ဘူးသီးတောင်မြို့က မွတ်ဆလင်အိမ်တွေကို AAမီးရှို့

ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ မွတ်ဆလင်များ၏ နေအိမ်တွေအားလုံးကို မနေ့ညက AA အကြမ်းဖက်အဖွဲ့က မီးရှို့လိုက်လို့ ပြာဖြစ်သွားကြောင်း ဒေသတွင်းသတင်းများအရ သိရပါတယ်။
လူဦးရေတစ်သိန်းခွဲကျော်လောက်ရှိမယ့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မွတ်ဆလင်တွေဟာ လမ်းပေါ်မှာ၊ လယ်ကွင်းတွေမှာ အစားအသောက်မရှိ ခိုလှုံစရာနေရာမရှိကြသည်အပြင် AA အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

ဘူးသီတောင်မြို့နယ်မှာ AA အကြမ်းဖက်အဖွဲ့က မွတ်ဆလင်အများအပြားကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်မီးရှိုးဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းစတဲ့ စစ်ရာဇာဝတ်မှု အများအပြားကို ကျူးလွန်ခဲ့ကြပါတယ်။

Post a Comment

Previous Post Next Post