တပ်မတော်ရဲ့ လက်နက်ကြီးကျည်မှန်ပြီး KNU တပ်မဟာ ၄ တပ်ရင်း ၁၀ က ဒုတပ်ရင်းမှူး အပါအဝင် (၃) ဦးသေ


တပ်မတော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) က ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော် ဆိုသူအပါအဝင် အကြမ်းဖက် (၃) ဦး သေဆုံးသွားခဲလတယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

အဆိုပါ KNU/KNLA/PDF အကြမ်းဖက်အုပ်စုဟာ မေလ ၁၇ ရက် မနက်ပိုင်းက ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်စခန်းအနီးမှာရှိတဲ့ လမ်းပိုင်းတစ်နေရာမှာ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ တပ်မတော်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီသေဆုံးမှုကို KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား ဆိုသူက အတည်ပြုထားပေမယ့် တပ်မတော်ကပစ်တဲ့ လက်နက်ကျည်ကြောင့်ဆိုတာကို ဖုံးကွယ်ကာ သူတို့ရဲ့ လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့်ဆိုပြီး လိမ်ညာထားတယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။

တပ်မတော်ဟာ ထားဝယ်- မေတ္တာ- ထီးခီး- ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ KNU တပ်မဟာ ၄ တပ်ရင်း (၁၀) ၊ တပ်ရင်း (၁၂) ၊ KNU တပ်မဟာ ၆ တပ်ရင်း (၂၇) တို့ကို လေကြောင်းပစ်ကူရယူပြီး နှိမ်နင်းလျှက်ရှိနေတယ်လို့ သိရပါတယ်။
Crd#𝙈𝙃𝙏𝙉𝙀𝙒𝙎

Post a Comment

Previous Post Next Post