ဘာ့ကြောင့်လူငယ်တွေ တပ်မတော်ထဲရောက်လာသလဲ....?

ပြည်ဖျက်မီဒီယာတွေက တပ်မတော်တပ်သားသစ်စုဆောင်း နေတာတွေကို သဲသဲလှုပ်ဖြစ်နေတော့၊
မြန်မာပြည်မပျက်တော့မှာကို ပူပန်နေပုံရတယ်။
တစ်လ တစ်သောင်းပဲစုစု၊ တစ်သိန်းပဲ စုစု၊
တစ်သန်းပဲစုစု ဘာပြဿနာရှိလို့လဲ။

အခုတစ်လ တစ်သောင်းစုတာ တကယ်ဆို
နည်းနေသေးတာ၊ တစ်လကို ၄ သောင်းလောက်
စုစေချင်တာ

သူပုန်လုပ်ခိုင်းနေတာ မဟုတ်သလို၊
သူပုန်တွေလို ရွာထဲကလူတွေအတင်း
ပေါ်တာဆွဲနေတာ မဟုတ်ဘူး။

တရားဝင်နိုင်ငံ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့
ဥပဒေနဲ့ ဆောင်ရွက်နေတာ

လစာရှိတယ်၊ ရိက္ခာရှိတယ်။ ဂုဏ်သိက္ခာရှိတယ်။
မိဘတွေခွင့်ပြုချက်ရှိတယ်။ အာမခံချက်ရှိတယ်။
အသိအမှားတွေနဲ့ လမ်းမှားရောက်အောင် 
တွန်းပို့ပြီး လူငယ်တွေရဲ့အနာဂတ်ကို ဖျက်ဆီး
နေတာ မဟုတ်ဘူး။

တရုတ်ပြည်လို ပြည်တွင်းမှာ ဘာရန်သူမှမရှိပဲ
တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတောင်

မူလတန်းကျောင်းသားတွေမှာ
 အမျိုးသားကာကွယ်ရေးအသိကို
 နည်းနည်စီသွတ်သွင်းဖို့၊

အလယ်တန်းကျောင်းသားတွေမှာ အခြေခံဗဟုသုတနဲ့ကျွမ်းကျင်မှုတွေကို သင်ယူရမှာဖြစ်ပြီး၊
အထက်တန်းနဲ့ တက္ကသိုလ်တွေက စစ်သင်တန်းတွေကို
 မဖြစ်မနေသင်ကြားဖို့ စီမံဆောင်ရွက်ခြင်းသည်

အမျိုးသားကာကွယ်ရေးအသိနဲ့ ဗဟုသုတတွေကို
ရရှိစေဖို့ဆိုတာကို သိပါသလား။

ဘာ့ကြောင့် တည်ငြိမ်အေးချမ်းတဲ့နိုင်ငံက
ယခုလို ကလေးငယ်တွေကစပြီး၊ လူငယ်မျိုးဆက်တွေအထိ နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့အသိကို စီမံဆောင်ရွက်ရသလဲ။

အခု မြန်မာနိုင်ငံလို ဖြစ်နေတာတွေကို အခြားနိုင်ငံတွေက
သင်ခန်းစာမယူပဲ ကိုယ်တိုင်ခံစားမယ် ထင်နေလို့လား။

အရာအာလုံးသည် ပစ္စုပ္ပန်တစ်ခုထဲအတွက် လုပ်ဆောင်နေတာမဟုတ်ပဲ အနာဂတ်အတွက် ပြင်ဆင်နေကြတာ

အတိတ် ပစ္စုပ္ပန်နဲ့ ၂၀၂၀ ဆိုတဲ့ စကားဝိုင်းတစ်ခုရဲ့ အမေးအဖြေ ကဏ္ဍလေးမှာ၊

တပ်မတော်ကို အမုန်းတကြီးတစ်ခုခုကြောင့်
သူပုန်ကို အားကိုးလိုက်တာမျိုးရှိခဲ့ရင်ဆိုပီး
 နိမိတ်ပြ မေးခွန်းလေး မေးခဲ့ဖူးတယ်။

ဒေါက်တာဆလိုင်း ပြန်ဖြေလိုက်တာလေးက

" လင်ငယ်နေမှ လင်ကြီးကောင်းမှန်းသိတယ်တဲ့...''

