#NUGနဲ့EAOsကြားအကွဲအပြဲ


ရခိုင်ကိစ္စမှာ...NUG နဲ့ AA 
#သဘောထားကွဲလွဲတာတွေရှိခဲ့တယ်...
အနောက်အုပ်စုကို...မလွန်ဆန်နိင်တဲ့....
NUG ဟာ...#နှပ်ကြောင်းပေးထားတဲ့အတိုင်း....
AA ကို...ဖိအားပေးတာတွေအပြင်...
#အမိန့်ပေးတဲ့ပုံစံတွေနဲ့...ဆက်ဆံလာတယ်ဆိုတဲ့.. AA #ကေဒါတချို့ဆီကကြားနေရတယ်...။

အဲဒီ့အတွက်....NUG နဲ့ AA ရဲ့...ဆက်ဆံရေးက...
အပေါ်ယံဆန်တဲ့...ဆက်ဆံရေးတွေဖြစ်လာပြီး
NUG ရဲ့
#စစ်အာဏာရှင်ဖြုတ်ချရေးလမ်းကြောင်းထက်
#ရခိုင်နိုင်ငံတော်ထူထောင်ရေးကိုသာ...ဦးတည်သွားမှာဖြစ်လို့...

ထွန်းမြတ်နိုင်ပြောတဲ့....ကွန်ဖက်ဒရေးရှင်းရဖို့...
တောင်းဆိုသွားမှာမဟုတ်ဘူး....#တိုက်ယူသွားမယ်ဆိုတဲ့စကားဟာ...
နစကကိုချည်းဦးတည်သွားတာမဟုတ်ပဲ....
EAOS တွေအပေါ်မှာ...လွှမ်းမိုးချယ်လှယ်ချင်နေတဲ့...NUG ကို...
#ရိပ်ဖမ်းသံဖမ်းသတိပေးနေတယ်လို့လဲ....ယူဆမိပါတယ်...။
NUG ဟာ...အနောက်အုပ်စုရဲ့ ဆဲလ်ပီပီသသ...
တဖက်ထဲမွေးလာတဲ့လူတွေဖြစ်လို့...လဒူကို...#ယာယီသမ္မတခန့်ထားသလို...
ကချင်သူပုန်အဖွဲ့တွေနဲ့...#နီးစပ်ပြီးနီးကပ်တဲ့ဆက်ဆံရေးလဲရှိပါတယ်...။
ဒါပေမယ့်...KIA KNLA နဲ့ KNU စတဲ့...K3C အဖွဲ့ဝင်ဖြစ်တဲ့....
EAOs တွေကိုတော့...တလေးတစားနဲ့တခါတရံ...#ခခယယဆက်ဆံတတ်ပေမယ့်...
ရခိုင်အရေးကိစ္စမှာတော့....OIC အပါအဝင်...#နိင်ငံတကာရဲ့အကြုက်လိုက်ပြီး...
 အဖွဲ့ကို...လိုတာထက်ပိုပြီးဖိအားပေး ....နှပ်ကြောင်းပေးဆက်ဆံနေတဲ့အတွက်...
NUG နဲ့...EAOs AAအကွဲအပြဲဟာ....AA ကနေစတင်မယ်လို့ခန့်မှန်းရပါတယ်...။

