မိတ်ဆွေတို့ နေတဲ့ နိုင်ငံကို ဖျက်စီးခံနေရတာ
ဘယ်အချက်တွေနဲ့ ဆိုတာ ပြန်လည်
စစ်ဆေးကြည့်စေချင် ပါတယ်။
နိုင်ငံတစ်ခု လူ့ပတ်ဝန်းကျင် တစ်ရပ်ကို
ဖွတ်ဖွတ်ကြေအောင်ဖျက်ဆီးဖို့သည်
အခြေခံအဆင့် ၅ ဆင့်နဲ့ ပြည့်စုံဖို့ လိုပါမယ်။
အဓိက က အဲ့လူ့ဝန်းကျင်ရဲ့ သန္ဓေ ဗီဇ
ဇာတိကို ဖျက်ဆီးရတာပါ။
ပြောမယ် ဆိုရရင်
၁။ တွေးခေါ်နိုင်စွမ်း ဥာဏ်ရည်ကို ဖျက်
ရတယ်။
ကိစ္စတဆုံး မမြင်ပဲ မျက်ခုံးမွှေး တဆုံးနဲ့
ယုံတတ်သူတွေ ဖြစ်ကုန်အောင် ပုံသွင်း ယူ
ရတယ်။
စိတ်နုတဲ့ လူငယ်တွေကို ပစ်မှတ်ထား ပုံသွင်း
ယူရတယ်။
အဲ့ဒါကြောင့် GZ ဆိုတဲ့ အသံ စတင်လာတာ။
ကျောင်းကနေ အရင်စဖျက်ရတယ်။
အဓိကက ကောင်းတဲ့ ပညာရေးကို နိမ့်တယ်
ထင်လာအောင် ကိုယ်သင်နေရတာတွေက အလကားပါလို့ ထင်လာအောင်
စေတနာ အနစ်နာ မုဒိတာ/ဝါသနာ နာသုံးနာ
ဆိုတာ ဂုဏ်ဆာတာ ၊
ဂျင်းသက်သက် ထင်လာအောင် မီဒီယာနဲ့
မသိမသာ ဖြည်းဖြည်းချင်း လုပ်ယူရတယ်။
မြန်မာလိုပြောရင် နိမ့်တယ်၊
ဘိုလိုပြောတတ်လေ ဥာဏ်ရည်မြင့်လေ
ထင်အောင် ပုံသွင်းရတယ်။
(တကယ်က ဘာသာစကားနဲ့ဥာဏ်ရည် ဆိုတာ
တခြားစီ)
ပထမ မျိုးဆက်က ပေကပ်ကပ်လုပ်နေ
မှ ။
အချိန်တန် ပထမမျိုးဆက်က သေမှာလေ။
ဒုတိယမျိုးဆက်မှာ တွေးခေါ်နိုင်စွမ်း
ပျက်နေပြီ။
ဥပမာ၊ နေတော့ ပျဉ်ထောင်အိမ်
လက်ထဲ နှီးယပ်တောင်ပဲ ရှိတဲ့ ငါတို့ဟာ
နိမ့်ကျလိုက်တာ ၊
အခြားနိုင်ငံဆို တိုက်တွေ အဲကွန်းတွေ
အထင်ကြီးစရာကောင်းလိုက်တာ...
