နိုင်ငံရေးသမား ကောင်းဆိုတာ


ပါတီတစ်ခု ပြည်သူလူထုက ရွေးကောက်လို့ အစိုးရဖွဲ့တဲ့ အခါ

ဝန်ကြီး ၊ဒုဝန်ကြီး၊မြို့တော်ဝန်
ပြည်နယ်အဆင့် ဝန်ကြီး ၊ဝန်ကြီးချုပ်တာဝန် တွေ ယူရပြီး

အစိုးရယန္တယား ဗျူရိုကရက်ကို
မောင်းနှင်ရသူ တွေဖြစ်တယ်။

ဒါ့ကြောင့် ဗျူရိုကရက် တွေထက်
နည်းဥပဒေ ၊ အက်ဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းများကို  ပိုမို နားလည်တတ်ကျွမ်းသင့်ပါတယ်။

ဌာနတွေအလိုက် ပြည်သူလူထုနဲ့
တိုက်ရိုက်ထိတွေ့နေသော ဗျူရိုကရက် တွေကို ပြည်သူ့ဝန်ဆောင်မှု သဘောတရားအကြောင်း သိအောင် ရှင်းပြထိန်းကြောင်းနိုင်ဖို့လိုတယ်။

ဥပမာ  ၊ မော်တော်ပီကယ် ဆိုတာနဲ့
ကားတားမယ်၊ဆိုင်ကယ်တားမယ်
ငွေဒဏ်ရိုက်မယ် ဆိုတဲ့ အသိမျိုးထက် ကျော်လွန်ပြီး လမ်းအန္တရာ
ယ် ကင်းဝေးအောင် သူတို့ဆောင်ရွက် ပေးနေပါလားဆိုတဲ့
အသိမျိုး ဖြစ်လာအောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးနေရာယူမည့်
နိုင်ငံရေးသမား လုပ်မယ်ဆိုရင် သာမန် ပြည်သူတွေထက်တော့
အကျင့်စာရိတ္တပိုမိုကောင်းမွန်ဖို့လို
အပ်တယ်။

မဟုတ်ရင်တော့ "သူခိုး" တွေဆိုတဲ့
စကားလုံး ပြန်ပေါ်လာမှာပဲ၊

အဲ့လို ဘာကြောင့်ဖြစ်ရသလဲဆိုရင်
မိမိကိုယ်တိုင် မှ ဖြစ်စေ မိမိက ထိန်းသိမ်းရန်တာဝန်ရှိသော ဗျူရိုကရက်များက ဖြစ်စေ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော အခါမှာအဂတိတရားမကင်းကြလို့ပါပဲ။

ဒါက နိိုင်ငံရေးသမား လုပ်စားမည့်
လူတွေ အတွက် သီးသန့်ရေးသားတာပါ၊

ငါလုပ်ခွင့်ရတဲ့ အချိန်မှာ ပို့ဆွမ်း ၊
ခံဆွမ်း၊%ဆွမ်းတွေကို မရှောင်နိုင်သလို
ဗျူရိုကရက် ကိုမထိန်းနိုင် လမ်းမညွှန်နိုင်  ပေါင်းပြီး နိုင်ငံနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဆက်ဆံရေး မကောင်းရင် "သူခိုး"
တွေ လို့ပဲ ပြည်သူက ခေါ်နေအုံးမှာပါ။

အစိုးရဆိုတာက မဟာဗျူဟာပဲ ချမှတ်ပေးတာ အကောင်အထည်ဖော်ပေးရတာက ဗျူရိုကရက် ယန္တယားကပါ ပြည်သူနဲ့ တိုက်ရိုက်ထိတွေမှု့ နေ့စဥ်ရှိတာက
ဗျူရိုကရက် တွေပါ။ အဲ့တော့ ဗျူရိုကရက် လုပ်သမျှကို ပြည်သူက အစိုးရကိုသာ လက်ညိုးထိုးကြ
လိမ့်မှာပါ။

အဲ့တော့ မိမိပတ်ဝန်းကျင်မှာ ဘယ်လို လူတွေ ရှိနေလည်း မိမိဘေးက လူသည် နိုင်ငံနဲ့ ပြည်သူအပေါ် မှာ
နိုင်ငံရေးသမား ကောင်း  ဖြစ်နိုင်တဲ့
လူလား ဆိုတာမျိုး ခွဲခြားဖို့ လွယ်ကူသွားပါလိမ့်မယ်။

သူခိုး စိတ်နဲ့ တော့ နိုင်ငံတော်တည်ဆောက်လို့ မရဘူးဆိုတာ ပြည်သူတရပ်လုံးက ရှေ့မှာ သင်ခန်းစာကောင်းများ ရခဲ့ပြီး
ဖြစ်လို့  နိုင်ငံရေးသမား ကောင်းများ ပေါ်ထွက်လာဖို့ ဆိုရင် ဘာတွေလေ့ကျင့်ပျိုးထောင် ပေးဖို့လိုလည်းဆိုတာ သုံးသပ်ဖို့လိုပါတယ်။

သခင်အောင်ဆန်းလို ရောင့်ရဲတင်းတိမ်တတ်သော နိုင်ငံရေးသမားများ
မဖြစ်နိုင်ရင်ပင် အတ္တ နဲ့ပရကို မျှတစွာသုံးစွဲနိုင်သော နိုင်ငံရေးသမားများ ပေါ်ထွက်လာနိုင်ပါစေ ခင်ဗျာ။

နိုင်ငံရေးသမားကောင်းမှ နိုင်ငံကောင်းပါမည်။


https://t.me/kyawswar49111

Post a Comment

Previous Post Next Post