ရိုနေဆန်းလွင်တို့အပါအဝင်...ဒါကာအစိုးရရဲ့အားပေး...
ထောက်ပံ့ထားမှုနဲ့...ရခိုင်အရေးအခင်းကာလက...
ထွက်ပြေးတိမ်းရှောင်နေကြတဲ့...ဘဂ်ါလီတွေကိုသာမက...
ဘူးသီးတောင်..မောင်တောက...ဒေသတွင်းမွတ်ဆလင်တွေကို...
လူမျိုးရေး...ဘာသာရေးအရ...ဖိနှိပ်ထိုးနှက်နေတယ်ဆိုတဲ့...စွပ်စွဲချက်တွေဟာ...
AA ရဲ့ #ရခိုင်နိင်ငံတော်ထူထောင်ရေး...လမ်းကြောင်းကိုနှောက်ယှက်နေပါတယ်...။
ထွန်းမြတ်နိုင်ပြောသွားတဲ့..ကွန်ဖက်ဒရေးရှင်းအတွက်...
တောင်းမယူဘူး...#တိုက်ယူမယ်ဆိုတဲ့စကားလုံးဟာ...
တနိုင်ငံလုံးကို...လွှမ်းမိုးချုပ်ကိုင်ချင်နေတဲ့....NUG အတွက်...
#ရင်ဝကိုအောင့်သက်သက်ဖြစ်စေမှာ...အမှန်ပါပဲ....။
တကယ်တော့....
NUG ရဲ့ #အသက်ရှင်ရပ်တည်ရေးက...
ပြည်တွင်းမှာ...နစကကိုဖက်ပေါင်းစုံက
တော်လှန်နေတဲ့....PDF တွေမဟုတ်ပဲ....
#အမာခံ EAOs သာဖြစ်ပါတယ်...။
EAOs တွေရဲ့နယ်မြေစိုးမိုးထားနိုင်မှု...
ကိန်းဂဏန်းတွေကိုပဲ...
NUG က #အငှားယူသုံးနေရတဲ့....ပြည်ပြေးအဖွဲ့ဖြစ်တဲ့အတွက်...
#EAOs တွေ #နယ်မြေများများသိမ်းနိုင်လေ...
#NUG ထိန်းချုပ်နယ်မြေလို့ကြေညာနိုင်လေပါပဲ....

ဒါကြောင့်မို့လို့...ဘုံရန်သူဖြစ်တဲ့...#နစကကိုတော်လှန်နေတဲ့...EAOs တွေနဲ့...
အဆင်ပြေပြေနေနေရတဲ့...ဘဝပါ...။
ဒါပေမယ့်...ဘယ်..EAOs ကမှ...
နိုင်ငံရေးအရကော....စီးပွားရေးအရပါ...
NUG အဖွဲ့ရဲ့ #လွမ်းမိုးမှုကိုခံကြမှာမဟုတ်ပါဘူး...။

ရှမ်းမြောက်က...
မြောက်သုံးကောင်သိမ်းထားနယ်မြေတွေကို...NUG က
သူတို့အစိုးရအဖွဲ့ရဲ့ထိန်းချုပ်နယ်မြေအဖြစ်သတ်မှတ်နေချင်သလို...
အုပ်ချုပ်ရေးယန္တရားကိုလဲ...NUG ကပဲ...
တိုက်ရိုက်အုပ်ချုပ်မှုဆောင်ရွက်ချင်ခဲ့တာပါ....။
ဒါပေမယ့်....#စိတ်ကူးနဲ့လက်တွေ့လွဲခဲ့ရတဲ့...NUG ဟာ
#ပလောင်ဒေသကနေစတယ်လို့...ပြောရပါမယ်...။

TNLA ဟာ...၎င်းတို့ပလောင်ဒေသကို...
TNLA ကပဲအုပ်ချုပ်ရေးဆောင်ရွက်နေတာဖြစ်တဲ့အတွက်....
#ရည်မွန်လာရောက်ညှိနိုင်းခဲ့တယ်ဆိုတဲ့...သတင်းတချို့ထွက်ခဲ့ပေမယ့်...
TNLA ဖက်က....#လက်မခံခဲ့တာကြောင့်...
NUG ဖက်က #အသံတိတ်နေခဲ့ရပါတယ်...။

EAOs တွေမရှိတဲ့...စစ်ကိုင်းတိုင်းထဲက...
local pdf တွေကလဲ...မြို့သိမ်းတိုက်ပွဲဆင်နွဲပြီး...
NUG ထိန်းချုပ်...နယ်မြေစာရင်းထဲထည့်သွင်းထားကြပေမယ့်...
အုပ်ချုပ်ရေးကဏ္ဍမှာ...NUG အနေနဲ့...
ထဲထဲဝင်ဝင်...#ပါဝင်ပတ်သတ်ခွင့်မရခဲ့ပါဘူး....။

local pdf အချင်းချင်း...
ဒေသအလိုက်...နယ်မြေခွဲဆပ်ကြေးကောက်ပြီး..
နယ်မြေစိုးမိုးထားပေမယ့်...ပြည်မမှာမရှိတဲ့...
ပြည်ပြေးအဖွဲ့ကို..Local pdf တွေကပါ...
#ပမာမခန့်လုပ်လာကြပါတယ်....။

NUG အနေနဲ့...on paper အရ...
ထိန်းချုပ်နယ်မြေတွေ...ရေးသားထုတ်ပြန်
နေပေမယ့်...တကယ့်မြေပြင်မှာ....#ဝင်ရောက်အုပ်ချုပ်ခွင့်မရကြပါဘူး...။

