တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းအား KIA/PDF အဖွဲ့များ တိုက်ခိုက်

တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြေးနီတန် ၅၇၀ တင်ဆောင်လာသည့် မော်တော်ယာဉ်တန်း အစီး ၂၀ ကို KIA အဖွဲ့၏ စေခိုင်းချက်အရ နယ်မြေခံ PDF များက မုံရွာမြို့နယ် ဂွေးပင်တော ကျေးရွာအနီးမှာ မေလ ၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

KIA/PDF များရဲ့ တိုက်ခိုက်မှုကြောင့်၁၄ စီးမြောက်ယာဉ်မှ ယာဉ်အကူ ၁ ဦးသေဆုံးခဲ့ပြီး ယာဉ်တန်းကြီးကြပ်သူ တရုတ်လူမျိုး ၁ ဦး၊ ယာဉ်မောင်း ၁ ဦး၊ စုစုပေါင်း ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
ဒဏ်ရာရလူနာများအား မြင်းမူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်းနှင့် တရုတ်အစိုးရမှ နစက အစိုးရထံ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုံခြုံရေး အပြည့်အဝလုပ်ဆောင်ပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်

Post a Comment

Previous Post Next Post