ဒီနေ့ ဩဂုတ် ၈ ရက်နေ့မှာ ဝန်ကြီးချုပ်က ပြည်ထောင်စု အစိုးရအဖွဲ့တွေနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးလုပ်ခဲ့တယ်။ အဲ့ဒီထဲက သိသင့်သိထိုက်တယ်လို့ ယူဆတဲ့ အကြောင်းအရာတွေနဲ့ ကိုယ်မြင်တဲ့ အချက်လေးတွေကို ထုတ်နှုတ်ပြောပြပေးသွားမယ်။
သူပြောတဲ့ အချက်တွေထဲမှာ မဲကိစ္စပြသနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ် ပြသနာကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ခိုင်းထားတာတွေ့ရတယ်။ ပညာရေးနဲ့ပတ်သက်ရင် တချို့ကျောင်းတွေမှာ အခကြေးငွေ ကောက်ခံနေတာကို သတိပေးသွားတယ်။
နောက်တချက်ကတော့ အစိုးရအဆက်ဆက် ပစ်ပယ်ထားခဲ့တဲ့ သန်းကောင်စာရင်း အင်အားကို သူ့လက်ထက်မှာ သူကိုယ်တိုင် ဂရုစိုက်တယ်ဆိုတာ ဒီနေ့ပြောတဲ့ အစည်းအဝေးမှာ မှန်းလို့ရတယ်။ ဘာလို့ပြောနိုင်လဲဆိုတော့ အစိုးရဆိုတာ သူအကောင်အထည်ဖော်မယ့် မူဝါဒတိုင်းက ဒီသန်းခေါင်စာရင်းမှာအခြေခံရလို့ပဲ။ စာတက်မြောက်မှုကို ကြည့်ရတယ်။ အလုပ်လက်မဲ့စာရင်းတွေ ကြည့်ရတယ်။ အလုပ်လုပ်နိုင်တဲ့ လူဦးရေကို တွက်ချက်ရတယ်။ ဒီနေ့ သူပြောတဲ့ အထဲမှာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအထက်က အလုပ်လုပ်နိုင်ကြတဲ့ ပမာဏာဆိုတာ လေးကို ပြောသွားတာ တွေ့လိုက်ရလို့ပဲဖြစ်တယ်။
သူသွားချင်နေတာက အလုပ်လုပ်နိုင်တဲ့ အင်အားကိုချိန်ပြီး အလယ်တန်းနဲ့ အထက်တန်းလောက်ကို အနိမ့်ဆုံးအဆင့် တက်နိုင်အောင် ကြိုးပမ်းစေချင်နေတာတွေ့ရတယ်။ ဖွဲ့စည်းပုံမှာ မူလတန်းအဆင့်ထိကို ပညာမသင်မနေရဆိုပေမယ့် သူက KG+9 လောက်ထိ သွားစေချင်တယ်။ အဲ့ဒီကျောင်းတွေကို စိုက်ပျိုးရေး+စက်မှုနဲ့ နဲ့ချိတ်ပြီး လုပ်အားကို မြှင့်တင်ချင်နေတာလည်းတွေ့ရတယ်။
နိုင်ငံ မတည်ငြိမ်တော့ ထုတ်ကုန်ကျဆင်းနေတာကိုလည်း သူပြောတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပြသနာက ဘာလဲလို့မေးရင် ဆီစားသုံးမှု များပြားတဲ့ ကိစ္စရပ်ပဲ။ ဒါကို သူကလျော့ချချင်တယ်။ ဆီနဲ့ပတ်သက်ပြီး ပမာဏာအများကြီး ပြည်ပကနေ တင်သွင်းနေရတာကို မကြိုက်တာတွေ့ရတယ်။ ဒီတော့ သူက တနင်္သာရီမှာ ဆီအုန်းတွေကိုတိုးချဲ့ စိုက်ချင်တယ်။ ဆီထွက်သီးနှံတွေကို ပိုပြီး စိုက်ပျိုးနိုင်ဖို့ အားထားတာတွေ့ရတယ်။ ဆန်ကိုလည်း နွေ စပါး၊ မိုးစပါးနဲ့ ပတ်သက်ပြီး အထွက်နှုန်းကောင်းအောင် လုပ်ကြဖို့ မှာတာတွေ့ရတယ်။ လိုအပ်တဲ့ မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို အစိုးရပိုင်းက ဖြည့်တင်းပေးမယ်ပေါ့။ ဒီလိုပြောသွားတာတွေ့ရတယ်။
