မြန် မာ နိုင် ငံ ဘာ လဲ ၊ ဘယ် လဲ ( ၃ )


➖➖➖➖➖➖➖➖➖➖➖➖
{မိုးတင့်ဆွေ}

First cousin တစ် ယောက် ပြော ခဲ့ ဖူး တယ် ။ မြန် မာ နိုင် ငံ ကို ပြည် နယ် တွေ အ ကုန် ခွဲ ပေး လိုက် ပြီး ပြည် မ ကို သာ အုပ် ချုပ် တော့ ငါ တို့ မ ဆင်း ရဲ ပါ ဘူး တဲ့ ။

ဒီ ကိ စ္စ က ရူး သွပ် တဲ့ စိတ် ကူး တစ် ခု ပဲ ။ အ ဓိ ပ္ပါယ် တော့ သိမ် မ ရှိ ဘူး ။ သို့ ပေ မဲ့ ဖြစ် နိုင် ခြေ အ လား အ လာ တစ် ခု အ နေ နဲ့ ထည့် ဆွေး နွေး ပေး ပါ မယ် ။

သူ ပြော တာ မှန် ပါ တယ် ။ မြန် မာ ပြည် မ နေ ပြည် သူ တွေ မ ဆင်း ရဲ ပါ ဘူး ။ ဗ မာ မှာ ပ ညာ တတ် များ တယ် ။ ခွဲ ထွက် သွား မယ့် ပြည် နယ် တွေ သာ ဆင်း ရဲ သွား မှာ ။ ဆင်း ရဲ မယ် ဆို တာ စီး ပွါး ရေး ကော လုံ ခြုံ ရေး ကော အ ကုန် ကျ ဆင်း သွား မှာ ။

တိုင်း ရင်း သား စီး ပွါး ရေး လုပ် ငန်း ရှင် တွေ ပြည် မ မှာ အောင် မြင် နေ ကြ တယ် ။ တ ကယ် လို့ ပြည် နယ် တွေ သီး သန့် ပေး လိုက် ရင် အဲ့ ဒီ လုပ် ငန်း ရှင် တွေ သူ တို့ ပြည် နယ် ထဲ ပြန် ကြ မ လား ပြည် မ မှာ ပဲ ဆက် နေ ကြ မ လား ။

ပြည် မ ကို ကွက် ပြီး သူ တို့ ပြော သ လို ဗ မာ နိုင် ငံ ထူ ထောင် လိုက် ရင် တ ရုတ် ပြည် ယူ နမ် လို ပြည် နယ် တော် တော် များ များ ကုန်း တွင်း ပိတ် ဖြစ် သွား မယ် ။ မွန် နဲ့ ရ ခိုင် ပဲ ပင် လယ် ထွက် ပေါက် ရှိ မယ် ။

ဗ မာ ပြည် နယ် ရဲ့ နယ် စပ် ကို ပိတ် လိုက် ရင် ပြည် နယ် ငါး ခု ကုန် သွယ် ရေး ရပ် ကုန် လိမ့် မယ် ။ တ ချို့ ပြည် နယ် တွေ အိမ် နီး ချင်း ရဲ့ သိမ်း ပိုက် မှာ ကို စိုး ရိမ် နေ ရ လိမ့် မယ် ။ ရ ခိုင် အ ဆိုး ဆုံး ရင် ဆိုင် ရ မယ် ။

မြန် မာ ပြည် ကုန် သွယ် ရေး နဲ့ စီး ပွါး ရေး အ ရှိန် ကို အ များ စု ဗ မာ လူ မျိုး သန်း ၃၀ ကျော် ရဲ့ အ ရှိန် နဲ့ လည် နေ တာ ။ ဘယ် ပြည် နယ် ဘယ် လူ မျိုး မှ ဗ မာ လူ မျိုး လောက် လူ ဦး ရေ နဲ့ ဝယ် လို အား မ ရှိ ဘူး ။

လူ ဦးး ရေ တစ် သန်း နှစ် သန်း လောက် ရှိ တဲ့ နေ ရာ မှာ ဘယ် နိုင် ငံ ဘယ် ကု မ္ပ ဏီ ကြီး မှ သ ယံ ဇာ တ ထုတ် ယူ မှာ က လွဲ ရင် ရင်း နှီး မြုတ် နှံ မှု မ လုပ် ဘူး ။