ငယ်ဘဝတည်းက ဒါမျိုးတွေးမိအောင်
ပုံသွင်းယူရတယ်။
(အမျိုးသားရေး စပျက်ရော)
၂။ ယဉ်ကျေးမှုကို ဖျက်ရတယ်။
ရိုးရာဓေလ့ ယဉ်ကျေးမှုတွေဟာ အသုံး
မဝင်တာတွေ မရောင်ရာဆီလူးတွေ၊
အနောက်ကဟာတွေကမှ လက်တွေ့ဆန်
ခေတ်မီတယ်လို့ ထင်မြင်လာအောင်
ပုံသွင်းယူရတယ်။
အချစ်ဟာ မျကိစိမပါပေမဲ့
နိုင်ငံခြားသားနဲ့ညားမှ ဂုဏ်ရှိတာမျိုး
trend ဖြစ်လာအောင် ပွဲတွေလုပ်
နိုင်ငံခြားသားရဲ့မယားတွေကို စင်တင်
ပေးရတယ်။
ပိုဥာဏ်ရှိသလို ဖြစ်အောင် high light
လုပ်ပေးရတယ်။
ဖာခံတာဟာ လူ့အခွင့်အရေး
အကုန်ချွတ်လည်း ဒါက ကိုယ်ပိုင်
လွတ်လပ်ခွင့် ဒီလို ထင်အောင် ပုံသွင်းရတယ်။
တောက်ပနေသော ဖျာသယ်တွေ ဖြစ်အောင်
စင်တင်ပေးရတယ်။
(ရှေ့မှာနမူနာ ထိုင်း)
ဒါတွေ ကြည့်ပြီး အလိုလို မိန်းမကောင်းတွေ
အားငယ်စိတ် ဝင်အောင် ပုံသွင်းရတယ်၊
ငါတို့ မိန်းမကောင်းတွေပဲ မှားနေသလား
လိုက်လုပ်ရကောင်းမလား ထင်မိတဲ့ အထိ။
အခုလက်ရှိ အနုပညာလောကမှာကြည့်လေ၊
နို့ပြ ဖင်ပြ အဖော် အချွတ်မယ် တွေက
အထင်ရှားဆုံး ဥပမာ ပါ။
၃။ အထက်က အချက် ၂ ချက်ပြီးရင်
ဒေသရဲ့ ဘာသာတရားကို စဖျက်လို့ ရပြီ။
ဘာသာရေးဦးဆောင်သူ၊ ထင်ရှားသူ၊
အဲ့ဒါတွေကို မေးစမ်းသလိုလို ဝေဖန်သလိုလို
အစချီပြီး တဖြည်းဖြည်း တိုးတိုးပြီး
အရိုအသေ တန်အောင် ပုံသွင်းရတယ်။
Troll တယ် ဟာသလုပ်တယ်၊
ပြီးရင် သံဃာ၊ သံဃာပြီးရင် ဘုရားပါ
မချန် ဝေဖန်သုံးသပ် သလိုလိုနဲ့ နောက်ဆုံး
ဒဲ့စော်ကားလို့ ရပြီ။
၁ နဲ့ ၂ မှာတင် အဲ့လူ့ပတ်ဝန်းကျင်ဟာ
အရုပ်ဖြစ်နေပြီမို့ ၃ အချက်က
ထင်သလောက် မခက်တော့ဘူးရယ်။
၄။ နိုင်ငံရေးမှာ လူပိန်းကြိုက်သူ လူကြိုက်
များသူ စင်တင်ပေးရတယ်။
ဘယ်နိုင်ငံမဆို ကြည့်လေ လူဦးရေ
အရေအတွက်မှာ လူပိန်းက ပိုများတာလေ။
လူပိန်းတွေရဲ့ အင်အားကို ယူပြီး
လူကောင်းတွေ အပေါ် ခြောက်လှန့်ပေး
ရတယ်။
၅။ အမျိုးသားရေးကို ဘယ်တော့မှ
သစ္စာမဖောက်တဲ့တပ်မတော်ကို ပြိုကွဲနိုင်
သမျှ ပြိုကွဲအောင် နည်းလမ်း အသွယ်သွယ်နဲ့
ဖြိုခွဲပေးရတယ်။
တပ်မတော်ထဲကလူကို ပေးကျွေးပြီးမွေး
ရတယ်။
ကိုယ့်လူကို ထည့်ရတယ်။
သူ့လူကို ကိုယ့်လူဖြစ်အောင် မက်လုံးပေး
စည်းရုံးရတယ်။
အကျင့်ပျက်သူတွေ အဆင်ပြေနေတာကို
ကြည့်ပြီး တပ်သားကောင်းတွေက
အားကျလာအောင် ပုံသွင်းယူရတယ်။
တပ်မတော်ရဲ့ ဦးတည်ချက်အပေါ်
ဝေဝေဝါးဝါးစိတ် ဝင်လာအောင် ပုံသွင်းယူ
