ဂျာမဏီ၌ ရုရှားမှသဘာဝဓာတ်ငွေ့တင်သွင်းမှုရပ်လိုက်ခြင်းကြောင့်ကျောက်မီးသွေးသို့ပြောင်းလဲသုံးစွဲ

ဂျာမဏီ၌ ရုရှားမှသဘာဝဓာတ်ငွေ့တင်သွင်းမှုရပ်လိုက်ခြင်းကြောင့်ကျောက်မီးသွေးသို့ပြောင်းလဲသုံးစွဲ

ရုရှားမှသဘာဝဓာတ်ငွေ့တင်သွင်းမှု ဖြတ်တောက်လိုက်ခြင်းကြောင့် နိုင်ငံတွင်းသဘာဝဓာတ်ငွေ့ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် လျှပ်စစ်ဓာတ်အား အကန့်အသတ်ဖြင့်သာထွတ်​တော့မည်ဖြစ်သည်။ထို့​ကြောင့် ​ကျောက်မီး​သွေးကို အစားထိုးသုံးစွဲကာ လျှပ်စစ်ထုတ်မည်ဟု ဂျာမဏီ၏စီးပွားရေးဝန်ကြီးကဆိုသည်။


ယခုအခါ ရုရှက စွမ်းအင်စျေးနှုန်းများကိုမြှင့်တင်လျက် အနောက်ဥရောပသို့ သဘာဝဓာတ်ငွေ့စီးဆင်းမှုကိုသိသိသာသာ လျှော့ချလိုက်သည့်အတွက်ထို​ကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။


"ဓာတ်ငွေ့သုံးစွဲမှုလျှော့ချဖို့အတွက်ဆိုရင် လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့နေရာမှာ သဘာဝဓာတ်ငွေ့လျှော့သုံးပြီးကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို အစားထိုးသုံးရပါလိမ့်မယ်" ဟု မစ္စတာ Robert Habeck ကတနင်္ဂနွေနေ့ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။


ရုရှားနိုင်ငံပိုင် Gazprom ဓာတ်ငွေ့ကုမ္ပဏီ  ကမူ Nord Stream ပိုက်လိုင်းပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေသဖြင့် ယခုကဲ့သို့ဓာတ်ငွေ့တင်ပို့မှုကို လျှော့ချလိုက်ရခြင်းဖြစ်သည်ဟုဆိုသော်လည်း ဥရောပသမဂ္ဂ၏တာဝန်ရှိသူများက ယူကရိန်းဘက်မှရပ်တည်သော မဟာမိတ်နိုင်ငံများအပေါ် ရုရှားကပညာပြခြင်းသာဖြစ်သည်ဟု ယူဆကြသည်။


သဘာဝဓာတ်ငွေ့ရည် (LNG) ကဲ့သို့သောအစားထိုးစွမ်းအင်ရင်းမြစ်များ မရမချင်း ရုရှားဓာတ်ငွေ့ကို အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်မည်ဖြစ်ကြောင်း ဂျာမန်အစိုးရက အခိုင်အမာပြောကြားထားသည်။


လွန်ခဲ့သည့်လများအတွင်း ဂျာမန်အစိုးရသည် ဥရောပဆောင်းရာသီတစ်လျှောက် ဓာတ်ငွေ့အလုံအလောက်ရရှိစေရန်အတွက် ဓာတ်ငွေ့သိုလှောင်ရုံများကို နိုဝင်ဘာလတွင် ၉၀ ရာခိုင်နှုန်းအထိ ဖြည့်သွင်းရန်စီမံဆောင်ရွက်ခဲ့သည်။


လက်ရှိတွင် သိုလှောင်မှုပမာဏ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည့် သိုလှောင်ရုံများသည် အခြားနေရာများမှ ဝယ်ယူထားသည့်ဓာတ်‌ ငွေ့များဖြင့် ရုရှားထံမှတင်ပို့နှုန်း‌လျော့နည်းမှုကို ဖြည့်ဆည်းပေးနိုင်ဆဲဖြစ်ကြောင်း Habeck က ပြောကြားခဲ့သော်လည်း ​လော​လောဆယ်အခြေအနေမှာစိုးရိမ်ရကြောင်း ၄င်းကပြောကြားခဲ့သည်။


ဂျာမဏီအစိုးရသည် ယခုလိုအခြေအနေကြောင့် နိုင်ငံသားများအား ၎င်းတို့၏စွမ်းအင်အသုံးပြုမှုကို လျှော့ချရန်မကြာသေးမီက​မေတ္တာရပ်ခံခဲ့သည်။


Source - Aljerzeera

Post a Comment

Previous Post Next Post