အနောက်တံခါးက တပ်လှန့်သံ


USဟာ တရုတ်ကိုပိတ်ဆို့ရေးလုပ်နေပါပြီ။

တရုတ်ရဲ့ထွက်ပေါက်အိန္ဒိယသမုဒ္ဒရာကိုပိတ်ဖို့အတွက်မြန်မာနိုင်ငံက အဓိကဖြစ်နေပါတယ်။
ဒါကြောင့် US အနေနဲ့ မြန်မာနိုင်ငံကို ကျူးကျော်ခြင်း၎င်းတို့၏သြဇာခံရုပ်သေးအစိုးရကိုတင်ပေးခြင်း
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိအောင်လုပ်ခြင်းဆိုတဲ့ နည်းလမ်းသုံးခုအနက် ပထမနည်းကိုသုံးမရလို့ ဒုတိယ နည်းနဲ့တတိယနည်းကို အသုံးပြုနေပါတယ်။

NUGနဲ့Eaosတွေကို ထောက်ပံ့နိုင်ဘို့အတွက် အိမ်နီးချင်း
နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ဘကုန်းကို USက အသုံးပြုပါ
တယ်။
ထိုင်းနိုင်ငံ
=======
US ကာကွယ်ရေးဝန်ကြီးထိုင်းကိုလာပြီး ထိုင်းစစ်တပ်ကို
အဆင့်မြှင့်ပေးမယ်ပြောပါတယ်။

ရှပ်နီအုပ်စုက US ဝန်ကြီးကို အလိုမရှိကြောင်းဆန္ဒပြပါ
တယ်။
လက်ရှိထိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ဘို့လုပ်ပါတယ်။

(နောက်ကွယ်က တရုတ်ကကြိုးကိုင်တယ်လို့သိရပါတယ်)

ပါးနပ်တဲ့ထိုင်းဝန်ကြီးချုပ်က 
မြန်မာနိုင်ငံကိုပို့မဲ့လက်နက်တွေကိုဖမ်းပေးပါတယ်။

နစကက ခန့်တဲ့ သံအမတ်ကို လက်ခံပါတယ်။

နောက်ဆုံးUS ဘက်ကို မလိုက်ဘဲကြားနေဝါဒကို ကျင့်
သုံးမယ်လို့ပြောပါတယ်။

ဒါဆိုရင် ထိုင်းကနေတဆင့် US ဟာ ကျနော်တို့ကိုဒုက္ခပေး
ဘို့ မသေချာတော့ပါဘူး။

ဘင်္ဂလားဒေရှ့်နိုင်ငံ
=============
Quad အဖွဲ့ထဲကိုဝင်ဘို့ USကဟာဆီနာကို ဆွယ်ပါတယ်။
တရုတ်ကြီးကတားထားလို့ လောလောဆယ်တော့ ဟာစီနာ
နှာစေးနေပါတယ်။

ဟာစီနာမှာ ဝန်ထုတ်ဝန်ပိုးတစ်ခုရှိပါတယ်။
မြန်မာနိုင်ငံကနေဘကုန်းကိုထွက်ပြေးလာတဲ့ ဘင်ကိစ္စပါ။

ဟာစီနာက ဘင်တွေကို ပြန်ပို့ချင်ပေမဲ့
US ၊ UN နဲ့ OIC က ပြန်မပို့ချင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဘင်တွေကို အကြောင်းပြပြီး
တပ်မတော်ကို နိုင်ငံရေးအရ ဖိအားပေးချင်လို့ပါ။

ဒါကြောင့်
သူတို့က မွေးထုတ်ထားတဲ့ ARSA အဖွဲ့ဟာ ဘင်တွေမြန်မာ
ပြည်ပြန်ဖို့ကြိုးစားဆောင်ရွက်နေတဲ့ ဘင်ခေါင်းဆောင်
မိုဟစ်အူလာကို လုပ်ကြံလိုက်ပါတယ်။

အဲ့ဒီအပြင်
ARSA အဖွဲ့ဟာ ဘူးသီးတောင်၊မောင်းတောဒေသ မငြိမ်သက်အောင်ပြန်လုပ်နေပါတယ်။

ဥပမာအားဖြင့်
မောင်းတောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့သဘောင်္လှမူလွန်
ကျောင်းက ကျောင်းအုပ်ဆရာနဲ့ဆရာမတစ်ဦးကို ပြန်ပေး
ဆွဲထားပါတယ်။

အဲ့ဒီအပြင်  ကြိမ်နီပြင်ဒုက္ခသည်စခန်းကိုသွားတဲ့ ဘင်တစ်
ယောက်ကို  ရခိုင်လူမျိုးအကြမ်းဖက်နှစ်ဦးက အကြမ်း
ဖက်တယ်ဆိုတဲ့ သတင်းကိုလည်း ထုတ်ပြန်ထားတာတွေ့
ရပါတယ်။

နောက်ပြီး
ဒုက္ခသည်စခန်းက ဘင်တွေဟာ မြန်မာပြည်ကို ပြန်ချင်
လို့ ဆန္ဒပြနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်
နေပါတယ်။

တင်ပြပါ အခြေအနေများအရ ARSA နဲ့ RSO အဖွဲ့တွေ
ဟာ ၂၀၁၆/၂၀၁၇ က အခြေအနေမျိုးကိုဖန်တီးပြီး
နယ်စပ်က လုံခြုံရေးစခန်းတွေကို အလစ်ဝင်တိုက်လာ
နိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့

US အနေနဲ့ ဘကုန်းကို အသုံးချပြီး အနောက်တံခါးကို
ထိုးဖောက်လာနိုင်တာကို တပ်မတော်က ကြိုမြင်လို့
ဒုချုပ်ကြီးကိုယ်တိုင် ရခိုင်ကိုသွားပြီး ကြည်း၊ရေ၊လေ
ပူးပေါင်း စစ်ဆင်ရေးကြီးဆင်နွဲနိုင်အောင်ဆောင်ရွက် နေတာကိုတွေ့ရပါတယ်။

ပြောချင်တာက

US ဟာ ထိုင်းကို အသုံးချနိုင်သလောက်အသုံးချပြီး
နောက်ဆုံးအနေနဲ့ ဘကုန်းကတဆင့် ကျနော်တို့နိုင်ငံ
မတည်ငြိမ်အောင် လုပ်လာနိုင်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းအုပ်ကြီးနဲ့ဆရာမ ပြန်ပေး
ဆွဲခံရတဲ့ဖြစ်စဉ်မျိုးမှာ နစက တာဝန်ရှိသူတွေအနေနဲ့
ကျွံဝင်မသွားဘို့လိုပါတယ်။

စစ်သည်အင်အား ၃၀၀၀၀ လောက်ရှိတဲ့ ၊တိုင်းမှူးကို
ကြိတ်ချင်တဲ့၊ ထွန်းမြတ်နိုင်ကပဲဖြေရှင်းတာကိုစောင့်ကြည့် သင့်ပါတယ်။

(ဆီမီးအိမ်)

Post a Comment

Previous Post Next Post