၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိ


၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ယနေ့(ဇွန် ၁၁ ရက်)နံနက်အစောပိုင်းက ကြေညာခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူပေါင်း ၇၄၅၉၂ ဦးရှိသည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယင်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူအဖြစ် ကပက(EC)တာမွေမှ မောင်မင်းခန့်ဗိုလ်က အမှတ်ပေါင်း ၅၅၇ မှတ်ဖြင့်ရရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဧပြီနှင့်မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကိုလည်း ဖြေဆိုခဲ့သည့် စာစစ်ဌာနများအလိုက် ကြေညာခဲ့ပါတယ်။

Post a Comment

Previous Post Next Post