နိုင်ငံတော် ဝန်ကြီးချုပ်၏ ပြောကြားချက်အပေါ် ပြည်ဖျက်မီဒီယာများက အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီးဖြန့်ဝေလျက်ရှိ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)ကို ၇ ရက်နေ့မွန်းလွဲပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိဂုံးချုပ် အမှာစကားတွင် အကြမ်းဖက်သမားကို ထိထိမိမိ သုံးနှုန်းပြောဆိုသွားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်ကြောင်း၊ အလားတူပင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါ ဒေသတွင် နေထိုင်ကြသည့် ဒေသခံအဖျက်သမားအကြမ်းဖက်များပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အခြားဒေသတွင်နေထိုင်သူများက လာရောက်လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊ ဥပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း၊  ၎င်းကဲ့သို့ အကြမ်းဖက်အဖျက် သမားများကိုလူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရန်လိုကြောင်း၊  ကောင်စီဝင်များအနေဖြင့် ရောက်ရာဒေသများတွင် ၎င်းအချက်ကို ပြည်သူလူထု သဘောပေါက်နားလည်အောင် အလေးထားဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်သမားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊ ဥပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း ပြောကြားသည့်အပေါ် ပြည်ဖျက်မီဒီယာများတွင် ပြည်သူလူထုကို ပြောဆိုသယောင် လုပ်ကြံဖန်တီး ဖြန့်ဝေမှုများ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

Join - https://t.me/MyanmarNationalPost

Post a Comment

Previous Post Next Post