အသံကြောင့် ဖားမသေစေချင်

အလယ်သံကျော်ဘက်မှာ စက်လှေကိုပစ်တယ်ဆိုတဲ့ကိစ္စပွနေလို့ မပြောမဖြစ်ပြောဦးမယ်။ တပ်ထောက်ခံသူ အချို့ကလည်း ဂရုဏာသောသောနဲ့ ပြောနေကြတာတွေ့ရတယ်။ ခင်ဗျားတို့ထင်ထားတဲ့ပုံစံမျိုးက လုံးဝ (လုံးဝ) လွဲမှားနေတယ်။ ကျနော်တို့တွေက တပ်ဖွဲ့ဝင်အချင်းချင်း ခင်ဗျားတို့ ထက်ပိုချစ်တယ်ဆိုတာတော့ သတိရပေး။
-
ကမ်းထိုးယာဉ်နဲ့ လုံခြုံရေးလိုက်လာတဲ့ တိုက်ခိုက်ရေးသင်္ဘော ၂ စီးလာတယ်။ ကမ်းထိုးပေါ်မှာ စစ်ကူလိုက်လာတဲ့ စစ်ကြောင်းတွေ အပြည့်ပါတယ်။ တိုက်ခိုက်ရေးယာဉ်က လူတင်လို့မရဘူး။ ကမ်းထိုးယာဉ်က စစ်ကူစစ်ကြောင်းကို ကမ်းပေါ်တင်ပြီးမှ မိသားစုဝင်တွေကို တင်လို့ရမယ်ဆိုတာ သူငယ်တန်းကလေးတောင် သိလိမ့်မယ်။ ဒါကို မစောင့်ဘဲ စက်လေှနဲ့ ကမ်းထိုးယာဉ်ဆီ အတင်းတက်ဖို့လုပ် တယ်။ လုပ်လို့မရဘူးလေ .. မြုပ်သွားမှာပေါ့။
-
အမှန်က ကမ်းခြေကနေ ကမ်းထိုးယာဉ်အကပ်ကိုစောင့်ပြီး တက်ရမှာဖြစ်သလို မကပ်ခင်စပ်ကြား ကမ်းမှာရှိတဲ့ သေနတ်ကိုင် တပ်ဖွဲ့ဝင်တွေက ရန်သူကို ထောက်ထားရမှာ။ အဲလိုမထောက်ထားဘဲ ကမ်းထိုးဆီကို စက်လှေနဲ့အတင်းကပ်လာတော့ ကမ်းထိုးကလည်း  ဂွကျကုန်ရော။ ကမ်းစပ်မှာ နောက်က သူပုန်လိုက်လာတော့ တိုက်ခိုက်ရေးရေယာဉ်က ပစ်သလို ကမ်းထိုးကလည်း ဘော်ဖါနဲ့ ပစ်ရတယ်။ ဒါမှ စစ်ကူစစ်ကြောင်းတွေကို ကမ်းပေါ်တင်လို့ရမှာလေ။ ကမ်းထိုးဆီကပ်လာတဲ့ ကိုယ့်လှေကို ပစ်တာမဟုတ်ဘူး။ ရန်သူကို ပစ်တာ။ ဘော်ဖါ ပစ်သံကြားဖူးလား? အသံက ကျယ်လွန်းလို့ ကိုယ့်ဆီပစ်တယ်လို့ ထင်ရတယ်။ AA သူပုန် သိပ်ကြောက်တဲ့ကောင်တွေပေါ့။
-
ရန်သူဆုတ်ပြေးပြီး ကမ်းကပ်၊ စစ်ကူစစ်ကြောင်းတွေကို ကမ်းပေါ်တင်၊ နောက် မိသားစုဝင်တွေကို အဲ့ကမ်းထိုးနဲ့ ပြန်သယ်လာတာ အခုဆို စစ်တွေတောင် ရောက်နေပြီ။
-
ပြောချင်တာကတော့ ကိုယ့်စိတ်ခံစားချက်နဲ့ ထင်တိုင်းလျောက်မရေးဖို့ပဲ။ အဲလိုရေးလိုက်တော့ စေတနာကနေ ဝေဒနာတွေဖြစ်ရတယ်ဆိုတာ သတိထားဖို့လိုမယ်။ စစ်မှုရေးရာမှာ ကိုယ်သိသလောက်၊ ကိုယ်စိတ်ထဲထင်သလောက် ရေးလို့မရဘူး။ မိမိကြောင့် စည်းရုံးရေးပျက်နိုင်သလို ကိုယ်လည်း အန္တရာယ်ရှိတယ်ဆိုတာ သိထားဖို့ပါ။

KT

Post a Comment

Previous Post Next Post