စက်သုံးဆီ ကိစ္စနဲ့ပတ်သက်ရင် နိုင်ငံတော်အနေနဲ့ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံလောက် တင်သွင်းနေရတယ်လို့ဆိုတယ်။ ပြည်တွင်းမှာ ရေနံထွက်တယ်ဆိုပေမယ့် အချိုးကျသဘောအရ ဖက်စပ်လုပ်ရတော့ အများကြီး မျှော်မှန်းနိုင်မယ်မထင်ဘူး။ ချက်ခြင်းလည်း အကျိုးအမြတ်တမ်းမရနိုင်ဘူး။ ရေနံထွက်တဲ့ ဒေသတွေမှာ လက်ယက်တွင်းတွေမဟုတ်ဘဲ စစနစ်တကျ စက်ပစ္စည်းတွေသုံးစွဲထုတ်လုပ်ရင်တော့ ထိုက်သင့်သလောက် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယူဆရတယ်။ အားကစားနဲ့ပတ်သက်ရင်တော့ အချိန်ယူပြီး စနစ်တကျ မွေးထုတ်လေ့ကျင့်ပေးဖို့နဲ့ ပြည်နယ်ဒေသအလိုက် ရေရှည် အကျိုးရှိမယ့်ကိစ္စတွေမျှော်တွေးလုပ်ဖို့ မှာတာတွေ့ရတယ်။ ဒါက အစည်းအဝေးမှာ ဝန်ကြီးချုပ်ပြောခဲ့တဲ့ အမှာစကားပေါ့။
ဝန်ကြီးချုပ်ပြောခဲ့တဲ့ အချက်တွေကို ဖတ်ရင်း ဒီအချက်လေးတွေကို စဉ်းစားမိတယ်။
(၁) ဝန်ကြီးချုပ်က ပြည်ပက စားဆီ တင်သွင်းမှုကိုလျော့ချချင်တယ်။ ဆီတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အညာဒေသမှာဆို နေကြာ၊ မြေပဲ၊နှမ်းတွေကို တိုးမြှင့်စိုက်ခိုင်းတာ တွေ့ရတယ်။ အဲ့ဒီကထွက်တဲ့ဆီတွေက အခြေခံလူတန်းစားနဲ့ ကင်းကွာတာမို့ ပိုကောင်းတာကတော့ တနင်္သာရီဘက်က မြေလွတ်မြေရိုင်းတွေမှာ မလေးကလို ဆီအုန်းတွေ စနစ်တကျ စိုက်ပျိုးတာကို ပိုလုပ်သင့်တယ်။ ဒါမှ နှစ်ကာလတစ်ခုရောက်တဲ့အခါ ပြည်ပက စာဆီမှာရတာကို လျော့ချနိုင်သွားမှာဖြစ်တယ်။
(၂) နောက်တချက်ကတော့ လျှပ်စစ်ပိုင်းကဏ္ဍ။ မြန်မာနိုင်ငံ ရဲ့ အညာဒေသတွေရဲ့ အပူချိန်က ပျှမ်းမျှ ၃၅-၄၀ ပတ်ခြာလည်ရှိတယ်။ မိုးတွင်းကာလ (၄)လရှိတဲ့ အပြင် ၁၂လလုံးစီးဆင်းနေတဲ့ မြစ်တွေလည်း ရှိတယ်။ သေချာပေါက် ဆိုလာနဲ့ မြစ်ချောင်းတွေကနေ လျှပ်စစ်ထုတ်ယူနိုင်အောင် ကြိုးစားရမယ်။
(၃)နောက်ဆုံး အချက်ကတော့ ဆန်ကိစ္စပဲ။ စားဆီမပေါလို့ စာအုန်းဆီကို ဈေးကြီး ပေး ဝယ်စားရတာ သဘာဝကျပေမယ့် မြန်မာနိုင်ငံလို ဆန်စိုက်ပျိုးမှုအများဆုံးဖြစ်တဲ့ နိုင်ငံအနေနဲ့ ကိုယ့်ပြည်တွင်းက ဆန်ကို ဈေးကြီးပေးဝယ်စားရတာမျိုးက သဘာဝ မကျဘူးလို့ မြင်မိတယ်။
#ဖိုးစီ
Post a Comment