စစ်ဖြစ်ရင် ဘယ်အရာမှ မကောင်းဘူးဆိုတာ ဒါတွေက သက်သေပါပဲ။

ရှမ်းမြောက်ဘက်မှာ အကြမ်းဖက်လက်နက်ကိုင်တွေက ပြည်ထောင်စုလမ်းမတွေကို ထိန်းချုပ်ထားကြတယ်။ တချို့သော တံတားတွေကလည်း မိုင်းခွဲခံထားရလို့ ကွင်းရှောင်လမ်းတွေ အမြန်ဖောက်ကြရတာ တွေ့ရတယ်။ သာမန်အားဖြင့် ကွင်းရှောင်လမ်းတွေဟာ မိုးမရွာရင် အဆင်ပြေကောင်းပြေနိုင်ပေမယ့် မိုးတကြိမ် နှစ်ကြိမ်လောက်ရွာတဲ့အခါမှာ ပုံမှန်မြေသားလမ်းကနေ ဗွက်ပေါက်တဲ့ ကားလမ်းတွေ ဖြစ်လာကြတယ်။

ပုံမှန် တံတား တစင်းနေရာမှာ ကားတစီးဖြတ်ချိန်က အများဆုံးရှိမှ ၂ မိနစ်လောက်ဆိုပေမယ့် မဖြစ်မနေ ဖြတ်သန်းဖို့ လိုလာတဲ့ ပြည်သူတွေဟာ ရနိုင်သမျှ ကွင်းလမ်းတွေကနေ နာရီပေါင်းမြောက်များစွာ အချိန်ပေးပြီး ဖြတ်သန်းကြရပြန်တယ်။

ပိုဆိုးတာက ခက်ခက်ခဲခဲ ဖြတ်နေချိန်မှာပဲ ဘာပစ္စည်းပါလို့ဆိုပြီး ကားတစီး သိန်းချီကောက်တဲ့ လက်နက်ကိုင်တွေကြားမှာ ပြည်သူတွေရဲ့ ဘဝဟာ မလူးသာမလွင့်သာလှဘူး။ စစ်ဖြစ်ရင် ဘယ်အရာမှ မကောင်းဘူးဆိုတာ ဒါတွေက သက်သေပါပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post