၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားရာနှုန်းပြည့်ရရှိရေး လျာထားဆောင်ရွက်နေ


မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားရာနှုန်းပြည့်ရရှိရေးကို လျာထားဆောင်ရွက်နေကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြထားချက်အရ သိရပါတယ်။

ထိုအတွက်ရေအား ၊ နေရောင်ခြည်စွမ်းအင် ၊ လေစွမ်းအင်စသည့် စွမ်းအင်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် အကောင်အတည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် နေခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သည့် သပြေ-၃၃၀မဂ္ဂါဝပ် နှင့် သာစည် ၃၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံများကို မေလ၂၃ရက်တွင် ဖွင့်ပေးခဲ့ပြီး ယင်းစက်ရုံများမှတဆင့် အိမ်ထောင်စု (၉)သောင်း(၉)ထော င်ခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post