လေထဲကအိမ်

မြန်မာနိုင်ငံကို ပေါ်အောက်ဖြတ်ပြီး ကိုယ်ပိုင်လမ်းသဖွယ် EAOs တွေကို နောက်ကွယ်က လက်မည်းကြီးနဲ့ လက်ဝါးကြီးအုပ်ဖို့ အိပ်မက်မက်ခဲ့တဲ့ ပေါက်ဖော်တို့ရဲ့ ပိုးလမ်းမကြီး/ကျောက်ဖြူရေနက်ဆိပ်ကမ်း အိပ်မက်ကြီးကတော့ ယမန်နေ့က နောင်ချို သရက်ကုန်းတိုက်ပွဲရလဒ်ကြီးနဲ့ ပျက်ပြယ်ခဲ့ရရှာလေပြီ။


အစိုးရအဆက်ဆက် ညှိတယ် ဒီလမ်းကြီးကို လက်ဝါးကြီးအုပ်အမြတ်ထုတ်ရယူနိုင်ဖို့ မရတော့ မြန်မာနိုင်ငံမှာ မဲမသမာမှုကြောင့် တပ်မတော်မှ အာဏာထိမ်း ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေနဲ့ ဘယ်တုန်းကမှ တပ်မတော်ကို မော်မကြည့်ရဲခဲ့တဲ့ TNLA/MNDAA တို့ကို နောက်ကွယ်ကနေ UWSA မှတဆင့် သွယ်ဝှိုက်ထောက်ပံ့ခဲ့ပြီး ၁၀၂၇ အမည်တပ် နိုင်ငံကို အမြတ်ထုတ်ဖို့ ကြိုးစားခဲ့သမျှ အချည်းအနှီး ဖြစ်လို့သွားခဲ့ပါပြီ။
နောက်တစ်ခု ပေါက်ဖော်တို့ရဲ့ ပိုးလမ်းမအိပ်မက်ကို ပျက်ပြယ်စေတာကတော့ ရခိုင်မှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ AA/BPLA သောင်းကျန်းသူတို့ဖြစ်ပါတယ်။ ဘာမှထောက်ပံ့မှုမရှိခင်/မရခင်အချိန်က AA တွေဟာ ပေါက်ဖော်တို့ရဲ့ ဩဇာခံ အိမ်တော်ပါ ကျွန် ရင်းတွေအဖြစ်ခြေသုပ်ပုဆိုးမြွေစွယ် ကျိုး နေခဲ့ကြပြီး အခုအနေအထားတစ်ခုကိုရောက်လာပြီဆိုတာနဲ့ သူတို့ရဲ့ အာရခန်အိပ်မက် ကိုအကောင်အထည်ဖော်မလိုလို ဘာလိုလိုနဲ့ ပေါက်ဖော်တို့ရဲ့ လိုလားချက်တွေ တားမြစ်ချက်တွေမှန်သမျှကို မသိကျိုးကျွံပြုကြတော့တာပါပဲ။
ဆိုတော့ ပေါက်ဖော်တို့အနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်မလား? ယူနန်လိုကုန်းတွင်းပိတ် မြို့ကြီးတွေအတွက် ရှေ့အနာဂတ်ကိုထည့်သွင်းစဉ်းစားမလား? မြန်မာနိုင်ငံကို လူလည်ကျ အမြတ်ဆက်ထုတ်ဖို့လုပ်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
တပ်မတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ရှင်းတယ် ရှမ်း/မြောက်ကနေကုန်စည်ပို့မရရင် ရှမ်း/အရှေ့ နဲ့ ရှမ်း/တောင်ကနေ ပြောင်းပို့မယ်။ ကြိုက်တဲ့နေရာကနေပိတ် မြန်မာနိုင်ငံမှာ ပို့စရာလမ်းတွေပုံလို့  ၁ကျပ်တန်ကုန်ပစ္စည်းကို ပေါက်ဖော်တို့အနေနဲ့ ၁၀ ပေးစားပေါ့ဗျာ။

Post a Comment

Previous Post Next Post