ကချင်ပြည်ကို KIAအုပ်ချုပ်ရင်ဘာဖြစ်မလဲ?


KIAရဲ့အဓိက အာဏာသက်ရောက်ရာ စီးပွါးရေးနယ်မြေတွေဖြစ်တဲ့ တပ်မဟာ၂နယ်မြေ တနိုင်း တပ်မဟာကိုးနယ်မြေ ဖားကန့်ဒေသတွေဆီမှာ နေထိုင်ဘူးတဲ့သူတိုင်းသိပါလိမ့်မယ်။

တနိုင်းဒေသတွင်းရှိKIAအုပ်ချုပ်ရာ ရွှေမှော် ပယင်းမှော်များမှာ ဆန် ဆီ ဆားကအစ လူခွန်ထိကောက်ပါတယ်။ မိမိအိမ်ကယူလာတဲ့ဝမ်းစာအတွက်ဆန်တောင်သယ်ခွင့်မရှိပါဘူး။ ကိုယ့်ဆန်နဲ့ကိုယ်တောင် KIAကိုဆက်ကြေးပေးမှ သယ်ခွင့်ရှိတာပါ။ ကိုယ့်ဆန်အိပ်ဖိုးက ငါးသောင်း မှော်ထဲမှာဆန်တစ်အိပ်နှစ်သိန်းဆို တစ်သိန်းခွဲအခွန်ဆောင်ဆိုပြီး မတရားဆက်ကြေးကောက်အနိုင်ကျင့်ကြပါတယ်။

စက်ပစ္စည်း စက်သုံးဆီ မည်သည့်ပစ္စည်းမဆိုKIAက အဝင်မခံပါဘူး။ သူတို့မတရား အမြတ်ကြီးစားပြီး စျေးမတရားတင်ထားတဲ့ဆိုင်တွေမှာသာ ဝယ်ယူခွင့်ပြုတာဖြစ်ပါတယ်။ ကိုယ်ပိုင်သယ်ဆောင်လာတဲ့ပစ္စည်းဆိုရင်တောင် သူတို့စိတ်ကြိုက်တောင်းတဲ့ ဆက်ကြေးပေးမှသာ သယ်ခွင့်ပြုတာပါ။ လူအပါအဝင် အစားအသောက် ဆေးဝါး ဘာမှမချန်ပဲ အကုန်မတရားဆက်ကြေးကောက်ပါတယ်။

ပြည်သူတွေဆီကမတရားကောက်ခံထားတဲ့ဆက်ကြေးတွေကလည်း ကချင်ပြည်သူတွေဆီရောက်တာမဟုတ်ပါဘူး။ အဲ့နယ်ထဲက ဒူကဘာတွေ ဆလန်ကဘာတွေရဲ့ အိပ်ကပ်ထဲရောက်ကုန်တာဖြစ်ပါတယ်။ တနိုင်းဒေသမှာကျတဲ့ KIAအရာရှိမှန်သမျှ အကုန်မတရားချမ်းသာကြပါတယ်။

တပ်မဟာကိုးနယ်မြေ ဖားကန့်မှာဆိုလည်း KIAရဲ့ မတရားဆက်ကြေးကောက်အနိုင်ကျငိ့မှုဟာ ကြောက်ခမန်းလိလိပါ။

ဖားကန့်ဒေသမှာဖွင့်တဲ့ဆိုင်ကြီးဆိုင်ငယ် ဘိန်းခန်း ဖာခန်းကအစ ကွမ်းယာဆိုင်မချန် အကုန်ဆက်ကြေးကောက်ပါတယ်။ ဆက်ကြေးကောက်ယုံတင်မက ပြည်သူတွေရရှိတဲ့ကျောက်စိမ်းတွေကို မတရားအနိုင်ကျင့် သိမ်းစည်းကြပါတယ်။ ကျောက်စိမ်းရောင်းရငွေမှန်သမျှကိုလည်း ၁၅%နှုန်းမှစပြီး အခွန်ခေါင်းစဉ်နဲ့ဆက်ကြေးကောက်ပါသေးတယ်။

အိမ်ရောင်းရင်လည်းဆတ်ကြေးကောက်တယ် အိမ်ဆောက်ရင်လည်းဆက်ကြေးကောက်တယ်။ ကားစီးရင်လည်းဆက်ကြေးကောက်တယ်။ ရသမျှဆက်ကြေး အိပ်ကပ်ထဲထည့် မရင်ငယ်ထား မူးယစ်တွေသုံး KTVမှာဖြုန်း တကယ့်ပေါက်လို့ပဲစားစားရိုက်တွေ။ ဒါတွေက အကင်းပဲရှိသေးတယ်။ တန်ဖိုးကြီးကျောက်ရတယ်ကြားရင် လက်နက်နဲ့အနိုင်ကျင့် မတရားကျောက်လိုက်သိမ်း။ သိမ်းမရရင် သူတို့ပေးတဲ့စျေးနဲ့ရောင်းခိုင်း သူခိုး ဓားပြထက်ဆိုးတဲ့ကောင်တွေက KIAပဲ။

ဒီလိုဆောက်ကျင့်နဲ့ကောင်တွေက ကချင်ပြည်ကိုအုပ်ချုပ်မှာ လက်ခံမှာလား။ ဒီလိုကောင်တွေအုပ်ချုပ်မှုအောက်မှာနေချင်သလား စဉ်းစားဆုံးဖြတ်ကြပါ။

မိမိတို့ လီဆူတပ်ဖွဲ့အနေနဲ့ကတော့ ဒီလိုအကြမ်းဖက်သမားတွေရဲ့လက်အောက်ကို လီဆူအပါအဝင် ညီနောင်တိုင်းရင်းသားတွေမရောက်ရှိသွားဖို့ အသက်ပေးပြီး ကာကွယ်သွားမှာဖြစ်ပါတယ်။ အကြမ်းဖက် လူသတ် ဆက်ကြေးကောက် KIAအဖွဲ့ကိုတိုက်ခိုက်ဖို့ မိမိတို့ရဲ့ အသက် သွေး ချွေးတွေရင်းနှီးပြီး နည်းမျိုးစုံနဲ့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

လီဆူလူမျိုးများနဲ့ အခြားညီနောင်တိုင်းရင်းသားများလည်း ကချင်ပြည်ကိုကာကွယ်ဖို့ အတူလက်တွဲတိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်လျှက်ရှိပါတယ်။

Post a Comment

Previous Post Next Post