မစောတံတား ယာယီပြင်ဆင်နေမှုပြီးစီး၍ ယာဉ်ငယ်များ စတင်ဖြတ်သန်းခွင့်ပြု


မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ တောင်ကလေးကျေးရွာအနီးရှိ တံတားအမှတ် (၁/၁၃၀) မစောတံတား ယာယီပြင်ဆင်နေမှုပြီးစီး၍ ယာဉ်ငယ်များ စတင်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

မစောတံတားအား မေလ ၂၃ ရက်နေ့တွင် KNUနှင့်အကြမ်း ဖက်PDF အဖွဲမှ မိုင်းခွဲဖျက်ဆီးခံရသည့်အတွက် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဖောက်ခွဲဖျက်စီးခြင်းခံရသည့်တံတားမှ ကျိုးကျပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေသည့် (၈)ပေခန့် အကျယ် တံတားဘက်ခြမ်းအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ ပျဉ်ချပ်များခင်း၍ ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီချိန်တွင် ပြီးစီးခဲ့သည့်အတွက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှစ၍ ဘီးလင်းဘက်မှ သထုံမြိုဘက်သို (၁) တန်အောက် အိမ်စီးယာဉ်ငယ်များ စတင်ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)
#myanmarfocus

Post a Comment

Previous Post Next Post