ဒါ ကြောင့် တ ကယ် တန်း မြန် မာ နိုင် ငံ ပြို ကွဲ သွား ရင် ကျ ရှုံး ခြောက် ကပ် သွား မှာ က ပြည် နယ် တွေ သာ ဖြစ် လိမ့် မယ် ။

နမ့် ခမ်း ကုန် သွယ် ရေး နယ် စပ် ဂိတ် နောင် တောင်း ကို TNLA က ဧ ပြီ လ ၂၉ ရက် နေ့ က ဖွင့် ခဲ့ ပေ မဲ့ တ ရုတ် ဖက် က မ ပူး ပေါင်း သေး ဘူး လို့ TNLA အ ဖွဲ့ က ထုတ် ပြော တယ် ။

နမ့် ခမ်း မ ပြော နဲ့ ရှမ်း မြောက် က တ ရုတ် လက် ဝေ ခံ သူ ပုန် တွေ သိမ်း ထား တဲ့ နေ ရာ အား လုံး က လူ အား လုံး ပေါင်း တောင် တစ် သန်း မ ပြည့် ဘူး ။ ရှမ်း မြောက် သူ ပုန် တွေ သိမ်း ထား တဲ့ နေ ရာ တွေ မှာ မီး ဖို ချောင် သုံး ကုန် များ များ စား စား မ ထွက် ဘူး ။ ဘာ စက် မှု လုပ် ငန်း မှ လည်း မ ရှိ ဘူး ။

အဲ့ လောက် နဲ့ တ ရုတ် က အ ချိန် အ ကုန် ခံ ပြီး အ လုပ် လာ မ လုပ် ဘူး ။ ရှမ်း မြောက် နေ ပြည် သူ တွေ သာ စား သောက် ကုန် ဈေး ကြီး ပြီး တ ရုတ် ကုန် တွေ ဝယ် သုံး ရ လိမ့် မယ် ။ ဘာ စက် မှု လုပ် ငန်း မှ မ ရှိ လို့ လည်း ဒေ သ ခံ တွေ လယ် ယာ လုပ် ငန်း နဲ့ အ သက် မွေး ရ လိမ့် မယ် ။

တောင် ပေါ် ဒေ သ မှာ လယ် ယာ လုပ် ငန်း ကြီး ကြီး မား မား လုပ် လို့ မ ရ လို့ စီး ပွါး ဖြစ် လုပ် ရ ခက် မယ် ။

နှစ် နိုင် ငံ နယ် စပ် ကုန် သွယ် ရေး က စိတ် ရှိ သ လို ဖွင့် လို့ ရ မယ် လို့ လက် နက် ကိုင် သူ ပုန် တွေ ထင် ခဲ့ ပုံ ရ တယ် ။

နယ် စပ် မှာ ကုန် သွယ် ပြီ ဆို ရင် အ ခွန် အ ကောက် ကို ဘယ် လို ကောက် မ လဲ ဆို တာ က အ ရင် စ ပါ လာ တယ် ။ TNLA က တ ရုတ် ဖက် က လာ တဲ့ ကုန် ပ စ္စည်း တွေ ရဲ့ ဘယ် ပ စ္စည်း ကို အ ကောက် ခွန် ဘယ် နှစ် ရာ ခိုင် နှုန်း နဲ့ ကောက် မ လဲ ။

ဒီ ပ စ္စည်း ကို ဒီ လောက် ပေး ၊ ကား တစ် စီး ကို ဘယ် လောက် ပေး လို့ အ ခု သူ ပုန် ဂိတ် တွေ မှာ ကောက် သ လို ကောက် ယူ လို့ ရ မယ် ထင် နေ ပုံ ရ တယ် ။

နမ့် ခမ်း မြို့ က နေ TNLA ခွင့် ပြု ချက် နဲ့ လား ရှိုး ကို ရောက် လာ ပါ ပြီ တဲ့ လား ရှိုး အ ကောက် ခွန် က တ ရား ဝင် တယ် လို့ သတ် မှတ် မယ် ထင် နေ ရင် မှား ပြီ ။ အ ကုန် သိမ်း ပစ် လိုက် လိမ့် မယ် ။

