လူကျန်ရင် တော်ပြီ


အီတလီ နဲ့ အီသီယိုးပီးယား စစ်ဖြစ်တော့ မိုးညှင်းဆရာတော်ဘုရားကြီးဟာ မြေပုံကို လက်နဲ့ထောက်ပြီး မေတ္တာပို့တာ စစ်ပြေ ငြိမ်းဘူးတယ်တဲ့။

မြန်မာပြည်ကို မုန်တိုင်းကြီးတိုက်ခါနီး မှာ
တောင်တန်းဆရာတော်ဘုရားကြီး ဦးဥတ္တသာရကို ဆကာတော်တပါးက လျှောက်တော့ တတိယကမ္ဘာစစ်တောင် တားနိုင်သေးတာ မုန်တိုင်းလောက်တော့ တားစီးနိုင်လောက်ပါတယ်လို့ ပြန်ပြောတယ်၊ အဲဒီမုန်တိုင်းဟာ မြန်မာပြည်ကိုမဝင်ပဲ အိန္ဒိယ နိုင်ငံကို ဝင်သွားသတဲ့။

ဗုဒ္ဓ တရားတော်တွေအရ ကပ္ပထိတိ ဆိုတဲ့စကားလုံးတလုံးရှိတယ်၊ ကမ္ဘာကြီးကိုရပ်စေနိုင်သူလို့အဓိပ္ပါယ်ရတယ်၊ သောတာပန်တယောက်ဖြစ်ဖို့ ပါရမီပြည့်နေပြီ သူကတရားအားထုတ်နေတယ်၊ ကမ္ဘာကြီးကလည်း ပျက်ဖို့အကြောင်းပါလာလို့ အချိန်တိုက်ဆိုင်နေပြီဆိုရင် သောတာပန်ဖြစ်ပြီးမှ ကမ္ဘာကြီး ပျက်ပေးရတယ်တဲ့။

အရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ်ကြီးလည်း ကပ်ဘေးဖြစ်စဥ်အခါက ရဟန်းတော်တွေဆွမ်းကွမ်းမပြည့်စုံလို့ ကမ္ဘာမြေကြီးရဲ့အောက်က မြေဆီလွှာကို တန်ခိုးနဲ့ ယူဖို့ ဘုရားရှင်ကိုလျှောက်တယ် ဘုရားရှင်က ကမ္ဘာကြီးပေါ်က သတ္တဝါတွေကို ဘယ်လိုလုပ်မလဲ မေးတော့ ကမ္ဘာသစ်တခုဖန်တီးပြီး ရွေ့ပြောင်းထားမယ် ပြီးတော့ ကမ္ဘာကြီးကိုခွဲ ပြီး မြေကြီးအောက်က မြေဆီလွှကို ယူမယ်လလျှောက်ခဲ့ဘူးတယ်၊ ဘုရားရှင်က တန်ခိုးကို ခွင့်မပြုလို့သာ မလုပ်ဖြစ်ခဲ့တာပါ။

ဘုရားရှင်နဲ့ အရှင်မဟာမောဂ္ဂလန် တို့ရဲ့ ပြောဆိုတဲ့စကားတွေဟာ မယုံကြည်စရာကောင်းပေမဲ့ ပုံပြင်မဟုတ်ပါဘူး တကယ့်အမှန်တရားတွေပါ။

ဗုဒ္ဓ ဘာသာတွေ မှာ တန်ခိုးက္ကုဒ္ဓိပါတ် နဲ့ပြည့်စုံရင် မဖြစ်နိုင်တာမရှိပါဘူး။ ကောင်းကင်ပျံနိုင်သလို မြေလျှိုးနိုင်တယ် နတ်နားကဲ့သို့ အဝေးကြီးကအသံတွေ ကြားရသလို တောတွေ တောင်တွေကိုလည်းညဖောက်ထွင်းပြီးမြင်နိုင်ကြပါတယ်၊ စူဠပန်မထေရ်ကြီးတို့လို ကိုယ်ပွားတထောင်
ဖန်ဆင်းတာတွေ လည်း ရပါတယ်။