EAOs တွေအနေနဲ့...
ဖက်ဒရယ်ဒီမိုကရေစီကို...အဖြစ်..
ကြွေးကြော်နေကြပေမယ့်...ကွန်ဖက်ဒရိတ်...
နိုင်ငံငယ်အသီးသီးထူထောင်ပြီး..
နယ်မြေစိုးမိုးအုပ်ချုပ်လိုကြပါတယ်...။
ဒီ့အတွက်....ကြားကာလမှာ...
နစကကို...ဘုံသဘောတူညီမှုအရ....
တိုက်ခိုက်နေကြပေမယ့်...
သတ်မှတ်နယ်မြေရသွားတဲ့အခါ...
ဦးတည်ချက်တွေအားလျှော့သွားကြပါပြီ...။
သို့သော်...
ဆုတ်လဲစူး...စားလဲရူးဖြစ်နေရတဲ့...
CRPH NUG အဖွဲ့တွေအနေနဲ့....
ဒေသခံပြည်သူလူထုအပေါ်...False  Hope တွေနဲ့...
စကားတွေကျွံထားပြီးဖြစ်သလို...အလှူငွေတွေပါ...
လက်ခံထားပြီးသားဖြစ်တဲ့အတွက်...
မှင်သေသေနဲ့....ကြွေးကြော်သံတွေပေးပြီး...ရှေ့ဆက်နေရရုံသာရှိပါတယ်....။

တကယ်တော့...
ရှမ်းမြောက်ဖြစ်စဥ်မှာ...တ​ပ်က
ဆုတ်ပေးရတဲ့နယ်မြေတွေကို...
အုပ်ချုပ်ခွင့်ရမယ်ထင်နေတဲ့....NUG နဲ့...
မိမိဒေသ မိမိအုပ်ချုပ်မယ်ဆိုတဲ့...EAOs တွေကြား...
အကွဲအပြဲတွေဟာ...တအုံနွေးနွေးဖြစ်နေခဲ့တာကြပါပြီ...။

ကရင်ဒေသမှာလဲ...မြဝတီမြို့ကိစ္စနဲ့...
NUG နဲ့ KNU အဖွဲ့တချို့...ဆက်ဆံရေးနှေးကွေးသွားတယ်ဆိုတဲ့...အဖွဲ့တွင်းသတင်းတွေအရကော...
ဂျပန်က KNLA နဲ့ KNU ကိုခေါ်ယူတွေ့ဆုံတဲ့အချိန်...
NUG အဖွဲ့ကဝန်ကြီးတွေ...ခပ်တည်တည်နဲ့...မီဒီယာမှုဟန်ပြထွက်ပြကြပေမယ့်...အပြန်ခရီးတွေဟာ...
စကားလုံးတွေနည်းခဲ့ကြပါလိမ့်မယ်....။

အမေရိကန်ရဲ့နှပ်ကြောင်းအပါ..
ဂျပန်ရဲ့မူဝါဒအရ...တွေ့ဆုံအပြီးမှာ...
ကရင်နီဒေသ နဲ့ ကရင်ဒေသတချို့မှာ....
ပုံမှန်ထိတွေ့မှုကလွဲပြီး...ရည်မှန်းချက်ထားတိုက်ခိုက်မှုတွေ...အတန်ငယ်လျှော့သွား​ပါတယ်...။
NUG က...တောင်ပိုင်းဒေသထိန်းချုပ်နိုင်ရေး...
ရည်မှန်းချက်အရ....စစ်ဆင်ရေးတိုးမြှင့်စေချင်သော်လည်း...
ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲအပါအဝင်...
ဂျပန် EAOs တွေ့ဆုံမှုကြောင့်...တောင်ပိုင်းဒေသမှာ...အနည်းငယ်ငြိမ်သက်သွားခဲ့ပါတယ်...။

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့လဲ...
NUG ဲနဲ့ KNLA KNU အဖွဲ့တွေနဲ့...
ပွတ်တိုက်မှုတချို့ရှိခဲ့ကြပြီး....
မဲဆောက်​ဒေသမှာ...အပြန်အလှန်အောက်ဖဲလှန်တာတွေ....တိုးတိုးတိတ်တိတ်ဖြစ်ခဲ့ကြပါတယ်...။

