တပ်မတော် ဘာလဲ ဘယ်လဲ ( ၁၁ )


၁၉၉၃ ဇန်နဝါရီ ၉ ရက်နေ့…..
ရန်ကုန်မြို့အလုံလမ်း သမ္မတအိမ်တော်
အစည်းအဝေးခန်းမမှာ တပ်မတော်အစိုးရ
ဦးစီးတဲ့ ကိုယ်စားလှယ်အတော်များများဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက်
အမျိုးသားညီလာခံကို ကျင်းပလျက်ရှိပါ
တယ်။
-
ဒါဟာ ရွေးကောက်ပွဲအနိူင်ရပါတီနဲ့
တပ်မတော်ကြား အာဏာချိန်းပြောင်းလွှဲ
အပ်ရေးအတွက် ဆွေးနွေးပွဲဖြစ်သလို
နိူင်ငံရေးပါတီတွေအနေနဲ့ အနာဂတ်မှာ
တပ်မတော်ရဲ့အနေအထားကို အာမခံချက်
ဘယ်လိုပေးမလဲဆိုတာ အပြန်အလှန်ညှိနှိုင်း
ကြတဲ့ပွဲလည်းဖြစ်ပါတယ်။
-
ကနဦးမှာ
ရွေးကောက်ပွဲအနိူင်ရပါတီ၊ မဲရထားသောအခြား
ပါတီကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်
နက်ကိုင် ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ပေမယ့်
ထိန်းသိမ်းခံထားရတဲ့ပါတီခေါင်းဆောင်ကို
ဇူလိုင်လအတွင်း နေအိမ်အကျယ်ချုပ်က
ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက်…
၁၉၉၅ နိူဝင်ဘာရဲ့နေ့တစ်နေ့မှာ ရွေးကောက်ပွဲ
အနိူင်ရပါတီရဲ့ ညီလာခံကိုယ်စားလှယ် ၈၆ ဦး
ဟာ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့ပါ
တယ်။
-
တပ်စကားနဲ့ပြောရရင်တော့
အခြေအနေဖန်တီးနိူင်ခွင့် ကိုယ့်ဆီမှာမရှိဘဲ
ရန်သူကို ထိုးစစ်သွားဆင်သလို ဖြစ်ခဲ့ပြီး
တပ်မတော်အစိုးရကတော့ သပိတ်မှောက်ပြီး
သုံးရက်အကြာမှာ ကိုယ်စားလှယ် ၈၆ ဦးလုံးကို
ညီလာခံက ထုတ်ပစ်လိုက်တာနဲ့ပဲ တုန့်ပြန်ခဲ့
ပါတယ်။
-
အနှစ်လေးငါးဆယ် တိုက်ပွဲတွေကြားမှာပဲ
တိုက်ရင်းခိုက်ရင်း ကြီးထွားလာပြီး၊ အရပ်ဖက်
နိူင်ငံရေးပါတီတွေကို သတိနဲ့ပဲဆက်ဆံဖို့
အကြောင်းဖန်လာတဲ့တပ်မတော်တစ်ခုအတွက်
ဒီလို သဘောထား တင်းတင်းမာမာ တုန့်ပြန်
တာဟာ သိပ်မထူးဆန်းလှပေမယ့် ပြည်သူ
အများစုထောက်ခံတဲ့၊ ပညာတတ်ခေါင်းဆောင်
အများအပြားပါဝင်တဲ့ အရပ်ဖက်နိုင်ငံရေးပါတီ
ကြီးတစ်ခုအနေနဲ့တော့ ဒီ သဘောထားတင်းမာ
လှတဲ့..ညီလာခံကို သပိတ်မှောက်တဲ့ဆုံးဖြတ်
ချက်ရဲ့အကျိုးဆက်ကို နောက်ထပ် ၁၇ နှစ်တိတိ
နင့်နေအောင်ခံရပါတော့မယ်။
-
၁၇ နှစ်အတွင်း ပါတီရဲ့အင်အားအများစုဟာ
ချိနဲ့ပြုန်းတီးသွားအောင် ချေမှုန်းခံခဲ့ရပြီး
နောင် ၁၇ နှစ်အကြာမှာလည်း ၁၉၉၅ ခုနှစ်က
ထက် ပိုမိုဆိုးရွားတဲ့အခြေအနေမျိုးကိုပဲ
အလျှော့ပေးလက်ခံခဲ့ရ ပါတော့တယ်။
-
ဒါဟာ စစ်တပ်က ၂၂ နှစ်လောက်ကြာ
အောင် နေရာယူဖြစ်သွားစေတဲ့အကြောင်း
ပေါင်းများစွာထဲက တစ်ခုလို့လည်းဆိုနိုင်
ပါတယ်။
-
အမျိုးသားညီလာခံဟာ
တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေး
ဆွဲဖို့ဆိုတဲ့ မှတ်ချက်ထက်စာရင် တပ်မတော်
အနေနဲ့ အနာဂတ်နိူင်ငံရေးခရီးမှာ သူ့ကို
