နိုင်ငံတည်ဆောက်ရေး ဆိုတဲ့ ခေါင်းစဥ်ကိုအသုံးချပြီး

နိုင်ငံတည်ဆောက်ရေး ဆိုတဲ့ ခေါင်းစဥ်ကိုအသုံးချပြီး....
နိုင်ငံရေးသမားတစ်ချို့က ထောင်ထဲရောက်နေတဲ့ အဂတိသမားတွေနဲ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ပြန်လွှတ်ခိုင်းနေကြတယ်။

အဂတိအမှု့ နဲ့ အခုလက်ရှိ ထောင်ထဲရောက် ၊ တရားရင်ဆိုင်နေတဲ့ သူတွေအားလုံးက နိုင်ငံကို ဖျက်ဆီးခဲ့တဲ့ သူတွေပဲဆိုတာ သိရဲ့နဲ့ မသိချင်ယောင်ဆောင်ပြနေကြတယ်။
(ငွေရလို့ မီဒီယာရှေ့ထွက်လာတာ ဟုတ်/မဟုတ် 
 ကာယကံရှင်တွေ အသိဆုံးဖြစ်မှာပါ)

နိုင်ငံရေးအကြပ်တည်း၊ ကိုဗစ်အကြပ်တည်း၊ 
ကုန်စျေးနှုန်း အကြပ်တည်းတွေကြား
အလူးလဲ ခံစားရင်ဆိုင်နေရတဲ့ 
ပြည်သူတွေအပေါ် အမြတ်ကြီးစား 
ဂုတ်သွေးစုတ်နေတဲ့ အပြင် နိုင်ငံဖျက်ဆီးရေးနဲ့ 
အကြမ်းဖက်သမားတွေ ကို နောက်ကွယ်ကနေ 
ထောက်ပံ့ပေးနေတာတွေကြောင့် 
ထောင်သက် ဒီထက်ပိုရှည်စေချင်တယ်။

နစက တာဝန်ယူတဲ့ကာလမှာ ဒါဟာ 
နောင်အဆက်ဆက်တက်လာမယ့်
 နိုင်ငံ့ခေါင်းဆောင်တွေ သင်ခန်းစာ ယူစရာ
ဖြတ်ထုံးတစ်ခုဖြစ်လာလိမ့်မယ်။

ဒါဟာ နစကရဲ့ နိုင်ငံအပေါ် ထားရှိတဲ့ 
စေတနာနဲ့ မဟာအောင်မြင်မှုပဲ။

Thazin Oo

Post a Comment

Previous Post Next Post