ပညာရှင်တွေရဲ့ စကားက တွေးကြည့်ရင်
ပြေးကြည့်တာထက်မှန်တယ်ဆိုတာ အခု
အားလုံးလက်တွေ့သိမြင်ခံစားနေကြရပြီ။

တပ်မတော်ပြန်လာမှာကို မတည်ငြိမ်တဲ့
မအေးချမ်းတဲ့ ဒေသတွေမှာ နေထိုင်နေတဲ့
ပြည်သူတွေက ပိုမျှော်လင့်တယ်။

နီးရာဓားကြောက်နေရလို့သာ လူတွေဟာ
သူတို့ရင်ထဲက ဆန္ဒကို ဖုံးကွယ်ထားတာပါ။

ကိုယ့်အိမ်ကိုယ်မနေရ၊ ကိုယ့်လယ်ကိုယ်မစိုက်ရ၊
ရွာကစုပြီး ဆိုင်ကယ်ဝယ်ပေးရ၊ ထမင်းချက်ကျွေးရ၊
ကင်းစောင့်ပေးရ၊ ရွာထဲက ရွာပြင်ကိုထွက်ချင်တိုင်းထွက်မရ၊ မိသားစုက တစ်ယောက်ပြန်မလာရင် အသတ်ခံရတဲ့ ဘဝတွေနဲ့ ကိုယ့်အိုးကိုယ့်အိမ်ပစ်ပြီး ထွက်ပြေး​နေရတဲ့ဘဝတွေ၊ 

အဲဒါကြီးကို မီဒီယာနဲ့ ဖုံးထားတာ...

အဲဒိကဏ္ဍကို ကိုယ်တွေလိုနိုင်ငံအနေနဲ့
ပြိုင်ဆိုင်လို့လဲ မရဘူး။

အခြားနည်းလမ်းစဥ်းစားမှပဲရမယ်။

နှစ်ပေါင်းများစွာ စနစ်တကျရိုက်သွင်းထားတဲ့
ဝါဒမှိုင်းကနေတဆင့် အကြမ်းဖက်မှုတွေဖြစ်လာတာ

လူတွေရဲ့စိတ်ထဲမှာ အဆိုးမြင်တွေးခေါ်မှုကို
ကျော်သွားပြီဖြစ်တဲ့အတွက် ဒီဝါဒမှိုင်းကို
ကျော်လွန်နိုင်ဖို့နဲ့ ရေရှည်အကြမ်းဖက်သမားတွေ
မျိုးဆက်ပြတ်ဖို့ဆိုတာသည် လူမှုဘဝတွေနဲ့အတူ
စီးပွားရေးမကောင်းမွန်ပဲ  ဒီဝါဒမှိုင်းက လွတ်မှာ
မဟုတ်ဘူး။

လူတွေဟာ အတိတ်ကိုမေ့ပြီး၊ ပစ္စုပ္ပန်မှာပျော်ရွှင်ကာ
အနာဂတ်ကို လှမ်းမျှော်ကြည့်နိုင်ဖို့ ပြည်သူတွေရဲ့
လူမှုစီးပွားဘဝတွေ ကောင်းမွန်ဖို့လိုတယ်။

လူတွေရဲ့ဦးနှောက်ကို အဆိပ်ခတ်နေတဲ့ မီဒီယာ
ကဏ္ဍမှာ

သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတစ်ခုကိုဖျက်ဆီးခွင့်
တောင်းတာပဲဆိုတာလောက်တော့ သိသင့်ပါတယ်။

တရုတ်လိုနိုင်ငံတောင် သူ့တပ်မတော်ကို 4 + 4 နဲ့
ပြန်ဖွဲ့စည်းတဲ့နေရာမှာ သတင်းအချက်အလက်နဲ့
နည်းပညာကဏ္ဍကို အလေးထားတယ်ဆိုတာ မြင်ရတယ်။

ဖုံးကွယ်ထားတဲ့ အဆိပ်ခတ်နေတဲ့ မီဒီယာတွေရဲ့
သတင်းကိုကျော်ကြည့်ရင် မြင်နိုင်တာက

တပ်မတော်သာ သူတို့ဒေသ သူတို့ကျေးရွာ သူတို့မြို့တွေနဲ့အတူ သူတို့ရဲ့လူမှုဘဝတွေကို ယခင်လို လုံခြုံမှုပေးနိုင်မယ်ဆိုရင် သပြေခက်နဲ့ ကြိုမယ့်သူတွေဟာ မငြိမ်းချမ်းတဲ့ ဒေသက ပြည်သူတွေပါဆိုတာ လူကြီးမင်းတို့ ယုံထားပါ။

တပ်မတော်လုပ်နိုင်ဖို့ပဲလိုတယ်။

ကျနော်ယုံကြည်တယ်။

ဒီတစ်ကြိမ် တပ်မတော်ပြန်လာရင် ခင်ဗျားတို့
အနားက ဘယ်တော့မှ ခွာမှာမဟုတ်တော့ဘူး။

လူတွေရဲ့ရင်ထဲကနေ တပ်မတော်ကို
မျှော်လင့်နေတယ်ဆိုတာကို ယုံကြည်ထားပါ။

ဘာ့ကြောင့်လူငယ်တွေ တပ်မတော်ထဲရောက်လာသလဲ။

'' သူပုန်ကို လင်ငယ်သွားနေမိပြီး၊
လင်ကြီးကောင်းမှန်းသိသွားလို့ပဲ... ''

Post a Comment

Previous Post Next Post