ပခုက္ကူ PDF အဖွဲ့၏ နိုင်ငံရေးမှူးကို အသေရရှိ


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပခုက္ကူ PDF အဖွဲ့၏ နိုင်ငံရေးမှူးကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

မေလ (၂၆)ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပခုက္ကူ PDF အဖွဲ့ဝင်များမှ လာရောက်တိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ကူများ ထပ်မံရောက်ရှိလာခြင်းကြောင့် PDF အဖွဲ့ဝင်များ ပြန်လည်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လိုက်လံရှင်းလင်းရာ ပခုက္ကူ PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် People's Liberation Army – PLA အမှတ် (၈၁၅) ၏ နိုင်ငံရေးမှူးတစ်ဦးဖြစ်သူ ထွန်းနိုင် (ခ) ကိုအောင်သူရသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

#PeopleMedia

Post a Comment

Previous Post Next Post