အားအင်ချိနဲ့သွားအောင် မဖြိုခွဲပါဘူးဆိုတဲ့
အာမခံချက်မျိုး၊ များပြားလှတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များအားလုံးကို တပ်မတော်ရဲ့
ကွပ်ကဲမှုအောက်မှာ တစုတစည်းတည်း စနစ်
တကျထားရှိဖို့ဆိုတဲ့ကတိကဝတ်မျိုး၊ ပြည်နယ်
တွေအနေနဲ့ ဘယ်တော့မှ ခွဲမထွက်သွားပါဘူး
ဆိုတဲ့ သဘောတူညီချက်မျိုးကို ခိုင်ခိုင်မာမာ
ရချင်တာပဲ ဖြစ်နိူင်ပြီး၊ ဒီအချက်တွေ ထည့်သွင်း
ရေးဆွဲထားမယ့် နိူင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို နောက်လာမယ့်အစိုးရများက အလွယ်
တကူပြင်ပစ်လို့မရနိူင်ဖို့၊ ဥပဒေပြုလွှတ်တော်
တွင်းမှာ တပ်မတော်သားအမတ်ရာခိုင်နူန်းတစ်ခု
ကို အချိန်အတိုင်းအတာတစ်ခုအထိ ထည့်သွင်း
ထားခဲ့ဖို့ ရည်ရွယ်တာပဲဖြစ်နိူင်ပါတယ်။
-
တပ်မတော်နေရာက စဉ်းစားရင်..
သူတို့အကြိမ်ကြိမ် လှံစွပ်ထိုးသိမ်းပိုက်၊ တပ်ရင်း
လိုက် ပြုတ်လုနီးပါး ရင်းနှီးတည်ဆောက်ထားတဲ့
စခန်းတွေဟာ အနာဂတ်ကာလမှာ အာဏာရ
ပါတီက လူကြိုက်များတဲ့ငြိမ်းချမ်းရေးဆွေးနွေး
ပွဲတွေ ကျင်းပ၊ လက်ခုပ်သံတဖြောင်းဖြောင်းလျှံ
ကျ၊ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနူတ်
ဆက်၊ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရဲ့နောက်ဆက်
တွဲအဖြစ်တောင်ကုန်းပေါ်က ပြန်ဆုတ်လာတဲ့
နောက်ဆုံးစစ်သည် အောက်မရောက်ခင်
တောင်ကုန်းတဖက်က လက်နက်ကိုင်တပ်တွေက
ဝင်ရောက်နေရာယူနေတဲ့မြင်ကွင်းမျိုးကို သူတို့
အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ရပေါင်းများလှပါပြီ။
-
မအောင်မြင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
တောင်လိုပုံနေတဲ့မြန်မာပြည်မှာ စခန်းတစ်ခု
တည်းကို လေးငါးခြောက်ခါ ပြန်သိမ်းရင်း
ကျဆုံးခဲ့ရတဲ့စစ်သည်အရေအတွက်ဟာ
အဲဒီတောင်လောက်နီးပါးမြင့်နေရပြီဆိုတာ
သူတို့ဖြတ်သန်းလာတဲ့သမိုင်းက သူတို့ကို
ကောင်းကောင်းသင်ပြထားခဲ့ပြီးလည်းဖြစ်
ပါတယ်။
-
တပ်မတော်အနေနဲ့တော့ အုပ်ချုပ်ရေး
အာဏာကို ဆုပ်ကိုင်ထားလို့မရဘူးဆိုတာ
ရှင်းရှင်းလင်းလင်း နားလည်ပုံရပေမယ့်
သူတို့လိုချင်တဲ့ကတိကဝတ်မျိုး၊ သူတို့လိုချင်
တဲ့အာမခံချက်မျိုး၊ သူတို့ရပ်တည်မှုကို ခြိမ်း
ခြောက်မယ့် နိူင်ငံရေးအခင်းအကျင်းမျိုးနဲ့တော့
အာဏာကိုလွှဲပေးဖို့မဖြစ်နိူင်ဘူးဆိုတာ
တပ်မတော်အနေနဲ့ ယတိပြတ်ဆုံးဖြတ်ထားပြီး
ဖြစ်ပုံရပါတယ်။
Crd. နေရီ
#KT
အပိုင်း(၁၀)ဖတ်ရန်
https://m.facebook.com/story.php?story_fbid=pfbid02qbsejicm9dJvsyX5FcMpQuh6bp7Fsb9hTbumXpTuhQR3prg3iky3ZY3xMQPwst9ul&id=100087242456347&mibextid=Nif5oz

Post a Comment

Previous Post Next Post