NUG(နိုင်ငံခြား​ရေး)ကို၊ ဘာဖြစ်လို့ အစည်းအ​ဝေးမဖိတ်သလဲ?



အာဆီယံကော်မတီ ဝါရှင်တန် နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံပွဲကို၊ စစ်ကောင်စီသံအ မတ် ဦးသက်ဝင်း၊ တက်ရောက်ခွင့်ရခဲ့တယ်။

အာဆီယံ-ဝါရှင်တန်ကော်မတီ ရဲ့ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်နိုင်ငံဆိုင်ရာ၊ မလေးရှားသံအမတ်ကြီး Mr. Dato’ Nazri Aziz က ဦးဆောင်ပြီး မေလ ၂၀ ရက်က ကျင်းပခဲ့တာဖြစ်တယ်။

ဝါရှင်တန်မှာ၊ NUG နိုင်ငံခြား​ရေးဌာနက၊ ရုံးဖွင့်ထားတယ်။ အစည်းအ​ဝေးကို၊ ဦး​ဆောင်ကျင်းပတာက၊ ဝါရှင်တန်မှာရုံးထိုင်တဲ့၊ မ​လေးရှားသံအမတ်ကြီးဖြစ်တယ်။

ခင်ဗျားတို့​ပြော​ပြော​နေတဲ့ ၆၀% ​သာ၊ မြေပြင်ကိုအမှန်တကယ်စိုးမိုးထိန်းချုပ်ထားနိုင်ပီဆိုရင်၊ NUG ကို၊ အသိအမှတ်ပြုဖိတ်သင့်တာ​ပေါ့။

တကယ်​တော့၊ ကိုယ့်မြင်းကို​လောင်းစေချင်ရင်၊ ကွင်းထဲမှာ၊ ကိုယ့်မြင်းရှိ​နေ​အောင်၊ အရင်လုပ်ရမှာဖြစ်တယ်။

ပြိုင်ပွဲကွင်းထဲမှာ၊ ကိုယ့်မြင်း​တောင်မရှိ​သေးပဲနဲ့၊ နယ်အသီးသီးထွက်ပီး၊(ငါ့မြင်း​လောင်းပါ၊ ငါ့မြင်း​လောင်းပါ) ​လောင်း​ကြေးသွားဖွင့်​၊ လိုက်​အော်နေတာနဲ့တူ​နေတယ်။

ကိုယ့်မြင်းရှိတယ်ဆိုတာ၊ ကိုယ့်အဖွဲ့အစည်း(အစိုးရလို့ဖွဲ့ထားရင်၊ ကိုယ့်အစိုးရအဖွဲ့)က၊ ​မြေပြင်မှာအစိုးရနဲ့တူတဲ့စီမံအုပ်ချုပ်​ရုံးထိုင်နေတဲ့၊ ကိုယ်ပိုင်နယ်​မြေရှိ​နေတာကိုဆိုလိုတာဖြစ်တယ်။
(ဥပမာ။ ဝ, ကိုးကန့်, တ​အောင်း၊ စတဲ့အဖွဲ့​တွေမှာ၊ သူတို့ပြည်ရဲ့အစိုးရအုပ်ချုပ်​ရေးအဖွဲ့​တွေ၊ ရုံးထိုင်​ပြီးအုပ်ချုပ်​နေသလိုပါ။)

အဖွဲ့အစည်းတစ်ခုဟာ၊ ​တိုင်းရင်း သားပြည်နယ်တစ်ခု​လောက်​တောင်၊ ​မြေပြင်မှာ၊ အုပ်ချုပ်ရုံးထိုင်​နေမှု၊ ဘာမှမရှိသေးပဲနဲ့၊ကမ္ဘာပတ်ပီး၊ "ငါတို့အဖွဲ့ဟာနိုင်ငံရဲ့အစိုးရ၊ ငါတို့အဖွဲ့ဟာ legitimacy၊ ငါတို့ကိုအသိအမှတ်ပြုပါ၊ ငါတို့က​နေ​ပစ္စည်းဝေ​ပေးမယ်၊ ငါတို့ကို​ပေး။" စသဖြင့်၊ တစာစာ​အော်​နေ​သော်ငြားလဲပဲ~မောရုံသာအဖတ်တင်မည်။

​ခေါင်းစဥ်ကိုပြန်​ဖြေရရင်
"ကွင်းထဲမှာ၊ ကိုယ်ပိုင်ပြိုင်မြင်း၊ ​​မရှိ​သေးလို့ပဲ။"

ကိုယ့်မြင်း၊ ပြိုင်ကွင်းထဲ​၊ ရှိနေ​အောင်၊ အရင်လုပ်ရမှာပါ။

ဒီလူဒီမူ​တွေနဲ့ဆို၊ ​နောက် ၁၀နှစ်လည်း၊ ပြိုင်မြင်း၊ ကွင်းထဲမ​ရောက်နိုင်ပါ။ လူ​ပြောင်း​တောင်၊ မ​သေချာ​တော့ပါ။

ဒါ့​ကြောင့်၊ ​ကွင်းထဲရှိတဲ့ပြိုင်မြင်း​တွေကိုသာ​၊ လောင်းကြပါ။

ကွင်းထဲမရှိသေးတဲ့မြင်း​တွေကို၊ ပုံ​အော​လောင်း​နေရင်​တော့၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ့်ဘဝပါပဲ။

https://www.facebook.com/share/p/DuzopGcBFEGjQgHX/?mibextid=oFDknk

​TMA

Post a Comment

Previous Post Next Post