သို့သော်...မချစ်သော်လည်း..
အောင့်ကာနမ်းနေရတဲ့...NUG အနေနဲ့...
ရှမ်းမြောက် ကချင် နဲ့...
တောင်ပိုင်းဒေသကို...ထိန်းချုပ်ခွင့်မရကြပဲ...
အဖွဲ့တွင်းအချင်းချင်း...အချင်းများနေရာက...
NUG ကဗျာဆရာ မောင်ရည်မွန်...
ကချင်ဒေသကို...အရောက်ပြပြီး...
ဟန်ကိုယ့်ဖို့လုပ်ခဲ့ကပါတယ်...။

ကချင် ကယား ကရင် နဲ့ 
ရှမ်းမြောက်ဒေသတွေမှာ...အဆင်ပြေအောင်..
နေနေရတဲ့....ဘဝနဲ့ NUG ဟာ...
ရခိုင်အရေးမှာတော့...မဖြစ်မနေထုတ်ဖော်ပြောကြားလာရတဲ့အတွက်...NUG နဲ့ EAOs အကွဲအပြဲဟာ...
AA နဲ့ ဘဂ်ါလီကိစ္စမှာ...ပေါ်ပေါ်တင်တင်ဖြစ်လာရ​တယ်...။

ဒီပလိုမေစီဆန်ဆန်စကားတွေနဲ့....
အပြန်အလှန်ပြောဆိုနေကြပေမယ့်...
NUG နဲ့ EAOs တွေကြား...
ဆက်ဆံရေး...ဆိုးရွားနေတာကြပါပြီ...။
ပြင်ဦးလွင် သရက်ကုန်းကိစ္စှမှာ...
TNLA ရဲ့နောက်ကွယ်ကထောက်ပံ့မှု
အားနည်းတာကြောင့်.. ရည်မွန်ကိုယ်တိုင်...
မြေပြင်မှာလာရောက်ညှိနိုင်းခဲ့ရတယ်လို့...
မတ္တရာ Pdf ကနေ...ပြေးလာကြတဲ့...အညာသားတချို့ဆီက...ပြန်လည်ကြားသိရပါတယ်...။

မြေပြင်က မြင်းခြံတောင်သာ Pdf နဲ့
တောင်တန်းချိတ်ဆက်မှုအတွက်...
TNLA ကိုတိုက်တွန်းခဲ့ပေမယ့်...TNLA အနေနဲ့...
အင်အားတည်ဆောက်လိုတဲ့အတွက်...
သရက်ကုန်းစစ်မျက်နှာကို...မျက်ကွယ်ပြုခဲ့ပြီး...
မကြာခင်မှာပဲ....သရက်ကုန်း ဘုရားကုန်းက...
ထိုးစစ်ဆင်နေတဲ့...စခန်းတွေကိူ...
အကျအဆုံးများစွာနဲ့....ထုတ်ခွါပေးခဲ့ရပါတယ်...။

NUG နဲ့ EAOs တွေသာ..
အကွဲအပြဲဖြစ်ခဲ့တာမဟုတ်ပဲ....
local pdf ဒေသတွေကို...ထိန်းချုပ်ဖို့...
ပြန်လည်ကြိုးစားလာတဲ့အခါမှာလဲ....
မြေပြင်မှာလက်နက်ကိုင်ထားတဲ့...
pdf တွေကအာဏာခွဲဝေရေးကို...
ခွဲဝေအုပ်ချုပ်လိုစိတ်မရှိကြတဲ့အတွက်...
NUG ရဲ့တရားစီရင်ရေးအပါအဝင်...
NUG ရဲ့အုပ်ချုပ်ရေးကဏ္ဍဟာ...မှေးမှိန်လာခဲ့ပါတယ်...။

မိမိဒေသ မိမိသဘောနဲ့...
အုပ်ချုပ်လွှမ်းမိုးနေကြတဲ့...pdf အဖွဲ့တချို့နဲ့..
NUG ဆက်ဆံရေးတွေပါ...ပျက်ပြားလာခဲ့ပါတယ်...။

အချင်းချင်း...အပြန်အလှန်သစ္စာဖောက်မှုတွေ...
အချင်းချင်း...အောက်ဖဲလှန်မှုတွေနဲ့.အတူ...
နယ်မြေအပိုင်စားမရှိတဲ့......လေဖမ်းဒမ်းစီးအစိုးရကို...
ဘယ်အဖွဲ့ကမှ...တလေးတစားမဆက်ဆံတော့ပါဘူး...။