ရတယ်။
ဒါက အခြေခံ ၅ ချက်။
အဲ့အခြေခံ ၅ ချက် ပြည့်စုံပြီ ဆိုတာနဲ့
အဲ့ဒီနိုင်ငံ အဲ့ဒီလူ့ပတ်ဝန်းကျင်ကို အေးဆေး ကျူးကျော်လို့ရပြီ ၊
မြေသိမ်းတိုက်ပွဲ စမလား၊
လက်ဝေခံရုပ်သေးအဖြစ်ထားမလား
အဆင်ပြေပါပြီ။
ပွဲစတာနဲ့
၁။ အရပ်ဘက်ဂျင်းထည့် လက်သပ်
မွေးထားတဲ့ လူပိန်း လူထုံတွေ ကြားထဲ
၁၀၀ ဖိုး ၃ ပုဒ် မဟုတ် ၁၀၀ ဖိုး
ကြိုက်သလောက်ယူ သူရဲကောင်းတံဆိပ်
တွေရယ် မျှော်လင့်ချက်အမှားတွေရယ်
ပဲလှော်ကြဲသလို ကြဲပေးလိုက်ရုံပါပဲ။
ဘေးကနေ ငါးကြင်းဆီနဲ့ ငါးကြင်း
ကြော်ရုံသာ။
ပေကပ်ကပ် လုပ်နေတဲ့ လူကောင်းတွေ
ကို ဂျင်းမိနေသူတွေရဲ့ အားကို ယူပြီး
အကုန်ရှင်း၊
အဲ့ကာလမှာ ကောသလမင်း အိပ်မက် ၁၆
ချက်ဟာ အသက်ဝင်နေပါပြီ။
၂။ တပ်ဘက်အလားတူပါပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
ပြီးရင် အဲ့ဒီ လူ့ဝန်းကျင်မှာ ငရဲပွက် နေတာကို
အသာထိုင်ကြည့်နေ။
ကိုယ်မွေးထားတဲ့ လူပိန်းတွေဘက်ကနေ
တစ်ချက်တစ်ချက် ဝင်ဝင် ညှောင့်ပေး။
လူကောင်းတွေကို မီဒီယာကေန ခြောက်ပေး။
အဲ့ချိန် အဲ့ဒီ လူ့ဝန်းကျင် အတွက် အမုန်းခံ
အမိုက်ခံ အသေခံ ထိန်းတဲ့ကောင်တွေ
ထိန်းနိုင်ရင်ထိန်း မထိန်းနိုင်လို့ကတော့
"ကဲ ကဲ ဘာတွေ ဖြစ်နေကြတာလဲ
ငါတို့ ဝင်ရှင်းပေးမယ်" ဘာညာ ဆိုတာ
တွေကစောင့်နေတာပါ။
မကျူးကျော်ဘူးဘဲထား၊
ကယ်တင်ရှင် ကျေးဇူးရှင်တွေ အနေနဲ့
ပြုံးပြုံးလေး ဝင်လာပြီး ပလ္လင်ပေါ် တက်
ခြေချိတ်ထိုင်ရုံရယ်။
အကွက်တွေ လှလား။
အဲ့ကစ အဲ့ဒီ နိုင်ငံ အဲ့ဒီ လူ့ဝန်းကျင်
မူလ သန္ဓေ ဗီဇ ဇာတိ ပြန်ရဖို့ ဆိုတာ
စကြာဝဠာပျက်ချိန်ထိတောင် မျှော်လင့်လို့
မရတော့တဲ့ အရာပါ။
ဒါတွေ ဘယ်ကသိလဲ ဘယ်လိုသိလဲ
မမေးပါနဲ့။
ငါနေတဲ့ နိုင်ငံကို ဖျက်ချင်ရင် အဲ့ဒီလူတွေဟာ ဦးဆုံး ဘယ်အဆင့်တွေနဲ့ စတင်မလဲ
စတင်သင့်လဲ ဘယ်နည်းလမ်းတွေ သုံးမလဲ။
အချိန်ဘယ်လောက်ယူရမလဲ။
တွေးကြည့်တတ်မယ် တွေးဖို့ သတိရမယ်ဆို မည်သူမဆို အလားတူထက်မက မြင်မှာပါ။
အမျိုးသားလုံခြုံရေး ဆိုတာ နိုင်ငံသားတိုင်း
အသိ သတိ ရှိသင့်တဲ့ ကိစ္စပါ။
ကိုယ့် ခြံစည်းရိုး ကိုယ့် security လုံမလုံ
ဆိုတာ ကိုယ်က ကျူးကျော်သူနေရာ
ကနေလည်း ဝင်ခံစားတတ်မှ။
ဖျက်ဖို့ဆိုရင်လည်း အဲ့ ၅ ဆင့်ကို ပျက်အောင်
ဖျက်ရသလို၊
လုံခြုံဖို့ ဆိုရင်လည်း အဲ့ ၅ ဆင့်ကို ဂရုစိုက်
ကာကွယ်ရပါကြောင်း ။
Credit
Post a Comment