သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွဲ၍ရနိုင်သည် မဟုတ်သော်လည်း ကြိုတင်ပြင်ဆင် ကာကွယ်မှုကောင်းခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွဲ၍ရနိုင်သည် မဟုတ်သော်လည်း ကြိုတင်ပြင်ဆင် ကာကွယ်မှုကောင်းခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း ယနေ့တွင် ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က
ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့် လူသာလျှင်ပဓာနဖြစ်ကြောင်း၊ သဘာဝသစ်တောထွက် သယံဇာတသစ်များကို စည်းကမ်းစနစ်တကျမဟုတ်ဘဲ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းများကို ဆောင်ရွက်ခြင်း၏ အကျိုးဆက်ကို ပြန်လည်ခံစားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post