ဘာ့ကြောင့် အငြှိုးတကြီးလိုက်လံတိုက်ခိုက်ဖျက်စီးနေကြတာလဲ?


သီတဂူဆရာတော်ကြီးဟာ ဗုဒ္ဓဘာသာနဲ့
မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး
အမေရိကန်နိုင်ငံရဲ့ ဘာသာပေါင်းစုံ
နှီးနောဖလှယ်ပွဲကို ၁၉၉၀ ဝန်းကျင်လောက်က
တက်ရောက်ခဲ့ပါတယ်။

ဟိန္ဒူ၊ဂျူး၊ခရစ်၊မွတ်တို့ပါဝင်တဲ့ထိုပွဲကြီးမှာ
ဖန်ဆင်းရှင်ကို ကိုးကွယ်တဲ့ဘာသာရေး
ခေါင်းဆောင်တွေကို အလွန်တရာလေးနက်
ထိရောက်တဲ့မေးခွန်းကြီးတစ်ခုမေးတော်မူပါတယ်။

သီတဂူဆရာတော်ကြီးအမေး...
ဗြမ္မာ၊ယေဟိုးဝါ၊ဂေါ့ဒ်၊အလ္လာတို့
ကမ္ဘာကိုဖန်ဆင်းကြတဲ့ ဘုရားသခင်
လေးဦးထဲမှာ တစ်ဦးဦးကအရင်ပေါ်ပြီး
ကမ္ဘာကို ဖန်ဆင်းလိုက်ရင် ကျန်သုံးဦးအတွက်
ဖန်ဆင်းစရာ ကျန်မှကျန်ပါဦးမလား?
အရင်ပေါ်တဲ့တစ်ဦးကပြိုင်ဘက်လိုချင်လို့
ကျန်သုံးဦးကို ဖန်ဆင်းခဲ့လေသလား?
လေးဦးတပြိုင်နက်ပေါ်တယ်ဆိုရင်လည်း
အလုအယက်ဖန်ဆင်းတယ်ဆိုရင်လည်း
ဒီဘုရားတွေရန်မဖြစ်ကြဘူးလား?
ဒါမှမဟုတ်ဘုရားလေးပါးဟာ
ကွန်ဖရင့် လုပ်ပြီး တစ်ဦးကအမေရိကန်ကို
ဖန်ဆင်း၊ကျန်သုံးဦးက ဥရောပ
သြစတြေးလျ၊အာရှ တို့ကို ဝေပုံကျ
ဖန်ဆင်းသွားကြတာလား? လို့
မေးတော်မူပါတယ်။

ထိုအခါ ဂျူးဘုန်းတော်ကြီးတစ်ပါးက
သူတို့ရဲ့ ယေဟိုးဝါဘုရားသခင်က
အရင်ဆုံးပေါ်ခဲ့တာလို့ပြောဆိုပါသတဲ့

ဒါကိုဆရာတော်ကြီးက ဆက်မေးပါတယ်...
ဒါဆို အခြားဘုရားတွေဖန်ဆင်းဘို့
ချန်ထားခဲ့သေးလား? ဒါမှမဟုတ်ရင်
နောက်ပေါ်ဘုရားတွေက ပထမဖန်ဆင်း
ပြီးသားကို Upgrade အဆင့်မြှင့်လုပ်တဲ့အနေနဲ့
ဖန်ဆင်းခဲ့တာလား?

ဂျူးဘုန်းကြီး။    ။အဲ့ဒါတော့ကျုပ်လည်း
မဖြေတတ်ဘူး။

သီတဂူဆရာတော်ကြီး။      ။မဖြေတတ်
ဖြေတတ်အောင်ဖြေပါ၊နောက်တစ်ပတ်ဆွေးနွေးပွဲမှာလည်း
မင်းရဲ့အဖြေ ငါစောင့်မယ် ဟု မိန့်ကြားပါတယ်။

နောက်တစ်လအကြာဆွေးနွေးပွဲပြန်စတော့

သီတဂူဆရာတော်။    ။ဂျူးဘုန်းကြီးကို
မင်းအဖြေငါစောင့်နေတုန်းပဲလို့ မေးလိုက်တယ်။

ဂျူးဘုန်းကြီး။  ။ဆက်စောင့်ပါဦးတဲ့

ဆရာတော်ဘုရားကြီးဟာအမေရိကန်ကနေသာ
ပြန်လာရော အဲ့အဖြေမရခဲ့ပါဘူး။

အဲ့ဒီလိုဆွေးနွေးပွဲတွေကမှတဆင့်
ဗုဒ္ဓဘာသာကို အားလုံးကတညီတညွတ်ထည်း
ကမ္ဘာ့အကောင်းဆုံးဘာသာအဖြစ်
မဲပေးရွယ်ချယ် သတ်မှတ်ပေးလိုက်ကြတာပါ။

