ခရီးသြားဧည့္သည္မ်ား လုံခြုံစိတ်ချစွာသြားလာႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး ဆိုင္ရာေဒသအဆင့္ႏွင့္ အမ်ိဳးသားအဆင့္အသိအမှတ္ျပဳ လက္မှတ္မ်ား ထုတ္ေပး‌ေန

ခရီးသြားဧည့္သည္မ်ား လုံၿခဳံစိတ္ခ်စြာသြားလာႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး ဆိုင္ရာေဒသအဆင့္ႏွင့္ အမ်ိဳးသားအဆင့္အသိအမွတ္ျပဳ လက္မွတ္မ်ား ထုတ္ေပး‌ေန
…………………………………….

ေနျပည္ေတာ္၊ ဇြန္ ၂၀

ခရီးသြားဧည့္သည္မ်ား လုံၿခဳံစိတ္ခ်စြာသြားလာႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး ဆိုင္ရာ ေဒသအဆင့္ႏွင့္ အမ်ိဳးသားအဆင့္ အသိအမွတ္ျပဳလက္မွတ္ (HSP Plaque) မ်ားကိုထုတ္ေပးလ်က္ရွိ ပါေၾကာင္း၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဌးေအာင္က ေနျပည္ ေတာ္ဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့သည္။

“ယခုအခါ ၿမိဳ႕ေတာ္ေနျပည္ေတာ္ကို GREEN CITY၊ CLEAN CITY၊ SMART CITY လမ္းၫႊန္ခ်က္ႏွင့္အညီ သန႔္ရွင္းသာယာလွပေသာ ၿမိဳေတာ္ျဖစ္ေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ရာ ဟိုတယ္မ်ားအေန ျဖင့္လည္း ၿမိဳေတာ္၏အဂၤါရပ္ႏွင့္အညီျဖစ္ေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ ခရီးသြားဧည့္သည္မ်ား ေဘးအႏၲရာယ္ ကင္းရွင္းေရးႏွင့္ လုံၿခဳံစိတ္ခ်စြာသြားလာႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္ ေဘးအႏၲရာယ္ကင္း ရွင္းေရးဆိုင္ရာ ေဒသအဆင့္ႏွင့္ အမ်ိဳးသားအဆင့္ အသိအမွတ္ျပဳလက္မွတ္ (HSP Plaque) မ်ားကိုထုတ္ေပးလ်က္ရွိေၾကာင္း၊ HSP ကိုလိုက္နာေဆာင္႐ြက္မွသာ ႏိုင္ငံတကာခရီးသြားမ်ား၏ Trust ႏွင့္ ဝန္ထမ္းမ်ားအေနျဖင့္လည္း မိမိကိုယ္ကို Confidence ရွိမည္ျဖစ္ေၾကာင္း”ဟု ျပည္ေထာင္စုဝန္ႀကီး က ေျပာသည္။

ျပည္ေထာင္စုဝန္ႀကီးက ခရီးသြားဧည့္သည္မ်ား လာေရာက္တည္းခိုေနထိုင္မႈစာရင္းဇယားမ်ားအား ေျပာင္းလဲ တိုးတက္လာေသာ နည္းစနစ္မ်ားႏွင့္အညီေဆာင္႐ြက္ႏိုင္ေရးအတြက္ ဧည့္စာရင္းစီမံခန႔္ခြဲမႈစနစ္ (Guest List Management System- GLMS) အားေဆာင္႐ြက္လ်က္ရွိရာ ဟိုတယ္(၈၆)လုံးမွ မွတ္ပုံတင္ၿပီးျဖစ္ေသာ္လည္း အမွန္တကယ္အသုံးျပဳမႈနည္းပါးေသးသည္ကို ေတြ႕ရွိရေၾကာင္း၊ ေျပာၾကားခဲ့သည္။

#PeopleMedia

(unicode)
ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာဒေသအဆင့်နှင့် အမျိုးသားအဆင့်အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနေ
…………………………………….

နေပြည်တော်၊ ဇွန် ၂၀

ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ ဒေသအဆင့်နှင့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် (HSP Plaque) များကိုထုတ်ပေးလျက်ရှိ ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နေပြည် တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

“ယခုအခါ မြို့တော်နေပြည်တော်ကို GREEN CITY၊ CLEAN CITY၊ SMART CITY လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသော မြိုတော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ရာ ဟိုတယ်များအနေ ဖြင့်လည်း မြိုတော်၏အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ ဒေသအဆင့်နှင့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် (HSP Plaque) များကိုထုတ်ပေးလျက်ရှိကြောင်း၊ HSP ကိုလိုက်နာဆောင်ရွက်မှသာ နိုင်ငံတကာခရီးသွားများ၏ Trust နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိကိုယ်ကို Confidence ရှိမည်ဖြစ်ကြောင်း”ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ခရီးသွားဧည့်သည်များ လာရောက်တည်းခိုနေထိုင်မှုစာရင်းဇယားများအား ပြောင်းလဲ တိုးတက်လာသော နည်းစနစ်များနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အားဆောင်ရွက်လျက်ရှိရာ ဟိုတယ်(၈၆)လုံးမှ မှတ်ပုံတင်ပြီးဖြစ်သော်လည်း အမှန်တကယ်အသုံးပြုမှုနည်းပါးသေးသည်ကို တွေ့ရှိရကြောင်း၊ ပြောကြားခဲ့သည်။

#PeopleMedia

Post a Comment

Previous Post Next Post