ဘကကျောင်းကို အကြမ်းဖက်PDFများ ဝင်ရောက်ဖျက်ဆီးမည်ဟု သတင်းရ

-
ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကို PDF အကြမ်းဖက်သမားများက တိုက်ခိုက်ဖျက်ဆီးမည်ဟု သတင်းထွက်နေ
=======================================================
၁၇-၅-၂၀၂၄

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်၊ ပုထိုးတော်ကြီးအနောက်ဘက်ရှိ ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကို PDF အကြမ်းဖက်သမားများက တိုက်ခိုက်ဖျက်ဆီးမည်ဟု သတင်းထွက်နေကြောင်း မန္တလေးမြို့မှ ဆရာတော်တစ်ပါးက မြန်မာနေရှင်နယ်ပို့စ်သို့ မိန့်ကြားသည်။
ဆရာတော်က "ပုထိုးတော်ကြီး အနောက်ဘက်မှာ ရှိတဲ့ ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော ပညာရေးအကယ်ဒမီစင်တင်အား အကြမ်းဖက်များမှ ၁၇-၅-၂၀၂၄မှစ၍ ယခုလကုန်အတွင်း ဖျက်ဆီးတိုက်ခိုက်မယ် လို့ သတင်းထွက်နေပါတယ်" ဟု မိန့်ကြားသည်။
ဆရာတော်ဦးဝီရသူ အနေဖြင့် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းကို တည်ထောင်ထားပြီး တာဝန်ခံ ဆရာတော်များထားရှိကာ ကျောင်းတက်ရန် အခက်အခဲရှိသည့် ကိုရင်၊ သီလရှင်၊ ကျောင်းသား/သူများကို ကူညီထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ကျောင်းသား/သူ ၂၆၀ ကျော် ပညာသင်ကြားလျက်ရှိသည်။

#MNP

Post a Comment

Previous Post Next Post