နေပြည်တော်တွင် ကယ်ရီသမား၏ လည်ပင်းကို ဓားဖြင့်လှီးပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွါး


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မေလ (၃၀)ရက် ည (၉)နာရီ အချိန်ခန့်က ဆိုင်ကယ် ကယ်ရီသမား ၏ လည်ပင်းကို ဓားဖြင့် လှီးကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

မေလ (၃၀)ရက် ည (၈)နာရီခွဲ အချိန်က ဦးဇေယျာလင်းနှင့် ဇနီး ဒေါ်နှင်းနှင်းခိုင်တို့သည် ပျဉ်းမနားမြို့၊ မြင်းရုပ် အနီး ရန်နိုင်စားသောက်ဆိုင်ရှေ့တွင် ထိုင်နေစဉ်  အသက် (၂၅)နှစ်ခန့် အရွယ်ရှိ လူငယ်တစ်ဦး ရောက်ရှိ လာကာ ခြောက်ထပ်ကြီး၊ ယာဉ်မှုစစ်ရုံးဘက်သို့ သွားရောက်မည်ဖြစ်ပြီး ယင်းနေရာမှတဆင့် ပါဠိကွေ့သို့ ပြန်မည်ဟုပြောကာ  ငွေ (၇)ထောင်ကျပ်ဖြင့် ကယ်ရီခေါ်သဖြင့် ဦးဇေယျာလင်းသည် ကယ်ရီလိုက်သွားခဲ့ ကြောင်း သိရသည်။

ယင်းနောက် ည (၉)နာရီအချိန်ခန့်တွင် ဒေါ်နှင်းနှင်းခိုင်အား ဦးဇေယျာလင်း၏ ဖုန်းဖြင့် ဦးဇေယျာလင်း ဒဏ်ရာ ရရှိထားကြောင်း အမျိးသမီး တစ်ဦးမှ ဖုန်းဆက်ပြီး အကြောင်းကြားသဖြင့် အခင်းဖြစ်ပွါးခဲ့သည့် ပုဗ္ဗမန၊ ရွာသစ် ကျေးရွာအနီး၊ သပြေလမ်းနှင့် ရွာသစ်ကျေးရွာ အဝင်လမ်းထောင့်သို့ လိုက်သွားခဲ့ရာ ခင်ပွန်းဖြစ်သူသည် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ သွေးများ ထွက်နေပြီး လမ်းဘေးတွင်ထိုင်လျှက် တွေ့ရှိရသဖြင့် အနီးတွင်လူများမှ ဝိုင်းကူညီမှုဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွါးသည့် နေရာတွင် ဦးဇေယျာလင်း မောင်းနှင်သွားသည့် ဆိုင်ကယ်အမှတ် NPW 8 W/33491 KENBO 125 အမျိးအစား အနက်ရောင်ဆိုင်ကယ်အား မတွေ့ရှိရတော့ကြောင်းနှင့် လက်ရှိအချိန်တွင် ဦးဇေယျာလင်းအား ခုတင် (၁၀၀၀) ဆေးရုံကြီးတွင် ဆေးကုသမှုပေးနေကြောင်း သိရသည်

#Newvisionmedia

Post a Comment

Previous Post Next Post