ကျင့်ဝတ်သိက္ခာမဲ့တဲ့ သံအမတ်ကြီး သိစေရန်


အစိုးရထုတ် နေ့စဉ်သတင်းစာမှာပါတဲ့ အမည်မဖော်လိုသူ ပြည်သူတစ်ဦး ရေးသားထားတဲ့ “NUG ၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ” အင်္ဂလိပ်လိုဆောင်းပါဟာ ရန်ကုန်မြို့အခြေစိုက် သံတမန်အသိုင်းအဝန်းမှာ တော်တော်ပျံ့နှံ့နေပါတယ်…
-
အဲ့ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ PDF အချင်းချင်း ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုဖိုင်ထဲက မြင်ကွင်းကိုကြည့်ပြီး ဘယ်လိုသဘောထားပါသလဲ? လို့ NUG ကို ထိတွေ့နေတဲ့ အနောက်အုပ်စုက အမေရိကန်မဟုတ်တဲ့ နိုင်ငံကြီးတစ်နိုင်ငံ သံအမတ်တစ်ဦးကို မေးကြည့်ခဲ့ပါတယ်….
-
အဲ့ဒီပုဂ္ဂိုလ်က ဒီဖြစ်စဉ်နဲ့ ဆောင်းပါဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့် (junta propaganda) သာဖြစ်လို့ ဒါမျိုးတွေ သူ့ဆီကိုမပို့ဖို့ ဖင်ပိတ်ငြင်းဆိုခဲ့ပါတယ်….
-
PDF အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်နေမှုဟာ စစ်ကောင်စီက ဝါဒဖြန့်တာမဟုတ်ဘဲ အမှန်တကယ် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်သာဖြစ်ပါတယ်….
-
သံတမန် တစ်ယောက်အနေနဲ့ အကြမ်းဖက်လုပ်ရပ်မှန်းသိပေမယ့် မျက်စိပိတ်၊ နားပိတ်ပြီး မသိချင်ယောင် ဆောင်လို့ မရပါဘူး.. မိမိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့လိုသလို ပြည်သူတွေအပေါ်ကိုလည်း စာနာနားလည်မှုရှိရပါမယ်…
-
အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ဟာ စစ်တပ်အုပ်ချုပ်မှုနဲ့ မဆိုင်ဘဲ ပြည်သူတွေရဲ့ ခံစားချက်ကို သိမြင်နားလည်ဖို့လိုပါတယ်…
-
သံတမန်တစ်ဦးအနေနဲ့ သူတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံအတွင်းမှာရှိတဲ့ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးနေခြင်းဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တာဖြစ်သလို ဂုဏ်သိက္ခာမဲ့တဲ့ ရိုင်းစိုင်း တဲ့လုပ်ရပ်ဖြစ်ပါတယ်….
-
နိုင်ငံအကြီးအငယ်နဲ့ မဆိုင်ဘဲ သံတမန်ဆိုတာ ကျင့်ဝတ်အရ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်အောင် ဆက်ဆံရသလို သက်ဆိုင်ရာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့လိုပါတယ်…
-
အုပ်ချုပ်သူအစိုးရကို မကြိုက်တာနဲ့ အကြမ်းဖက်သမားတွေ ဘာလုပ်လုပ် အားပေး ထောက်ခံနေရင်တော့ မြန်မာသာမက ကမ္ဘာမှာ အကြမ်းဖက်သမားတွေ အင်အားကြီးထွားလာမှာကို အဲ့ဒီသံအမတ်ကြီး သိနားလည် စေချင်ပါတယ်….

#ခင်ညိုချော

Post a Comment

Previous Post Next Post