အရဟတ္တမဂ် အရဟတ္တဖိုလ် တွေရဲ့ စွမ်းပကားဟာ အင်မတန်ကြီးကျယ်ခမ်းနားလှပါတယ်၊ ဘုရားရှင်လက်ထက်တော်အခါက ရ ဟန္တာကိုရင်လေးတွေ စျာန်ရကိုရင်လေးတွေဟာ နေတွေ လတွေ နဲ့တောင် ဆော့ကစားသတဲ့၊ ကိုရင်လေးတပါးဟာ သိကြားမင်းရဲ့ဗိမာန်ကိုတောင် ခြေခြားထဲ ညှပ်ပြီး ကိုင်လှုပ်ဘူးခဲ့တယ်။

ဝေသာလီကပ်ဘေးဖြစ်တော့ ရတနာသုတ်တော်ကြီးပူဇော်တယ်ဆိုတာဟာလည်း သောတာပန်ရဲ့ ဂုဏ်အဂ်ါ ကိုချီးမွမ်းတာပါပဲ။

ပြောချင်တာက
မြန်မာပြည်ဟာ သာသနာတော်ထွန်းကားသလို အရိယာကြီးတွေ မဆိတ်သုံးသေးပါဘူး ။ အခုဖြစ်နေတဲ ကပ်ဘေးတွေမှာ လူတွေအသေအပျောက်များတယ်ဆိုတာဟာ ကယ်မရလို့ များနေကတာပါ၊ ကပ်ဘေးဆိုတာ တသံသရာလုံးပြုလုပ်ခဲ့တဲ့အကုသိုလ်အကြီးစားကြီးတွေ အကျိုးပေးတတ်တာမို့ သူတော်ကောင်းကြီးတွေပါ ပျက်စီးတတ်တဲ့သဘော ရှိပါတယ်၊ မပျက်စီးလို့ကယ်မယ်ဆိုရင်လည်း အကယ်ခံရတဲ့သူရဲ့ အကုသိုလ်အကျိုးပေးက ရှိပါသေးတယ်။

ရွှေဘိုမြို့ကြီး မီးလောင်တော့မဲ့အကြောင်း ဝေဘူဆရာတော်ဘုရားကြီးကြိုသိလို့ ကြိုတားပေမဲ့ တဝက်ပျက်စီးသွားလို့ သတ္တဝါ တွေဟာ ကယ်ချင်တိုင်းကယ်မရဘူးလို့ ညည်းခဲ့ဘူးပါတယ်။

ရောဂါပိုးမွှားဘေး လက်နတ်ဘေး ငတ်မွတ်ဘေး ကိုခံနေရတာဟာ မြန်မာတနိုင်ငံတည်းမဟုတ်ပါဘူး တကမ္ဘာလုံးခံနေရတာပါ။

ဒါ့ကြောင့် ကုသိုလ်လုပ်ယုံနဲ့တောင် မလုံလောက်တဲ့ ကပ်ဘေးကို ကျော်လွှားဖို့ သူတော်ကောင်းကြီးတွေ ကယ်နေတဲ့အချိန်မှာ အကယ်ခံရတဲ့အထဲ ပါအောင် ကုသိုလ်ဓာတ်ခံများများ လုပ်ဖို့ လိုအပ်ပါတယ်။

ဓမ္မ မိတ်တွေများ
ကပ်သုံးပါးဘေးကို ကျော်လွှားနိုင်ဖို့ စိတ်ဓာတ်ကျမနေပဲ ကုသိုလ်များများလုပ်ထားကြဖို့ တိုက်တွန်းပါရစေ။

ကပ်ဘေးမှာ စီးပွားရေး အဆင်မပြေတာ သိက္ခာကျတာတွေ တခြားအပူတွေလည်းအများကြီးရှိကြပါလိမ့်မယ်။ ဒါပေမဲ့ လူမသေပဲ ကပ်ဘေးကို ကျော်လွှားနိုင်ရင် အကောင်းဆုံးအခြေအနေမို့ နံပါတ်တစ်အနေနဲ့ ပျက်စီးထဲအထဲ မပါအောင်သာ ကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

အသက်ရှင်နေရင် နောင်တချိန် စီးပွားရေးကပြန်ရှာလို့ရပါတယ်။

ဒီအချိန်မှာ အသက်မသေပဲ ကျော်ဖြတ်နိုင်တာကိုက ကံအကောင်းဆုံးလူသားစာရင်းဝင်ပါပြီ။

သူတော်ကောင်းကြီးတွေ ကယ်တဲ့အထဲ ပါအောင်
ကုသိုလ်များများ ပြုလုပ်ထားကြဖို့ သင့်ပါကြောင်း
သတိပေးတိုက်တွန်းပါရစေ။

မေတ္တာဖြင့်

ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post