အကောင်းဆုံးဘာသာဖြစ်ရတာလဲ
ဗုဒ္ဓဘာသာဟာ သူတို့ဘာသာတွေလို
အစစ် အမေးမခံရဲတဲ့ဘာသာမဟုတ်ပါဘူး
ကြိုက်သလိုစစ် ကြိုက်သလိုမေး
ဖြေစရာတွေအသင့်ရှိပြီး ဖြေနိုင်ခဲ့တဲ့ဘာသာပါ။

ထိုသို့ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး
ဘာသာအဖြစ်ဆုံးဖြတ်ပေးလိုက်ကြပေမဲ့
ဘာသာခြားတွေဟာ ဗုဒ္ဓဘာသာနဲ့
သီတဂူဆရာတော်ကြီးကို အငြှိုးတကြီး
စတင်တိုက်ခိုက်ပါတော့တယ်။

သူတို့ကိုယ်တိုင်ထွက်တိုက်တာမဟုတ်ပဲ
ဗုဒ္ဓဘာသာနဲ့အခြားဘာသာတွေ
ပြည်တွင်းမှာပြဿနာဖြစ်အောင်
တိုင်းတပါးကနေ ငွေပေးကြိုးကိုင်ဖန်တီး
ပြဿနာဖြစ်လာတော့ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတွေဒေါသထွက်တဲ့
ပုံရိပ်တွေယူပြီးတော့ ဗုဒ္ဓဘာသာနဲ့
သံဃာတော်တွေ အကြမ်းဖက်နေပါတယ်လို့
ကမ္ဘာကို လိမ်ညာပြီး သတင်းတွေဖြန့်
သီတဂူက အကြမ်းဖက်ဖို့လှုံ့ဆော်နေပါတယ်
လုပ်ကြပါရော။

ဆရာတော်ကြီးကိုဆဲဆိုပုတ်ခတ်
စော်ကားတာတွေရည်ရွယ်ချက်ရှိရှိ
လုပ်ခိုင်းနေတာ ယနေ့အချိန်အထိပါပဲ။

လောလောဆယ်တော့သူတို့လုပ်ငန်းဟာ
အတော်အောင်မြင်နေတယ်ဆိုရမယ်
သူတို့ကငွေကို ရေလိုသုံးနိုင်ပြီး
ကိုယ့်ဆီကလူငယ်တွေက ငွေကိုလွယ်လွယ်ရမယ်ဆို
ဘာဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့ဘဝဖြစ်နေကြတာကိုး
နောက်ဘဝဆိုတာမသေချာဘူးဒီဘဝ
ကောင်းကောင်းနေကောင်းကောင်းစားရဘို့
အရေးကြီးတယ်လို့ အတွေးဝင်ပြီးမိုက်နေကြတယ်။

အို...ဗုဒ္ဓဘာသာဝင် အပေါင်းတို့
ဒို့ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာအကောင်းဆုံး
ဘာသာဖြစ်လို့ ဒို့ဘာသာကိုသူတို့ဖျက်နေကြတယ်။

ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာအကောင်းဆုံးဘာသာ
အဖြစ်အသိအမှတ်ပြုရအောင်
သီလ သမာဓိ ပညာတွေနဲ့ပြည့်စုံလွန်းတဲ့
သီတဂူဆရာတော်ကြီးကစွမ်းဆောင်ခဲ့တယ်၊
ဒါ့ကြောင့်သီတဂူဆရာတော်ကြီးကို
ပျက်စီးရာပျက်စီးကြောင်းတွေ
သူတို့ယုတ်မာအောက်တန်းကျစွာ
လုပ်နေကြတယ်။

ကမ္ဘာကိုကျန်တာတွေဒို့မတုနိုင်ပေမဲ့
ဒို့တွေရဲ့ ဘုရား၊တရား၊သံဃာကိုတော့
သူတို့ဘယ်တော့မှမတုနိုင်တော့ပါဘူး။

ဒါ့ကြောင့်မိုက်နေတာတွေရပ်တန်းက
ရပ်ကြပါတော့...
နောက်ဘဝမကူးခင် ဒီဘဝမှာတင်
ငရဲခံနေရတာတွေ မကြည့်ရက်တော့လို့ပါ။

"စာရေးဆရာချစ်လူတက္ကသိုလ်"

Post a Comment

Previous Post Next Post