မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုတဲ့ Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းချသူများနဲ့ လိုင်စင်ရှိပြီးနိုင်ငံခြားငွေများကို သတ်မှတ်ဈေးနှုန်းနဲ့မရောင်းသူတွေကို အရေးယူမယ်လို့ဆို


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားတဲ့ Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းချသူများနဲ့ လိုင်စင်ရှိပြီးနိုင်ငံခြားငွေများကို သတ်မှတ်ဈေးနှုန်းနဲ့မရောင်းပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားပါတယ်။
      
မြန်မာနိုင်ငံသားများအနေနဲ့ ပြည်ပကိုထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့်  Credit Card) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းနိုင်ရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ရောင်းချပေးလျက်ရှိပါတယ်။
     
ဗဟိုဘဏ်အနေဖြင့် Money Changer များအား ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှစတင်ပြီး ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိရာ မေလဆန်းပိုင်းအထိ နှစ်လအတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များမလိုက်နာတဲ့ Money Changer များကို လိုင်စင်ရုပ်သိမ်းခြင်း၊ လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့် စုစုပေါင်း Money Changer  ၅၀ အထိ အရေးယူဆောင်ရွက်ထားပါတယ်။

Post a Comment

Previous Post Next Post