အာဆီယံ - အမေရိကန် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၌ အာဆီယံ တူညီဆန္ဒ (၅) ချက်အရ လူသားချင်း စာနာမှုအကူအညီကိစ္စ မြန်မာဘက်ကဆွေးနွေး


(၃၆)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် မြန်မာအနေဖြင့် အာဆီယံ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် လူသားချင်း စာနာမှုအကူအညီများ ကိစ္စအပါအဝင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မေလ (၂၄) ရက် ကျင်းပခဲ့သည့် (၃၆)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Post a Comment

Previous Post Next Post