CDMလုပ်လိုက်တဲ့အတွက် ဘာတွေရခဲ့လည်း နောက်ရောဘာတွေရအုံးမှာလည်း သေချာတာကတော့ ဝေဒနာတွေပဲနေမှာ


-အကြမ်းဖက် NUG အနေနဲ့ ဉပဒေမဲ့ လုပ်ရပ်တွေဖြစ်တဲ့ လူသတ်၊အကြမ်းဖက်၊ဗုံးခွဲဖျက်ဆီးစတဲ့ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ပြည်တွင်းမှာ အာဏာတည်ဆောက်ဖို့ ကြိုးစားနေတာကို ဆေက်လက်မြင်တွေ နေရပါတယ်..
-NUG ဟာဆိုရင် အစပိုင်းမှာ သတင်း မီဒီယာအင်အားကို အသုံးပြုပြီး ဝါဒဖြန့်မှုတွေ လိမ်ညာလုပ်ကြံထုတ်လွှင့်မှုတွေ၊ မက်လုံးလေးပေးစည်းရုံးမှုတွေနဲ့ နိုင်ငံဝန်းထမ်းများကို CDMပြုလုပ်လာအောင် အနုပညာရှင်များရဲ့အားကို အသုံးချကာ ဖိအားပေးရာမှ နိုင်ငံဝန်ထမ်းအချို့သည်  CDMပြုလုပ်လာကြတာကို တွေ့ရှိခဲ့ရတယ်…
-အစပိုင်းမှာ မသိသာကြသေးပေမယ့် အချိန်ကာလတွေ ကြာလာတာနဲ့အမျှ ပြည်သူတွေဟာ နေ့စဉ်လူနေမှုဘဝတွေမှာ စား/ဝတ်/နေ ရေးတို့ အတွက် အခက်အခဲတွေ ဖြစ်လာကြတယ်… အခြေခံလူတန်းစားဟာ မိမိတို့ မှုလအလုပ်တွေ ဖြစ်ကြတဲ့ကုန်သယ်/ပွဲစား/ဈေးသည် လက်လုပ်လက်စားများ/အရောင်းအဝယ်စတဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာကြတယ်  ကိုယ်ရှိမှ ကိုယ်စားရမဲ့ ဘဝတွေဆိုတော့ သူများမျှော်ကိုးနေလို့ကတော့ ငတ်သေတော့မှာဆိုတာ သဘောပေါက်လာကြတယ်….
-CDM တွေအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ အလုပ်ဆိုလို့ ၊ကိုယ်ပိုင်အလုပ်ကလည်းမရှိ အရင်းအနှီးကလည်း မရှိ... ရှိပြန်တော့လည်း ဘာမှမလုပ်တက် ဒီခေတ်ကြီးထဲမှာ ဝင်ငွေမရှိရင် မိသားစုဝင် အချင်းချင်းတောင် အနှိမ်ခံနေရတဲ့ အဖြစ်မျိုး  CDMလုပ်ကြပါ CDMတွေဟာသူရဲကောင်းတွေပါလို့ ဟစ်ကြွေးကြတဲ့ လူတချို့ကလည်း ခုချိန်မှာ CDM တွေကို မမြင်ယောင်ဆောင်နေကြသလို… CDMတွေဘာမှမပူနဲ့ ပြည်သူတွေကျွေးထား မှာဗျ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ခုချိန်မှာ ဘယ်သူမှ မှတ်မိကြတော့မယ်မထင် CDMတွေကို လစာပေးမယ် ပြောတဲ့သူတွေလည်း ဘယ်ရောက်ကုန်ကြပြီလည်း CDM တွေကို ဖျင်ယားတာကိုးလို့ မပြောရုံတမယ် ဆက်ဆံလာကြတာတွေကို တွေ့မြင်လာရတယ်…
-CDMတွေအနေနဲ့ ဝန်ထမ်းဘဝကို မင်းတို့သိပါတယ် လူချမ်းသာ လူဆင်းရဲ အလွှာပေါင်းစုံကပေါက်ဖွားလာတာဖြစ်ကြတဲ့အတွက် မိမိဘဝကို သိရှိနားလည်းကြပါ CDMက ဘဝလည်းမဟုတ်ဘူး သမိုင်းလည်းမဟုတ်သလို နောင်လာနောင်သားတွေရဲ့ မြန်မာစာပေမှာလည်း ပါလာမှာမဟုတ်ဘူး CDMပြုလုပ်ပြီး ကိုယ်ကိုတိုင် စိတ်မလုံတဲ့အတွက် တချို့ဆို အိမ်မှာတောင်မနေရဲ ပတ်ပြေးနေရတယ် CDMလုပ်လိုက်တဲ့အတွက် ဘာတွေရခဲ့လည်း နောက်ရောဘာတွေရအုံးမှာလည်း သေချာတာကတော့ ဝေဒနာတွေပဲနေမှာ…
#OoMin

Post a Comment

Previous Post Next Post