အရာရာက အခုလိုပဲ အစက ပြန်စရဦးမယ်....

ဗိုလ်မှူးချုပ်အောင်ကြီး NLD ဥက္ကဋ္ဌ ဖြစ်တော့
ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ
ကွန်မြူနစ်တွေဝိုင်းနေတယ်ဆိုပြီးပြောတယ်။


အဲ့ဒါကို ဒေါ်စုဘေးက ကွန်မြူနစ်တွေက မခံနိုင်ဘူး
ဗိုလ်မှူးချုပ်အောင်ကြီးကို ဝိုင်းတွယ်လိုက်တာ
NLD က လစ်သွားတယ်။

ပြောချင်တာက NLD မှာ ဒီမိုကရက် အသွင်သဏ္ဍာန်ရှိတယ်
ဒါပေမယ့် သူတို့ရဲ့ အတွင်းက မသိစိတ်မှာရှိနေတာ
နှစ်ရှည်လများ ရိုက်သွင်းခံထားရတဲ့ ကွန်မြူနစ်စိတ်တွေ

မြန်မာ့တပ်မတော်က ကွန်မြူနစ်ဆိုရင်
ရွံမုန်းကို မုန်းတာ ပြည်တွင်း ကွန်မြူနစ်တွေဟာ
အမြဲတမ်း ဆိုးဝါးတဲ့ လုပ်ရပ်တွေနဲ့
နိုင်ငံဖျက်ဆီးသူတွေလို့ အတော်များများခံယူကြပါတယ်။

ဒေါ်စုနဲ့ အနီးတစ်ဝိုက်ကလူတွေ
၁၉၈၈ ခုနှစ်အရေးအခင်း ပြီးတော့ သူတို့ ခံယူချက်
သူတို့ရဲ့ အသုံး အနှုန်း အားလုံးဟာ ကွန်မြူနစ်ပဲ။

ဒါပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ သူတို့လုပ်နေတာ ဒီမိုကရေစီ
သူတို့ ကြိုးစားနေတာ ဒီမိုကရေစီလို့ မှတ်ယူတယ်။

ကျွန်တော် အကြိမ်ကြိမ်ရေးခဲ့တယ် မြန်မာနိုင်ငံမှာ
ဒီမိုကရေစီအကြောင်းပြောတဲ့ ကွန်မြူနစ်တွေ
ဒီမိုကရေစီစာအုပ်ရေးတဲ့ ကွန်မြူနစ်တွေကြောင့်
မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွေကလည်း
ကမောက်ကမဖြစ်ရတယ်။

လွဲမှာတဲ့ အယူအဆတွေကြောင့် အမုန်းတရားတွေများလာတယ်
တစ်ခုခုကို ယုံကြည်ရင် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့တဲ့အထိ
အစွန်းရောက်သွားကြတယ်။


ဒေါ်စုဟာ ကွန်မြူနစ်နယ်ရုပ် မဟုတ်ပေမယ့်
ကွန်မြူနစ်တွေကတော့ ဒေါ်စုနဲ့ NLD ကို အသုံးချပြီး
သူတို့ မဟာရန်သူတော်ကြီးဖြစ်တဲ့ 
တပ်ကို ကောင်းကောင်း ဒုက္ခပေးသွားခဲ့တယ်။

သူတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲနိုင်ခဲ့တယ်။

မြန်မာနိုင်ငံမှာ ဖြစ်တဲ့ အရေးအခင်းတွေ
အဲ့ဒီအရေးအခင်းတွေရဲ့ နောက်ကွယ်က ပုံဖော်သူတွေ
အဲ့ဒီပုံဖော်သူတွေရဲ့ ယုံကြည်ချက် ခံယူချက်တွေ
ဖြစ်လာသမျှ ပြဿနာတိုင်းကို တုန့်ပြန်ပုံတွေကို
သုံးသပ်ရင် "ရရင်ရ မရရင်ချ" တို့ 
"အာဏာမရရင် အလုံးစုံပျက်သုဉ်းရေး"ကို 
ဦးတည်အောင် လုပ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာတွေ။

အခုခေတ်မြင်နေရတဲ့ "ကျောင်းပိတ်" "ဆေးရုံပိတ်" "အလုပ်ထွက်" CDM ဝင်
အဲ့ဒါတွေမလုပ်ရင် သေးသေးလေးကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နေတာတွေက အစွန်းရောက်တဲ့ အတွေးအခေါ်တွေ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

ဒါတွေက ဘာဖြစ်လာမှာလည်းဆိုတော့ အဖြေကမရှိဘူး။
တိုင်းပြည်ပျက်အောင်လုပ်နေတာကလွဲပြီး ဘာမှမဟုတ်ဘူး။

ဒီနိုင်ငံမှာ ဒီလို ရောထွေးနေတဲ့ နိုင်ငံရေးအတွေးအခေါ်အယူအဆတွေက
တွေးခေါ်နိုင်စွမ်းတွေ၊ ရှိရင်းစွဲယဉ်ကျေးမှုတွေနဲ့ အကြောင်းအရာတစ်ခုကို
အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေ ပျောက်ဆုံးကုန်တယ်။

ဒါကို မကုစားရင် ဒီနိုင်ငံ မငြိမ်းချမ်းတော့ဘူး...
ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်။
ဒါကို ကုစားမယ်ဆိုရင် နောက်မျိုးဆက် (၂) ဆက်လောက်မှာ
အတန်အသင့်တော့ ကောင်းလာနိုင်ပေမယ့်။
ရှေ့နောက်မျှော်ပြီး နိုင်ငံရေး အလျှော့အတင်းတွေကြောင့်
နောက်ကြောင်းပြန်တဲ့ ဖြစ်စဉ်တွေရှိလာရင်။

အရာရာက အခုလိုပဲ အစက ပြန်စရဦးမယ်။

#aungmoekyaw

Post a Comment

Previous Post Next Post