလို လက်မဲကြီးတွေ ပြောသမျှ
လိုက်လုပ်ပေးရတဲ့ လူအုပ်စုကြီး တွေလည်း
ရှိနေပြန်တယ် ။

နောက်ကွယ်က လက်မဲဆိုတာ ကလည်း
အခြားလူတွေ မဟုတ်ပါဘူး။ အမေရိကန်
နဲ့ ဒေသတွင်း က အမေရိကန် တပည့်နိုင်ငံ
တွေပါပဲ ။ သူတို့ အကျိုးစီးပွားနဲ့ တိုက်ရိုက်
သက်ဆိုင်နေတာ လည်းပါတာပေါ့ ။

ဒေါ်စုကြည် ၅ နှစ်မှာ တောင် ဘာအကူအညီ
မှ မပေးခဲ့တဲ့ အမေရိကန်ဟာ မြန်မာ့ အရေးနဲ့
ပတ်သက်လာရင် ကောင်းဖို့ ထက် ဆိုးဖို့
ပျက်စီးဖို့ ကို သာ ခေတ်အဆက်ဆက် ဦးတည်
လုပ်ဆောင်ခဲ့တာ ဒီနေ့ အထိ မရပ်သေးပါဘူး
။ ဒါပေမယ့် အမေရိကန် က သူ့အကျိုးစီးပွား
အတွက် ဒီလို လုပ်တာ ဘာမှ ပြောလို့ မရ
ပေမယ့် မြန်မာတွေ ဖြစ်လျက်နဲ့ မြန်မာပြည်
ပျက်စီးဖို့ အမေရိကန် ခိုင်းသမျှ လိုက်လုပ်
ကြတာ ကို တော့ အံ့ဩ မဆုံး ဖြစ်မိတယ် ။

ဒီ လူအုပ်စုကြီး ​ကြောင့်ပဲ ဒီတိုင်းပြည်ကြီး
အခုလို ပျက်စီးနေရတာကိုတော့ သိစေချင်
တယ် ။ ပြင်ကြစေချင်ပါတယ် ။

မပြင်ဘံ ဒီအတိုင်း ခိုင်းသမျှ ဆက်လုပ်နေ
ကြ အုံးမယ် ဆိူ ရင်တော့ ကျွန်တော်တို့ နိုင်ငံ
ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ဟာ
ကျောက်ခေတ်ဆီ ပြန်ရောက်သွား
ပါလိမ့်မယ် ။

အောင်နိုင်သူ ( ဇွဲကပင် )

Post a Comment

Previous Post Next Post