လူ ဦး ရေ ထောင် ဂ ဏန်း လောက် ရှိ တဲ့ နမ့် ခမ်း မြို့ တစ် မြို့ စာ အ တွက် ပဲ တ ရုတ် နိုင် ငံ က လူ ကော ငွေ ကော အ ကုန် အ ကျ ခံ ပြီး ကုန် သွယ် ရေး ဂိတ် လာ ဖွင့် မယ် ကော ထင် နေ တာ ဆို လည်း လွဲ ပြန် ပြီ ပဲ ။

နမ့် ခမ်း ၊ မူ ဆယ် ၊ ချင်း ရွှေ ဟော် အ စ ရှိ တဲ့ နယ် စပ် က နေ ဝင် ရောက် လာ တဲ့ တ ရုတ် ကုန် ပ စ္စည်း တွေ က မ န္တ လေး အ ထိ ဆင်း လာ တာ ။ ပြည် မ က လူ တွေ အ တွက် တင် သွင်း လာ တာ ။ အ ခု လို ပြည် မ က ပိတ် ထား ရင် အဲ့ ဒီ ပ စ္စည်း တွေ ဘယ် သူ့ ကို ရောင်း မ လဲ ။

နိုင် ငံ တစ် နိုင် ငံ ရဲ့ ဗ ဟို အ စိုး ရ မ ပါ ဘဲ ၊ နိုင် ငံ ပြည် သူ အ များ စု မ ပါ ဘဲ ဘယ် နိုင် ငံ လုပ် ငန်း ကြီး မ လုပ် ဘူး ။

နမ့် ခမ်း ကော ၊ ချင်း ရွှေ ဟော် ကော ၊ မူ ဆယ် ပါ ဘယ် နေ ရာ မှာ မှ မြန် မာ နိုင် ငံ ဗ ဟို အ စိုး ရ မ ပါ ဘဲ ဂိတ် ပြန် ဖွင့် လို့ မ ရ ဘူး ။ မှောင် ခို လုပ် ငန်း သာ ကြီး ထွား လာ လိမ့် မယ် ။ နောက် ဆက် တွဲ လာဘ် ပေး လာဘ် ယူ နဲ့ အ ကျင့် ပျက် တွေ ကြီး စိုး လာ လိမ့် မယ် ။

ရှမ်း မြောက် မှာ မြို့ တွေ သိမ်း ပြီး စိတ် ကူး ယဉ် နေ ကြ တဲ့ သူ ပုန် အ ဖွဲ့ တွေ အ တွက် အိမ် မက် ဆိုး ပါ ။

အ ရင် တစ် ခေါက် မြောက် ပိုင်း သုံး ဖွဲ့ နဲ့ ဆွေး နွေ တုံး က ၃၀  ၇၀ ဆို တဲ့ အ သံ ထွက် ခဲ့ တယ် ။ ဘာ မှ မ လုပ် နိုင် တဲ့ သူ က ၇၀ ယူ မယ် ဆို တာ ရီ စ ရာ ကောင်း တယ် ။ မင်း ဖာ သာ မင်း လုပ် လို့ ရ ရင် ၁၀၀ လုံး ယူ လိုက် လို့ ပြော လိမ့် မယ် ။

မြန် မာ နိုင် ငံ သွား နေ တဲ့ လမ်း ကြောင်း ကို ပုံ ဖော် ကြည့် ရင် ညှိ နှိုင်း လို့ အ ဆင် မ ပြေ ရင် ရှမ်း မြောက် ကုန် သွယ် ရေး က ပြီး သွား မယ့် အ နေ အ ထား မျိုး တောင် ဖြစ် သွား နိုင် ပြီး ကြာ ရင် ကျီး နဲ့ ဘုတ် ဘုတ် ဖြစ် လိမ့် မယ် ။

အဲ့ တော့ နယ် စပ် ဒေ သ တွေ ကို ထိမ်း ချုပ် ထား ပြီး ဘာ မှ လုပ် လို့ မ ရ တဲ့ အ နေ အ ထား ဖြစ် နေ တယ် ။ နယ် မြေ သိမ်း ထား တဲ့ သူ တွေ ၊ သိမ်း ချင် ကြ တဲ့ သူ တွေ ဘာ ဆက် လုပ် မ လဲ ။

သို့ဆက်ရန်
#မိုးတင့်ဆွေ(ရန်ကုန်တက္ကသိုလ်)🌿🌿🌿

Post a Comment

Previous Post Next Post