ကယားအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လွိုင်ကော်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ(၁)ဦး၊နည်းပြ(၁)တစ်ဦးနှင့် သားဖြစ်တို့ပြန်လည်လွတ်မြောက်လာ


KNDF/PDF အကြမ်းဖက်အဖွဲ့များမှ ၂၀၂၃ နိုဝင်ဘာ ၁၂ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မေလ ၂၈ ရက်နေ့တွင်ပြန်လည်လွတ်‌မြောက်လာသည့် လွိုင်ကော် တက္ကသိုလ်မှ ဒေါ်ခင်သီတာဝေ (တွဲဖက်ပါမောက္ခ၊ ဓာတုဗေဒဌာန) နှင့် ၎င်း၏သားဖြစ်သူ မောင်သူရဝေယံ၊ ၉ နှစ် နှင့် ဒေါ်နန်းဝေနှင်းဦး (နည်းပြ၊ ဥပဒေပညာဌာန)တို့ ၃ ဦးအား ပင်လောင်းတပ်နယ် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဌ နှင့် ဌာနဆိုင်ရာအဖွဲ့များမှ ကြိုဆိုခဲ့ကြောင်းသိရှိရပါသည်။

ရွှေနေကြာ

Post a Comment

Previous Post Next Post