ကျိန်စာသင့်နေတဲ့ မြန်မာ



အင်အားကြီးနိုင်ငံအချို့ဟာ မြန်မာနိုင်ငံနဲ့ ရန်ကြွေးလည်းမရှိသလို မုန်းတီးလို့လည်း အဖျက်လုပ်နေကြတာ မဟုတ်ပါဘူး။ သူနိုင်ငံအကျိုးစီးပွားအတွက် ပြိုင်ဆိုင်ကြရင်း ဗဟိုချက်ဖြစ်နေတဲ့ မြန်မာနိုင်ငံက လာလာပြီး ထိခိုက်နေရတာ။
-
တရုတ်ကလည်း သူ့အကျိုးစီးပွားအတွက် ရှမ်းမြောက်မှာ သူပုန်မွေးပြီး Buffer လုပ်တယ်။ သူပုန်ကလည်း လောပန်းခိုင်းသမျှ အမိနိုင်ငံကို စိတ်ကြိုက်ဖျက်ဆီးကြတယ်။
-
အလားတူ အမေရိကန်ကလည်း တရုတ်ဘက်ကို မြန်မာမယိမ်းစေဖို့၊ တရုတ်စီးပွားပျက်ဖို့အတွက် မြန်မာပြည်အောက်ပိုင်းက သူပုန်တွေကို ထောက်ပံ့တယ်။ သူပုန်တွေကလည်း ငွေမျက်နှာနဲ့ အမိနိုင်ငံကို ဖျက်ဆီးကြတယ်။
-
အဆိုးဆုံးက စစ်ရေးနဲ့ဘာမှ မသက်ဆိုင်တဲ့ ဝန်ထမ်းတွေ၊ Infrastructure တွေကို ဖျက်ဆီးနေကြလိုက်တာ သူ့ယောက္ခမ ပစ္စည်းလား မှတ်ရတယ်။ ဒါတွေဟာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေပါ။
-
ကမ္ဘာပေါ်ရှိ အင်မတန်ရက်စက်ပါတယ်ဆိုတဲ့ အကြမ်းဖက်အဖွဲ့တောင် ဒီနိုင်ငံက အကြမ်းဖက်အဖွဲ့တွေကို ဩချ ဆရာတင်လောက်တယ်။
-
နိုင်ငံကြီးတွေက မြှောက်ပေးလိုက်တာနဲ့ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းတဲ့သူတွေက အမိနိုင်ငံကို ဖျက်ဆီး နေကြတာ စိတ်မကောင်းစရာ။
-
ဒါကို ဟိုနိုင်ငံတွေချည်းပဲ အပြစ်သွားပြောလို့မရပါ။ အဓိက တရားခံက ငွေရရင်ပြီးရော လုပ်တတ်တဲ့ ပညာမဲ့လူတွေကြောင့်၊ ပညာမဲ့သူပုန်တွေကြောင့်ပဲ။
-
ဒီလို အမိမြေကို ဖျက်ဆီးနေတဲ့ လူဆိုးလူမိုက်တွေကို ပြည်သူ့အားနဲ့ ဝါးမြိုပစ်ရမယ်။။။

KT


Post a Comment

Previous Post Next Post