ဒါ့အပြင်...NUG နဲ့အမာခံတွေရဲ့...
အလှူငွေတွေ...ခိုးယူသုံးစွဲနေတဲ့...
အကျင့်ပျက်ခြစားမှုသတင်းတွေကြောင့်.. 
local pdf တွေဟာ...မိမိဖာသာရပ်တည်ရေးကို
ဦးတည်ဆောင်ရွက်လာပြီးနောက်...
အပြန်အလှန်သတင်းပေးမှူတွေဖြစ်လာပါတော့တယ်...။

မကြာခင်ကဖြစ်ပျက်ခဲ့တဲ့...မင်းကင်းရွာ...
pdf မဂ်လာဆောင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှာ...
အတွင်းသတင်းပေးရှိခဲ့တယ်ဆိုတဲ့...စကားတွေလဲ...
ထွက်ရှိနေပြီး...အချင်းချင်း
ချိတ်ဆက်ဆောင်ရွက်နေပေမယ့်...NUG က
နှုတ်ဆိတ်နေခဲ့ပါတယ်....။

အာဏာသိမ်းကာလ ၃ နှစ်အတွင်း...
ပြည်ပကိုမိသားစုလိုက်တိမ်းရှောင်ရင်း...
အနောက်နိုင်ငံတွေဆီမှာ ရုံးခန်းဖွင့်လှူပ်ရှားနေကြတဲ့...NUG CRPH အဖွဲ့တွေဟာ....
နိုင်ငံသစ်ရည်မှန်းချက်နဲ့....local pdf တွေမွေးထုတ်ပြီး...စစ်တပ်ကိုတိုက်ခိုက်ဖြုတ်ချဖို့လုပ်ဆောင်နေရင်း...
အဖွဲ့လိုက်...တဦးချင်းအလိုက်...
တော်လှန်ရေးရန်ပုံငွေကို....အလွဲသုံးစားလုပ်တဲ့...
အပုပ်နံ့သတင်းတွေဆက်တိုက်ထွက်လာသလို...
နိုင်ငံရေးဝမ်းစာမပြည့်တဲ့...NUG အဖွဲ့တွေအပေါ်..
local pdf တွေကပါ..အယုံအကြည်ကင်းမဲ့လာခဲ့ပါတယ်...။

တဖက်မှာတော့...
ထိန်းချုပ်နယ်​မြေစာရင်းထုတ်ပြန်ခွင့်ရဖို့...သက်ဆိုင်ရာ EAOs တွေနဲ့ဆက်ဆံနေရင်းကနေ...
အုပ်ချုပ်ခွင့်အာဏာတပ်မက်နေတဲ့...NUG နဲ့...
အကွဲအပြဲတွေဆက်တိုက်ဖြစ်လာခဲ့တာပါ...။

၂၀၂၅ ကို...
နိုင်ငံရေးရည်မှန်းချက်တွေထားပြီး...
တော်လှန်ရေးအပြီးသတ်မယ်ဆိုပေမယ့်...
မြေပြင်မှာမလွယ်ကူလှပါဘူး...။

EAOs ဒေသတွေကို...
လက်ဖျားနဲ့တောင်ထိခွင့်မရတော့မယ့်...
NUG အနေနဲ့...အဖွဲ့တွင်းမှာပါ...
ကိုယ်လွတ်ရုန်းလိုသူတွေများလာတယ်ဆိုတဲ့...
မကင်းရာမကင်းကြောင်းစကားတွေဟာ..
အများကြီး အဓိပ္ပါယ်ရှိနေပါပြီ...။

NUG ဟာ...
ဘယ် EAOs ကိုမှကိုယ်စားမပြုသလို...
ဘယ် EAOs ကမှ...NUG ရဲ့...
အုပ်ချုပ်မှုကို...လက်သင့်မခံကြပါဘူး...။

နစကတော်လှန်ရေး...
ဘုံသဘောတူညီချက်လမ်းကြောင်းကနေ...
ကွဲထွက်လာတဲ့....အက်ကြောင်းဟာ...
အကွဲအပြဲတခုဆီကို...ဦးတည်လာခဲ့ပါပြီ...။

#HtooMaung

Post a Comment

Previous Post Next Post