ပါကစ္စတန်တွင် စက္ကူပြတ်လပ်မှုများဖြစ်နေပြီး ယခုစာသင်နှစ်အတွက်ပင် စာအုပ်ထုတ်ဝေရန်မရှိဖြစ်နေ

ပါကစ္စတန်တွင် စက္ကူပြတ်လပ်မှုများဖြစ်နေပြီး ယခုစာသင်နှစ်အတွက်ပင် စာအုပ်ထုတ်ဝေရန်မရှိဖြစ်နေ

အစ္စလာမာဘတ်၊ဇွန် ၂၄


ပါကစ္စတန်စက္ကူလုပ်ငန်းအသင်းမှ စက္ကူပြတ်လပ်တော့မည်ဟု သတိပေးထားပြီး သန်းနှင့်ချီသောကျောင်းသားများသည် ၂၀၂၂ ခုနှစ်ဩဂုတ်လတွင်စတင်မည့် ပညာသင်နှစ်အတွက် စာအုပ်များရရှိနိုင်မည်မဟုတ်ကြောင်းသိရှိရသည်။


"ဇန်န၀ါရီလကစပြီး ပြည်တွင်းစက္ကူတစ်ကီလိုဂရမ်ကို ရူပီး ၁၀၀ လောက်တက်လာတယ်" ဟု ပါကစ္စတန်စာအုပ် ထုတ်ဝေသူများနှင့် ဖြန့်ချီသူများအသင်းဥက္ကဋ္ဌ Aziz Khalid ကပြောကြားခဲ့သည်။


ပါကစ္စတန်စက္ကူကုန်သည်အသင်း၊ပါကစ္စတန် ပုံနှိပ်ဂရပ်ဖစ်အနုပညာလုပ်ငန်းရှင်များအသင်း (PAPGAI)အပါအဝင် စက္ကူလုပ်ငန်းနှင့်ဆက်စပ်သော အခြားအဖွဲ့အစည်းများသည် နိုင်ငံ့ထိပ်တန်းစီးပွားရေးပညာရှင် Dr Qaiser Bengali တို့နဲ့အတူ မြို့တော်အစ်စလမ်ဘတ်၌ ကျင်းပပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယခုလိုစက္ကူဈေးနှုန်းများ မတည်မငြိမ်ဖြစ်‌နေပါက ၂၀၂၂ စာသင်နှစ်တွင်နိုင်ငံတစ်ဝှမ်းရှိ သန်းနှင့်ချီသောကျောင်းသားများအတွက် ကျောင်းသုံး စာအုပ်ရောင်းချသူများက ပံ့ပိုးပေးနိုင်တော့မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။


လက်ရှိအချိန်တွင် ပြည်တွင်းစက္ကူဈေးသည် ၂၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး ၎င်း၏အရည်အသွေးမှာလည်း နိုင်ငံခြားထုတ်စက္ကူထက် နိမ့်ကျနေကြောင်း The News International သတင်းစာကဖော်ပြသည်။


စျေးနှုန်းတွက်ချက်မူဝါဒကို အစိုးရနှင့်ပုဂ္ဂလိက ထုတ်ဝေသူများကြားတွင် မဆုံးဖြတ်ရသေးကြောင်းနှင့်ထုတ်ဝေသူများအား ပုံသေစျေးနှုန်းဖြင့်စာရွက်ထုတ်ပေးရန် အစီစဥ်များလည်းမလုပ်ဆောင်ရသေးကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။


အခွန်မြင့်မားမှုကြောင့် ထုတ်ဝေသူများသည် ပုံနှိပ်စာအုပ်များအတွက် ပြည်ပမှတင်သွင်းသောစက္ကူများကို အသုံးမပြုနိုင်ကြောင်း Aziz မှရှင်းလင်းပြောကြားခဲ့ပြီးထိုအချက်ကြောင့်ပင် ပြည်တွင်းထုတ်ဝေသူများသည် ကျောင်းသုံးစာအုပ်အတွက်စက္ကူဝယ်ယူခြင်းကိုရပ်ပစ်လိုက်ကြသည် ဟုလည်း ပြောကြားခဲ့သည်။


ယခုလအစောပိုင်းတွင် Lahore ရှိ ကျောင်းသုံးစာအုပ်ထုတ်ဝေသူများကလည်း စက္ကူစျေးနှုန်းများမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရန်ကြေညာခဲ့ကြသည်။

Source - Wionews

Post a Comment

Previous Post Next Post